မြေပြန့်သူလေး
~~~~~~~~~~~
Part - 64
~~~~~~~
" ဟင် ဒါဆို သင်္ဂဟကျေးရွာကိုသွားကြမှာပေါ့နော် "" ဟုတ်တယ် သမီးငယ် ဒီလက အလျှူအတန်းလုပ်မယ့်လလေ တိုက်ဆိုင်သွားတာပေါ့ ပြီးတော့နောက်တစ်ရက်ဆိုသားရဲ့မွေးနေ့လည်းရှိတော့ အလျှူအတန်းကိုအရင်ကထက်ပိုလုပ်မလို့ "
" ကောင်းတယ်မေမေ သမီးလည်းသဘောကျတယ် ပြီးတော့သင်္ဂဟကိုလည်းမရောက်တာကြာပြီ "
" မေမေတို့ မနက် ၃နာရီလောက်စပြီးထွက်ကြမှာ သမီး "
" ဟုတ် မေမေ ဒါဆိုအဆင်သင့်ပြင်ထားလိုက်တော့မယ် "
" အန်တီ သမီးတို့တွေလည်းလိုက်မှာနော် "
" လိုက်ခဲ့ပါကွယ် အကုန်လုံးကိုခေါ်ပါတယ် "
" ဟီး....ဟုတ် အန်တီ မျက်ဝန်းကတော့အဲ့ရွာကပြန်လာတုန်းက ရွာကဘယ်လောက်လှကြောင်း ရှုခင်းတွေကလည်းဘယ်လိုသာယာကြောင်း ရွာသူ၊ ရွာသားတွေကလည်းဘယ်လိုဖော်ရွေကြောင်း ပြောတာများစုံစလွမ်စိနေတာပဲ "
" ဟုတ်တယ် အမဒေဝီရေ အဲ့ကလေးမပေါ့ ကြွားတာ ကြွားတာဆိုတာ ခင်တို့လူကြီးတွေတောင် အငြိမ်မနေရဘူး "
" ဟွန့်နော် သားအမိနှစ်ယောက်ပေါင်းပြီး လူကိုဖဲ့နေတာ "
ချွေးမငယ်လေးက စူပုတ်ပုတ်လေးပြောနေပေ
မယ့် ချစ်ဖို့ကောင်းနေဆဲမို့ သဘောကျသွားရသည်" မမအမရာရော မေမေ "
" အပေါ်ထပ်မှာ ချယ်လေးနဲ့အတူတူပစ္စည်းတွေထည့်နေလေရဲ့ အလင်္ကာလေးရောရှိတယ် "
" ဟုတ်....မေကြီး ဒါနဲ့ ဖေကြီးနဲ့ဦးလေးကြီးတစ်သိုက်ရော "
" သမီးအဖေနဲ့ဦးလေးကြီးတွေက သင်္ဂဟကျေးရွာကို ပစ္စည်းပို့တဲ့ကားနဲ့အတူတူလိုက်သွားကြလေရဲ့ "
" အိုမို သိပ်ကိုတက်ကြွနေကြတာပဲ "
" အဟင်း ဟုတ်ပါ့ကွယ် အိမ်ကလူကြီးကိုစဝ်လွန်းခက ဦးဆောင်ပြီးခေါ်သွားလေရဲ့ "
" အကုန်လုံးတက်ကြွနေကြတာလူငယ်လေးတွေအတိုင်းပဲ "
" သမီးတို့လည်း ပြင်စရာရှိတာပြင်ကြတော့လေ "