အပိုင်း ( ၂၆ )

7.7K 141 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 26
~~~~~~~
ချမ်းအေးလွန်းတဲ့ဆောင်းမနက်ခင်းမှာ မင်္ဂလာပွဲတက်ဖို့အတွက် မျက်ဝန်းတစ်ယောက်စောစောထပြီး အလှပြင်နေရသည်

အဝတ်အစားကတော့ ကိုကိုက ဒါလေးဝတ်ဆို၍ ညကလာပေးထားသည့် ရှမ်းအဝတ်အစားလေးကိုပဲဝတ်ဆင်လိုက်သည်

အနည်းငယ်ပွနေပေမယ့်လည်း ကြည့်လို့ကောင်းလှသည်

မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ရဲ့သွင်ပြင်ကိုကြည့်ပြီး ကျေနပ်ပြီဆိုမှ အောက်ထပ်ကိုဆင်းလာခဲ့သည်

ခွန်းကတော့ အပေါ်ထပ်ကနေဆင်းလာတဲ့ သူ့ကလေးလေးကိုကြည့်ပြီး ကျေနပ်နေမိသည်
တစ်ကိုယ်လုံးရွှေရောင်တွေပဲဖြစ်နေတာမို့ သူ့အချစ်လေးက တော်ဝင်နတ်ဘုရားမလေးတစ်ပါးလိုပင်

သူလည်းလက်ထဲမှာအဆင်သင့်ရှိနေတဲ့ Camera နဲ့ ဓာတ်ပုံလှမ်းရိုက်လိုက်သည်

သူပါမက မေမေနဲ့ဖေဖေကပါ သဘောကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်

မျက်ဝန်းလည်း ဧည့်ခန်းထဲမှာရှိတဲ့ ကိုကို့ရဲ့မိဘတွေကို နှုတ်ဆက်လိုက်သည်

" မင်္ဂလာပွဲကအပြန် စိုက်ခင်းကိုလာခဲ့ကြနော် ၂ယောက်လုံး "

" ဟုတ်ကဲ့ မေမေ "

" ဟုတ် အန်တီ "

နှုတ်ဆက်ပြီးတာနဲ့ ၂ယောက်သား မင်္ဂလာပွဲကိုသွားလိုက်ကြတယ်

" ကိုကို "

" ဟင် ​ပြောလေကလေး "

" ဒီဘက်လှည့် "

ကလေးဘက်ကိုလှည့်ပေးလိုက်တော့ သူ့ကိိုမပြောမဆိုဘဲနမ်းလာတဲ့ကလေးလေးကြောင့် ပီတိဖြစ်သွားရသည်

" အဟီး....ကိုကိုက အရမ်းခန့်ညားနေလို့ "

အဖြူလေးဝတ်ထားတဲ့ကိိုကိုက တကယ်ကိုခန့်ညားပြီး ကြည့်ကောင်းနေသည်

" ဒီကလေးမကတော့ ကိုကို့ကို အသည်းယားအောင်လုပ်နေပြီ "

ခွန်းလည်း ကားပေါ်မဆင်းခင် ကလေးလေးရဲ့ ပါးနှစ်ဖက်စလုံးကို အကြင်နာအနမ်းများတုံ့ပြန်လိုက်သည်

" ကိုကိုနော် မိတ်ကပ်တွေပျက်ကုန်တော့မှာပဲ "

နှုတ်ခမ်းလေးစူပြီး သူ့ကိုမကျေမနပ်ပြောလာတဲ့ ကလေးလေးကိုကြည့်ပြီး သဘောကျစွာရယ်လိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now