မြေပြန့်သူလေး
~~~~~~~~~~~
Part - 39
~~~~~~~
" ကိုကို မမနန်းသွေးချယ်က ဒီနေ့ညနေပဲလက်ထပ်တော့မှာဆို "အလောတကြီးနဲ့သူ့အခန်းထဲပြေးဝင်လာပြီးမေးလာတဲ့ ကလေးကြောင့် သူလည်းခဏလောက်ကြောင်သွားပေမယ့် ပြီးမှခေါင်းညိတ်ပြလိုက်သည်
" ညနေ ကန်တော်ကြီးမှာ မင်္ဂလာဆောင်မှာကလေး "
" ခုနက မမနန်းသွေးချယ်က ကလေးကိုလှမ်းဖိတ်လို့ "
" ကိုကို့ကိုလည်းပြောထားသေးတယ် ကလေးကိုပါခေါ်လာခဲ့ဖို့ "
" ဒါပေမယ့် ရုတ်တရက်ကြီးနော်လက်ထပ်တာက "
" မိဘတွေသဘောတူလို့ယူလိုက်ကြတာ
သူတို့နှစ်ဦးက လွန်ခဲ့တဲ့ ၅ရက်ကလည်းရှမ်းပြည်မှာပွဲလုပ်ပြီးပြီ အခုသူ့ရဲ့အမျိုးသားကရန်ကုန်ကဆိုတော့ ရန်ကုန်မှာပွဲတစ်ပွဲထပ်လုပ်ကြတာ "" တောင်ပေါ်ကလူတွေကလည်း မြေပြန့်ကလူတွေနဲ့ပဲဖူးစာပါတာလားမသိဘူးနော်ကိုကို "
" ဟုတ်ပါ့ဗျာ ကိုကိုဆိုလည်း ဒီကမြေပြန့်သူလေးဆီမှာကျရှုံးသွားတာပဲလေ "
အပြုံးလေးနဲ့ဆိုလာတဲ့ကိုကို့ကြောင့် မျက်ဝန်းမှာ ရှက်သွေးဖြာသွားရသည်
" ဒါ ဒါဆိုသွားတော့မယ် ဟိုမှာယသုံကလည်း
ကြည့်နေပြီ "အတွင်းရေးမှူးနေရာနဲ့ကိုကို့နေရာနဲ့က မှန်ပဲကာထားတာမို့ လှမ်းကြည့်ရင်မြင်နေရသည်
ဒါပေမယ့် ဧည့်သည်လာရင်တော့ ကိုကိုက လိုက်ကာနဲ့ကာထားတတ်သည်
" မင်္ဂလာပွဲက ၅နာရီဆိုတော့ ကိုကို ကလေးကို ၃နာရီလောက် အလှပြင်တဲ့ဆီပို့ပေးမယ်နော် "
" ဟုတ် "
မျက်ဝန်းမှာပြောပြီးတာနဲ့တန်းထွက်လာခဲ့ရသည်
မဟုတ်ရင် ယသုံဝင့်ရည်မျက်လုံးကြီးက အထဲကိုရောက်လာတော့မည်" နင်နဲ့ ဥက္ကဌနဲ့ဘာတွေပြောနေကြတာလဲ "
နေရာကိုပြန်ရောက်ရောက်ချင်းအမေးခံရတာက ထိုသို့ပင်
" စာရင်းကိစ္စတွေလေ "
" သြော် ဥက္ကဌကပြုံးနေလို့ "