မြေပြန့်သူလေး
-------------------
Part - 13
-------------
" ဟဲ့ သူကအသားကိုဖြူဖွေးနေတာပဲ နင်နဲ့ခြားနားလိုက်တာ "" ဒါတော့ ငါလည်းထောက်ခံတယ် "
အာကာဇော်ကပြောလိုက်တော့ ကျန်တဲ့ ၂ယောက်ကပါ ထောက်ခံကြသည်
" ဟင်း....ဒါဆို ဘယ်လိုလုပ်ရမှာလဲ
Lotion ကရောဘာသုံးရင်ကောင်းမလဲ "" နနွင်းလိမ်းပါလား အဲ့ဒါက အသားဖြူမြန်တယ်ပြောကြတာပဲ "
" ဟုတ်လို့လားဟ "
" ရှေးလူကြီးတွေကတော့ပြောကြတာပဲ "
" လုပ်လိုက်မျက်ဝန်း
စုစု မီးဖိုခန်းထဲမှာ နနွင်းမှုန့်နဲ့ ရေနဲ့ယူခဲ့လိုက် "" ဟ တကယ်ကြီးလုပ်မို့လား "
" နင်အသားမဖြူချင်ဘူးလား "
" ဖြူတာတော့ ဖြူချင်တယ်လေ "
" ဒါဆို လုပ်လိုက်တော့ "
" ဒါဆို ငါသွားယူပြီနော် "
" သွားသွား "
ကောင်းမြတ်သူနဲ့ ဝလ္လာကတော့ ကောင်းသည်လည်းမပြော ဆိုးသည်လည်းမပြောဘဲ သူတို့ ၃ယောက်ကိုပဲ ကြည့်နေလိုက်သည်
အာကာဇော်က management လုပ်ပေးနေတာ မသိရင်သူကပဲ ကျွမ်းကျင်တဲ့ပုံစံလိုလို ဘာလိုလိုနဲ့
" ရပြီ ငါရေနဲ့ရောလိုက်မယ်နော် "
" ပျစ်ပျစ်လေးလုပ်ရမယ်ထင်တာပဲ "
" အေး ငါလည်းကြားဖူးသလိုလိုပဲ "
" မသိဘူးဟေ့ လုပ်တာတော့လုပ်လိုက်ပြီ "
" ကဲ မျက်ဝန်း စလုပ်ပြီနော်
ကောင်းမြတ်နဲ့ ဝလ္လာ အကျီလက် လာကိုင်ပေးဦး"သူတို့ ၂ယောက်ကိုလည်း ခေါ်ခိုင်းနေတဲ့စုစုကြောင့် သွားလိုက်ရသည်
ပြီးတာနဲ့ စုစုနဲ့အာကာက တစ်ယောက်တစ်ဖက်စီလက်ကို နနွင်းတွေလိမ်းပေးလိုက်သည် လည်ပင်းတစ်ဝိုက်ကိုရောပဲ
" ခြောက်အောင်ထိနေရမှာနော် မျက်ဝန်း "
" အေးအေး စုစု
ဗိုက်ဆာပြီဟ ဝလ္လာ နင့်အိမ်မှာဘာရှိလဲ "" ဘာမှမရှိဘူး ငတ်ကြီးကျမယ်မကြံနဲ့ "
" ယုံစရာလား မျက်ဝန်းထ သွားရှာကြမယ် "