မြေပြန့်သူလေး
--------------------
Part - 22
-------------
" ရဝေ ခုနကကောင်မလေးက ဘယ်သူလဲ "" စာရင်းဌာနကပါ မနန်း "
" ဘယ်အထပ်လဲ "
" ၈ထပ်မှာပါ "
" အိုခေ "
ရဝေလည်း ဆေးမိနေတဲ့သူလို မနန်းမေးသမျှကို တစ်ခွန်းမကျန်အကုန်ဖြေလိုက်သည်
အဲ့လောက်တောင် မနန်းရဲ့အလှက သူ့ကိုဆွဲဆောင်၏
သွေးကတော့ ချက်ချင်းဆိုသလိုပဲ ၈ထပ်မြှောက်ကိုသွားလိုက်သည်
" ဟဲ့ ဟဲ့ Reception ကပြောတာက ဒီအမထင်တယ် "
" အေး ငါလည်းအဲ့လိုပဲထင်တယ် ဂါဝန်အဝါရောင်ဝတ်ထားပြီး အရပ်လည်းရှည်တယ်ဆိုတော့ မမှားလောက်ပါဘူး "
သွေးကတော့ စကားသံတွေကိုလျစ်လျူရှုစွာ ကောင်မလေးကိုသာလိုက်ရှာနေမိသည်
ကြားရတဲ့သတင်းတွေအရဆို ခွန်းရဲ့ကောင်မလေးပဲနေမှာ
သိပ်ပြီးအကြာကြီးမရှာလိုက်ရပါ အခန်းတစ်ခုထဲမှာ စာရင်းတွေလုပ်နေတဲ့ ကောင်မလေးကိုတွေ့လိုက်ရသည်
ဒီကအခန်းတွေက မှန်နဲ့ပဲကာထားတာမို့ ဘာလုပ်လုပ်ရှင်းရှင်းလင်းလင်းမြင်ရသည် meeting ရှိမှသာ လိုက်ကာ ဆွဲချလိုက်တာဖြစ်သည်
သွေးလည်း အနှီကောင်မလေးကို ခဏလောက်စူးစိုက်ကြည့်ပြီးတာနဲ့ထွက်လာခဲ့လိုက်သည်
"' အင်း....ငါ့ဘက်က သေချာအောင်စုံစမ်းဦးမှ '''
" မျက်ဝန်း ခုနကနင့်ကို အမတစ်ယောက်က
ကြည့်သွားတာသိလား "မျက်ဝန်းလည်း စာရင်းတွေလုပ်နေရာကနေ စကားလာပြောတာမို့ မော့ကြည့်လိုက်ရသည်
" ဘယ်အမလဲ "
" မသိဘူးဟ reception ကတော့ CEO ကောင်မလေးလို့ပြောတာပဲ "
" ဘာ "
မျက်ဝန်းအသံကျယ်သွားလို့ထင်ပါရဲ့ သူမတို့ ၈လွှာကလူတွေအကုန်လုံး သူမကိုလှည့်ကြည့်လာလေသည်
" အမ် ဆော ဆောရီး
မျက်ဝန်း toilet သွားချင်လာလို့ အဟီး "သူမလည်း နေရာကနေအမြန်ထွက်လာပြီး ၁၀ထပ်ကိုသွားဖို့ပြင်လိုက်သည်