မြေပြန့်သူလေး
-------------------
Part - 8
-----------
" ဒါက ကျွန်တော်တို့ အဖွဲ့ ၁က ဒီဇိုင်းဆွဲထားတဲ့ပုံစံပါ "projector မှာပေါ်လာတဲ့ အခန်းဖွဲ့စည်းပုံကိုသူလည်း အသေအချာကြည့်နေလိုက်သည်
" အင်း အဖွဲ့ ၁က လုပ်ထားတာမဆိုးဘူး ဒါပေမဲ့ အနည်းငယ်လိုအပ်ချက်တော့ရှိနေသေးတယ် color ပိုင်းကိုတော့ ကျွန်တော်သိပ်သဘောမကျဘူး အဲ့အပိုင်းကို အဖွဲ့ ၃က ကူညီပေးလိုက်ပါ "
" ဗျာ ဒါဆို ကျွန်တော်တို့ရဲ့ project ကရော "
" အဖွဲ့ ၃က ကစားကွင်းပိုင်းကိုတာဝန်ယူထားတာမလား အဲ့ဒါက ဒီ ၂ရက် ၃ရက်လောက်ဆို ပြီးတော့မှာပဲလေ color ပိုင်းပြင်ဆင်တာက ၁ရက်တောင်မကြာပါဘူး "
" ဟုတ် ဟုတ်ကဲ့ Boss "
" အားလုံးပဲ ဒီ project ကိုသေချာလုပ်ဖို့ ထပ်ပြီးပြောပါရစေ ဒီမှာအောင်မြင်ရင် နောက်ထပ်တစ်နေရာမှာပါ လုပ်ငန်းချဲ့မှာမို့ ပိုပြီးအားစိုက်ပေးကြပါ "
" ဟုတ်ကဲ့ပါ Boss "
" ဒါဆို ဒီလောက်နဲ့ပဲ အစည်းအဝေးရပ်လိုက်တော့မယ် နောက်တစ်ပတ်ကျ အကုန်အဆင်သင့်ဖြစ်တာလိုချင်တယ် "
ပြောပြီးပြီးချင်းထွက်သွားတဲ့ Boss ဖြစ်သူကြောင့် သူတို့လည်း ၁၀ထပ်ကိုဆင်းဖို့ ဓာတ်လှေကားဆီသွားလိုက်သည်
" အခုကျွန်မတို့နဲ့တစ်ခါတည်း လိုက်ခဲ့ပါ အဖွဲ့မှူး"
" ဗျာ ကျွန်တော်မအားသေးဘူးဗျ ကစားကွင်းဘက်ကလုပ်ရမှာတွေကျန်သေးတယ် "
" ဒါဆို ကျွန်မက ရှင်အားတဲ့အချိန်ကိုပဲစောင့်နေရမှာလား "
" ဒါပေါ့ "
" ဘာပြောတယ် အဲ့လိုရမလားရှင့် color ပိုင်းကို ပြင်ပြီးမှ အဲ့ဘက်ကိုလုပ်သင့်တယ်လေ ကျွန်မတို့ project က ပြီးခါနီးပြီ "
" ကဲပါ အဖွဲ့မှူးရယ် အဖွဲ့ ၁ကိုပဲ အရင်ကူညီပေးလိုက် နောက်မို့ဆို Boss စိတ်ကသိတဲ့အတိုင်းပဲ "
ဒါရိုက်တာကဝင်ပြောမှ သူတို့ ၂ယောက်လည်း သဘောတူညီမှုရသွားကြတယ်
" ဒါဆို ကျွန်မတို့ ရုံးခန်းကိုပဲလိုက်ခဲ့လိုက်နော် "
ပြုံးစစနဲ့ပြောနေတဲ့ အဖွဲ့ ၁ခေါင်းဆောင်ကို သူလုံးဝကြည့်မရပါ