မြေပြန့်သူလေး
~~~~~~~~~~~
Part - 46
~~~~~~~
မနက်နိုးနိုးချင်းခံစားလာရတဲ့အသိက တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးရှိနေခြင်းပင်သူမမျက်စိရှေ့မှာမြင်နေရတဲ့ ရင်အုပ်ဖွေးဖွေးကို အနမ်းလေးတစ်ချက်ပေးလိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ ကိုကိုကပြုံးပြီးကြည့်နေတာမို့ အရှက်ပိုသွားရသည်
" အဟင်း ရှက်သွားတဲ့မျက်နှာလေးကြည့်ချင်လို့ ပြပါဦးဗျ "
" ကိုကိုနော် "
ဆိုပြီး မဝံ့မရဲအသံလေးနဲ့ဆိုလာတာမို့ သူ့မှာရင်ခွင်ထဲက ကလေးလေးကိုတင်းနေအောင်ဖက်လိုက်သည်
" အင့် ကိုကိုနော် အသက်ရှူလို့မရတော့ဘူး "
လက်လေးနဲ့တွန်းဖယ်လာတာမို့ သူလည်းဖက်ထားတာကိုလွှတ်ပေးလိုက်သည်
" ရေချိုးလိုက်ဦးမယ်နော် ကိုကို "
" ရေနွေးစပ်ချိုးနော် ကလေး....၆နာရီခွဲပဲရှိသေးတာဆိုတော့ အေးနေလိမ့်မယ် "
" ဟုတ် ကိုကို "
သူမအဝတ်အစားတွေကိုပါတစ်ခါတည်းယူပြီး ရေချိုးခန်းထဲဝင်သွားတာမို့ ခွန်းလည်းအိပ်ယာကနေထလိုက်ပြီး မနက်စာကိုပြင်ဆင်နေလိုက်သည်
ရှမ်းတို့ဟူးကြော်နဲ့ ရှမ်းခေါက်ဆွဲကို မနက်စာအဖြစ်ပြင်ဆင်လိုက်ပြီး အရည်သောက်အဖြစ်ကတော့ မုန်ညင်းရွက်ကိုပဲလုပ်လိုက်ရသည်
ပြီးတော့ sausage ကိုလည်း အနည်းငယ်ကြော်လိုက်သည်
သူအကုန်ပြင်ဆင်ပြီး အခန်းထဲကိုဝင်လာတော့ ကလေးက ခေါင်းပင်ဖြီးနေလေပြီ
" ကိုကို ကလေးရေနွေးလေးစပ်ထားပေးတယ်နော် တစ်ခါတည်းရေချိုးလိုက်တော့ "
" ဟုတ်ပြီ ကလေး "
မျက်ဝန်းလည်း ကိုကိုနဲ့သူမရဲ့အခြေအနေကိုတွေးပြီး သဘောကျနေမိတော့တယ်
" ကိုကို မနက်စာစားပြီးရင်ပန်းခင်းကြီးနဲ့ဓာတ်ပုံရိုက်ပေးနော် "
" အပြင်မှာ အေးတယ်နော် ကလေးလေး "
" အနွေးထည်ဝတ်ထားမှာလေ "