မြေပြန့်သူလေး
~~~~~~~~~~~
Part - 61
~~~~~~~
" မမကြီး သား မမကြီးကိုပြောစရာရှိတယ် "" ပြောလေ သားသား "
" သား ချစ်သူရနေပြီ "
" ကောင်းတာပေါ့ ကောင်မလေးကနိုင်ငံခြားသူလေးပဲလား "
" မဟုတ်ဘူး မမကြီး "
" ဒါဆို မြန်မာမလေးပေါ့ "
" မဟုတ် မဟုတ်သေးဘူး "
" ဟော ဒါဆိုဘယ်သူလဲ "
" သူ ..... သူ "
" ဘယ်လို "
ဘေးနားမှာရှိတဲ့ CEO စိုင်းဇွဲရှိန်ကို လက်ညှိုးထိုးပြတာမို့ မျက်ဝန်းမှာခဏလောက်ကြောင်သွားမိသည်
မျက်ဝန်းတင်မက စဝ်ခွန်မှိုင်းခလည်း မျက်ခုံးပင့်မိသွားသည်
" မမကြီး သားတို့ကိုသဘောမတူလို့လား "
" ဟမ် မ...မဟုတ်.... "
" ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကအတင်းအကျပ် သူ့ဆီကအဖြေတောင်းမိတာပါ "
" မဟုတ်ပါဘူး ကိုကိုကလည်း ကျွန်တော်လည်း ကိုကို့အပေါ်စိတ်ရှိနေလို့ပါ "
အရှေ့က ၂ယောက်က တစ်ယောက်ကိုတစ်ယောက်ကာပေးနေကြတာမို့ မျက်ဝန်းမှာဘာပြောလို့ပြောရမှန်းကိုမသိတော့လို့ ကိုကို့ဆီကို
လှည့်ကြည့်လိုက်ရသည်ကိုကိုကလည်းအလိုက်သိစွာ သူမအနားကိုသားလေးကိုချီပြီးရောက်လာလေသည်
" ကလေးကကြောင်မနေနဲ့လေ သူတို့ကိုတစ်ခုခုတော့ပြောဦးပေါ့.... နော် "
ကိုကိုက သူမခေါင်းလေးကိုပုတ်ပြီးပြောလာတာမို့ မျက်ဝန်းလည်းခေါင်းညိတ်ပြလိုက်သည်
" အဟမ်း.....မကြီးကတော့နှစ်ယောက်လုံးကို
ကန့်ကွက်စရာမရှိပါဘူး "" တကယ် တကယ်နော်မမကြီး "
" အင်းအင်း...ဒါပေမယ့် မေကြီးနဲ့ဖေကြီးသိရင်တော့ ငါလည်းမပြောတတ်ဘူး "
" ကျွန်တော်တို့ ကြိုးစားမှာပါ အကုန်လုံးလက်ခံအောင် "
" အင်းပါအင်းပါ သဘောပါပဲ "
" ကျေးဇူးတင်ပါတယ်ဗျ "
" မကြီးကိုအရမ်းချစ်တာပဲ "