မြေပြန့်သူလေး
~~~~~~~~~~~
Part - 34
~~~~~~~
" ဦးဦး "" ပြောလေ ချယ်လေး "
" မီးမီး ရန်ကုန်ကိုလာချင်တယ် တီလေးနဲ့လည်းတွေ့ချင်တယ် "
" ရန်ကုန်ကပူတယ်ချယ်လေးရဲ့ ချယ်လေးနေနိုင်မှာမဟုတ်ဘူးနော် "
" ရအောင်နေမှာပေါ့ ဦးဦးကလည်း မေမေနဲ့ဖေဖေကလည်း ဦးဦးကခွင့်ပြုရင်သွားနေတဲ့ "
ခွန်းလည်း တစ်ချက်တွေးလိုက်တော့ အကြံကောင်းရလာတာနဲ့
" အင်း ဒါဆို ချယ်လေးလာခဲ့လေ "
" ဦးဦးတကယ်နော် နောက်မှစိတ်မပြောင်းရဘူးနော် promise "
" ဟုတ်ပါပြီ ဦးဦးကတိပေးတယ် promise နော်"
" ရေး...... "
ချယ်လေးကတော့ပျော်သွားလို့ထင်ပါရဲ့ ချက်ချင်းလက်ငင်းကို သူ့အဖေဆီဖုန်းသွားပေးလေသည်
" ခွန်း ချယ်လေးကိုလာလည်ခိုင်းတယ်ဆို "
" ချယ်လေးကလာချင်နေတာလေ အကိုရဲ့
ပြီးတော့ချယ်လေးလည်း ရန်ကုန်ကိုတစ်ခါမှမရောက်ဖူးသေးဘူးမလား "" လာလည်တာက ပြသနာမရှိပေမယ့် အကိုတို့က ရန်ကုန်မှာချယ်လေးနဲ့နေပေးနိုင်မှာမဟုတ်ဘူး မေမေနဲ့ဖေဖေကလည်း ဒီရာသီကလက်ဖက်ရာသီဆိုတော့ လာလို့ရမှာမဟုတ်ဘူး ခွန်း
မင်းတစ်ယောက်ပဲ ချယ်လေးကိုထိန်းရမှာ "" အာ ရပါတယ်အကိုဗျ ချယ်လေးက နေတတ်ထိုင်တတ်ပါတယ် ပြီးတော့ဒီမှာလည်း သူ့တီလေးရှိနေတာပဲ "
" မင်းတို့ ၂ယောက် အဆင်ပြေသွားကြပြီလား "
" မပြေသေးဘူး အကို
ဒါကြောင့် ချယ်လေးကိုခေါ်လိုက်တာ "" အော် အော် စဝ်ခွန်မှိုင်းခ လက်စသတ်တော့ မင်းကငါ့သမီးကို အောင်သွယ်တော်လုပ်ခိုင်းမလို့ပဲ ရေငတ်တုန်းရေတွင်းထဲကျသလိုပဲ မင်းအဖြစ်က "
" ဒါကတော့ ကံတရားက ကျွန်တော့်ကိုမျက်နှာသာပေးတာလေဗျာ "
" မင်းနဲ့ ရန်ကုန်ရောက်မှတွေ့မယ် "
" အဟား ဟုတ်ပါပြီဗျ
အကိုတို့ ဘယ်နေ့လာကြမလဲ "" မနက်ဖြန် မနက်ပိုင်းပဲ စထွက်လာမယ် ခွန်း
သမီးက အခုကတည်းကအဝတ်အစားတွေပြင်နေပြီဆိုတော့ မနက်ဖြန်မှသူ့ကိုလိုက်မပို့ရင် ကောက်နေလိမ့်မယ် "
![](https://img.wattpad.com/cover/352506804-288-k287791.jpg)