မြေပြန့်သူလေး
-------------------
Part - 6
-----------
" မမ ဟိုးဘက်အစွန်မှာထိုင်နေတဲ့ မျက်မှန်နဲ့လူကိုသိလား "မျက်ဝန်းပြတဲ့လူကိုကြည့်လိုက်တော့ သူမလည်းတစ်ခါမှမတွေ့ဖူးတဲ့လူပင်
" မသိဘူး မျက်ဝန်းရဲ့ ဘာဖြစ်လို့လဲ "
" ဟင် ဘာမှမဟုတ်ပါဘူး "
" ဟုတ်ပါပြီ လက်ဖက်သုတ်စားလေ မမတို့လက်ဖက်က အရမ်းနူးညံ့တော့ စားလို့အကောင်းဆုံးပဲ "
" ဟုတ် "
" နောင့်ဆောင် ဟင်းထုပ် စားဦးနော် ကြက်သားနဲ့လုပ်ထားတာ "
( နောင့်ဆောင်က ရှမ်းလို ညီမလေးလို့ ပြောတာပါနော် )
မျက်ဝန်းလည်း ဟင်းထုပ်က ဘာမှန်းမသိပေမဲ့ ငှက်ပျောရွက်တွေနဲ့ထုပ်ထားတဲ့အရာကို လှမ်းယူလိုက်တယ်
" စားကြည့် မျက်ဝန်း အရမ်းစားလို့ကောင်းတာ ဂျူးမြစ်နဲ့တွဲစား ငရုတ်သီးကြော်လည်းရှိတယ် "
မျက်ဝန်းလည်း စားကြည့်လိုက်တော့ အရသာက တော်တော်ကောင်းသည်လို့ဆိုရမည်
" မမ ဒါဘယ်လိုလုပ်ရတာလဲဟင် စားလို့ကောင်းတယ် "
" လွယ်ပါတယ် မျက်ဝန်းရဲ့ ကြက်သွန်မြိတ်ကို ရေဆေးပြီး လက်တစ်ဆစ်လောက်ဖြတ်ထားရမယ်
ပြီးရင် ကြက်သွန်မြိတ် ၊ ဆန်မှုန့် ၊ ကော်မှုန့် ၊ ဆီ ၊ ကြက်သွန်ဖြူထောင်းထားတဲ့ဟာ ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ နနွင်းမှုန့်အနည်းငယ်ကို ဇလုံတစ်ခုထဲထည့် ပြီးရင် ရေအနေတော်လောက်ထည့်ပြီး သေချာနယ်ပေးလိုက်
ပြီးရင် ကြိုက်တဲ့အသားကိုဝယ်ပြီး ညီမလေးကြိုက်သလိုလှီးပြီး ဆား ၊ ဆီနည်းနည်း ၊ ဟင်းခတ်မှုန့် နည်းနည်းတို့နဲ့နယ်
ပြီးရင်ငှက်ပျောဖတ်ကို ပျော့သွားအောင်ပေါင်းရမယ် နောက်ပြီးရင် ကန်တော့ပုံစံမျိုးလုပ်ပြီး ဆန်နဲ့ ကြက်သွန်မြိတ်တို့ရောထားတာကိုထည့် ပြီးရင် အသားကိုထည့်ပြီးထုပ်လိုက်
နောက်ဆုံးအနေနဲ့ သွားကြားထိုးတံနဲ့ဖက်ကိုပိတ်ပြီး ၁နာရီလောက်ပေါင်းလိုက်ရင် စားလို့ရပြီ