မြေပြန့်သူလေး (ဇာတ်သိမ်းပိုင်း)
~~~~~~~~~~~
Part - 65
~~~~~~~
" ညီလေးကောင်းမြတ် ကလေးတွေကိုခဏထိန်းပေးဦးကွာ "" ရတယ်အကို ကျွန်တော်ကြည့်ထားပေးမယ် "
" ကျေးဇူးကွာ ငါ့ညီ "
ခွန်းရယ် ဝဠာရယ် အာကာရယ်က မီးဖိုချောင်ထဲမှာ ၃ယောက်သားအလုပ်ရှုပ်နေကြပြီး ကောင်းမြတ်သူနဲ့ဝလ္လာကတော့ ကလေးပိစိလေး ၃ယောက်နဲ့အတူ ကာကာလေးနဲ့ချယ်လေးကိုပါ ထိန်းနေရသည်
အမျိုးသမီး ၃ယောက်က မနက်ကတည်းကရွာထဲသွားတာ ညနေလောက်မှပြန်လာမည်ဆို၍ သူတို့မှာ ကလေးတွေအတွက်ရော သူတို့အတွက်ပါ နေ့လည်စာချက်နေရသည်
ပိစိလေး ၃ယောက်က တအားဆိုးတာမို့ ကောင်းမြတ်သူနဲ့ဝလ္လာမှာလည်းထိန်းလို့မနိုင်ပေ
ဒါကြောင့် သူတို့အနောက်က ၃ယောက်မှာလည်း အားရင်အားသလို ကလေးပြေးထိန်းရသည်စဝ်ခွန်မှိုင်းခကတော့ ဒီနေ့ကသူ့မွေးနေ့ဆိုတာ မေ့ချင်သလိုလိုတောင်ဖြစ်နေလေပြီ
" ဒယ်ဒီ ဗိုက်ဆာလာပြီ "
အလင်္ကာလေးက မီးဖိုခန်းထဲဝင်လာကာ ဗိုက်လေးကိုပွတ်ပြီး စူပုတ်ပုတ်လေးပြောလာလေသည်
" အင်း မီးလေး နောက်ထပ် ၅မိနစ်ဆိုပြီးပြီနော် "
" ဟုတ် "
" ကာကာလေး ခဏနေရင် ကာကာလေးကြိုက်တဲ့ ပုစွန်ကျွေးမယ်နော် "
" ဟုတ် အန်သယ်စိုင်း "
" အကို ကလေးကို နို့ချောင်းလေးကျွေးထားရမလား "
" မကျွေးနဲ့တော့ ဝလ္လာ ထမင်းစားချိန်ကျ အများကြီးမစားနိုင်ဘဲနေလိမ့်မယ် "
" ဟုတ်ကဲ့ အကို "
ဝလ္လာလည်း ဟင်းတွေကမကြာခင်ကျက်တော့မှာမို့ အေပရွန်ကိုချွတ်ကာ လက်သေချာဆေးပြီး ထမင်းစားပွဲကိုပြင်လိုက်သည်
ကာကာလေးကိုတော့ သူမလေးရဲ့ထိုင်ခုံပေါ်မှာတင်ပေးထားလိုက်သည်
အရှေ့ကအဖွဲ့တွေကတော့ ဆူညံနေလို့ပါပဲ
" ကလေးတွေ ထမင်းစားလို့ရပြီ လာကြတော့ "