မြေပြန့်သူလေး
-------------------
Part - 17
------------
" အမ်း....ဒါ ငါ့ ငါ့ချစ်သူ "" ဘာ ချစ်သူ ဟုတ်လား "
ဟိုအဖွဲ့ကလူတွေအသံကြောင့် သူတို့ ၃ယောက်လည်း ထပ်ပြီးလန့်ရပြန်သည်
" ဘယ်တုန်းက ဖြစ်ကြတာလဲ "
" ဆွစ်ဇာလန်မှာတုန်းက "
အာကာ့အမေးကို မျက်ဝန်းမှာဖြေလိုက်ရသည်
" နင်နော် ငါတို့ကိုလျှိုထားတာ "
" မဟုတ်ပါဘူး စုရယ် ငါကပြောဖို့ကစောသေးတယ်ထင်လို့ "
" ဟုတ်တယ် မကြီးက အကျင့်မကောင်းဘူး သမီးကျ သမီးကြိုက်နေတဲ့လူဆို မကြီးကိုအကုန်ပြောပြတယ် "
" နှောင်းရယ် နင်ကတစ်မျိုး "
" မျက်ဝန်းနော် ကိုကြီးတောင်အခုထိရည်းစားမထားသေးတာကို "
" အဲ့ဒါက ကိုကြီးကိုကြိုက်မဲ့သူမှမရှိတာ "
" ခွီး "
" ခိခိ "
မျက်ဝန်းအပြောကို အာကာတို့တွေလည်း ရယ်လိုက်ကြသည်
" ဟို ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ "
ခွန်းကထိုသို့ပြောတော့ လှည့်ကြည့်လာတဲ့လူများကြောင့် သူလည်းပြောဖို့စတင်လိုက်သည်
" ကျွန်တော့်နာမည်က စဝ်ခွန်မှိုင်းခ ပါဗျ
မျက်ဝန်းနဲ့ Company အတူတူပါပဲ "" အကို့ကိုကျွန်တော်တို့သိပြီးသားပါ မျက်ပြူးမက ပြောလွန်းနေလို့ "
" ဟင် "
" ဘာမှမဟုတ်ဘူးနော် ကိုကို သူတို့လျှောက်ပြောနေတာ "
မျက်ဝန်းလည်း ဟိုလူတွေကိုအံကြိတ်ပြလိုက်တယ် အရမ်းအာချောင်တဲ့ဟာတွေ
" ကျွန်တော်တို့ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီကလူတွေကို ညစာလိုက်ကျွေးပါရစေ "
" ဟင် "
" တကယ်ကြီးလား "
" ဝိုး.....မိုက်တယ် "
အကုန်လုံးထံမှ အသံမျိုးစုံထွက်လာကြပြီး
မျက်ဝန်းကတော့ သဒ္ဓါတရားတွေပိုနေတဲ့လူကြီးကြောင့် မျက်စောင်းထိုးလိုက်သည်