မြေပြန့်သူလေး
~~~~~~~~~~~
Part - 38
~~~~~~~
"ငါ့ကိုကိုကနောက်ဆိုအလုပ်တွေပိုများတော့မှာ"" ဘာလို့လဲ "
" ဟွန့် အရင်ဥက္ကဌဟောင်းကြီးပေါ့ ငါ့ကိုကို ကို ဥက္ကဌ ခန့်လိုက်တာလေ "
သူ့ကလေးက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမကျေမနပ်ဖြစ်နေပုံရ၏
" ဒါကောင်းတဲ့ကိစ္စပဲကို နင်ကဘာလို့စူပုတ်နေရတာလဲ "
" နင်တို့အမြင်မှာကောင်းပေမယ့် ငါ့အတွက်တော့မကောင်းဘူး "
စူပုတ်ပုတ်လေးဖြစ်လာတဲ့မျက်နှာလေးကြောင့် ခွန်းမှာကလေးရဲ့လက်လေးကိုဆုပ်ကိုင်ပြီး ဖွဖွလေးပွတ်သပ်ပေးနေမိသည်
" ဒီလိုပါ အကိုကသူ့ကိုအချိန်မပေးနိုင်မှာကို စိုးရိမ်နေတာ "
အကိုစဝ်ခွန်မှိုင်းခဝင်ပြောမှ စုစုတို့ ၄ယောက်မှာနားလည်သွားရသည်
အခုက စုစုရဲ့ကိုကြီး Company ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ သူမတို့တစ်အုပ်စုလုံးကို ညစာလိုက်ကျွေးနေခြင်းပင်
" ကလေးရဲ့ညီလေးက ၁၀တန်းအောင်သွားပြီမလား "
" ဟုတ် အကိုခွန်း "
" အမှတ်ကရော ဘယ်လောက်ရလဲ ညီလေး "
" 494 ပါ "
" အမှတ်များသားပဲ ဘာကျောင်းတက်ဖို့စဥ်းစားထားလဲ ညီလေး "
" ကျွန်တော်မဆုံးဖြတ်ရသေးဘူး "
" ဟုတ်တယ် ကိုကို
သားသားကအခုထိသူလုပ်ချင်တာဘာမှန်း သူမသိသေးဘူး "" ကလေးကရော ညီလေးကို ဘာဖြစ်စေချင်တာလဲ "
" ကလေးကတော့ သူတကယ်စိတ်ဝင်စားတဲ့အရာဆို အနောက်ကထောက်ပံ့ပေးဖို့အသင့်ပဲ "
" ဟုတ်တယ် အကိုခွန်း မျက်ဝန်းတင်မကဘူး ကျွန်တော်တို့ကပါ နေမင်းညိုကို ထောက်ပံ့ပေးသွားမှာ "
ကောင်းမြတ်သူအပြောကြောင့် သူတို့ ၅ယောက်အပါအဝင် နေမင်းညိုနဲ့မေနှောင်းညိုလည်း ပြုံးမိသွားသည်
" မင်းက အချစ်ခံလေးပဲကွ "
" အဟီး ကျွန်တော်က အငယ်ဆုံးဆိုတော့အကုန်လုံးက အလိုလိုက်ကြတယ် "