မြေပြန့်သူလေး
~~~~~~~~~~~
Part - 37
~~~~~~~
မျက်ဝန်းမှာတော့ တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့အိပ်ယာကြောင့် မျက်လုံးပင်ပြူးပြီး အာမေဋိတ်သံပါထွက်သွားရသည်" ဟင် ဒီအိပ်ယာပေါ်မှာတူတူအိပ်ရမှာလား "
" ဘာဖြစ်လို့လဲဟင် တီတီလေး "
" အိပ်ယာကသေးသလားလို့ ပြောတော့ Family room လည်းပြောသေးတယ် အခုက ၂ယောက်လောက်ပဲဆံ့တာ "
" မီးမီးနဲ့တီလေးရဲ့ခန္ဓာကိုယ်က သေးသေးလေးတွေဆိုတော့ဆံ့ပါတယ် တီတီရဲ့ "
" အဆင်မပြေရင် ကိုယ်အောက်မှာဆင်းအိပ်ပေးမယ် "
" ပြေ ပြေပါတယ် "
ကုမ္ပဏီတစ်ခုက CEO ကို အောက်မှာဆင်းအိပ်ခိုင်းဖို့မကောင်းသလို ပြီးတော့မျက်ဝန်းရဲ့ကိုကိုမလား
" ဒါဆို ကိုယ်အရင်ရေချိုးလိုက်ဦးမယ် "
" ဟုတ် "
မျက်ဝန်းမှာတော့ သူရေချိုးခန်းဝင်နေတဲ့အတွင်းအိမ်ကိုအကျိုးအကြောင်းလှမ်းပြောရသေးသည်
family room ထဲမှာအတူတူတည်းတာကိုတော့မပြောတော့ဘဲ အနီးအနားကဟိုတယ်တစ်ခုမှာလို့ပြောလိုက်ရသည်
သူရေချိုးပြီးတော့ မျက်ဝန်းနဲ့ချယ်လေးလည်း အတူတူချိုးလိုက်ပြီး reception ကနေ တစ်ခါထဲဝယ်လာခဲ့တဲ့ အဝတ်အစားတွေကိုလဲလိုက်သည်
ရေချိုးပြီးတာနဲ့ သက်သောင့်သက်သာရှိသွားတာမို့ မျက်လုံးကမှေးစင်းလာရသည်
" ဦးဦးနဲ့တီလေး မီးမီးက နံရံဘေးမှာအိပ်မှာနော် "
" ဟင် မရဘူးလေ ချယ်လေးရဲ့ တီတီက နံရံဘေးမှာအိပ်မှရမှာလေ "
" ဦးဦး "
တီလေးဖြစ်သူကိုပြောလို့မရတော့ သူ့ဘက်လှည့်လာပုံပင်
" ချယ်လေးက သိတတ်စအရွယ်ကတည်းက မိဘတွေနဲ့အိပ်ပြီဆို ဘယ်တော့မှအလယ်မှာမအိပ်ဘဲ နံရံဘေးမှာပဲကပ်ပြီးအိပ်တတ်တာ
ဟိုရက်တွေလည်း ကလေးတွေ့မှာပေါ့ ချယ်လေးက နံရံဘေးမှာပဲအိပ်တယ်ဆိုတာ "" ဒါပေမယ့် မျက်ဝန်းကအလယ်မှာအိပ်ရင်မသင့်တော်ဘူးလေ "
" ကိုယ့်ကိုမယုံတာလား "