မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 6
~~~~~~~~~~~~~
" ဦးသူ့ "" ပြောလေ ချယ်လေး "
" ဦးသူ့ရေ "
" အင်း ဦးရှိတယ် ချယ်လေး "
" ချယ် ဦးသူ့ကို ချစ်တယ် "
ကောင်းမြတ်သူမှာ ကားမောင်းနေရင်းကပင် ချယ်လေးပြောလိုက်တဲ့စကားကြောင့် ဘရိတ်ကိုချက်ချင်းနင်းလိုက်မိသည်
ချယ်လေးကိုကြည့်လိုက်တော့ မျက်လုံးလေးမှိတ်ထားတာကိုတွေ့လိုက်ရသည်
ကလေးကမူးနေလို့လျှောက်ပြောနေတာနေမှာပါလေ
" ဦးသူ့ "
" ဟင် "
" ချယ့်မှာလေ crush ရှိတယ်သိလား "
မျက်လုံးမှိတ်ထားပြီး စကားတွေပြောနေပေမယ့် ထိုစကားတွေက အမှန်ဟုတ်လား မဟုတ်လားဆိုတာသိချင်နေမိသည်
လူတွေက မူးတဲ့အချိန်မှာပဲအမှန်တွေပြောတာဆိုတော့ ချယ်လေးအခုပြောနေတာတွေက အမှန်တွေပဲလား
သူ့ကိုချစ်တယ်ဆိုတာကရော ဘယ်လိုချစ်တာမျိူးလဲ
ကျစ်....ငါကတော့ ဘယ်လိုတွေတွေးနေတာပါလဲ ချယ်လေးက ငါ့ကိုဦးလေးတစ်ယောက်လိုမျိုးချစ်တာ ဟုတ်တယ်အဲ့လိုမျိုးပဲ
" ဦးသူ့ရေ "
ကောင်းမြတ်သူကတော့ ချယ်လေးအသံထပ်ကြားမှ အသိပြန်ဝင်လာပြီး ကားကိုမောင်းထွက်လိုက်ပြီး ချယ်လေးဆီကိုလည်း အကြောင်းပြန်ရသေးသည်
" ခေါင်းမူးသေးလား ချယ်ရီ "
" အင်း....ဦးသူ့ "
" ပြောလေ ကလေး "
" ချယ်ကလေ ချယ့်ရဲ့ crush ကို အရမ်းချစ်တာသိလား "
" ချယ်လေးက crush တောင်ရှိနေပြီလား "
" ဟုတ် ဟိုး......ငယ်ငယ်လေးကတည်းက "
" အော် အဟွန်း "
" ဦးသူ့နော် ဘာရယ်တာလဲ "
" ကလေးသေးသေးလေးက crush ရှိတယ်ဆိုတော့ အဟွန်း ...... ကဲ ဦး သံပရာရည်ဆင်းဝယ်လိုက်ဦးမယ် ကားပေါ်မှာငြိမ်ငြိမ်လေးနေခဲ့ "
ချယ်ကတော့ ဦးသူ့ကားပေါ်ကနေဆင်းသွားတာကို မကျေမနပ်ဖြင့်သာကြည့်နေမိတော့သည်
![](https://img.wattpad.com/cover/352506804-288-k287791.jpg)