မြေပြန့်သူလေး
~~~~~~~~~~~
Part - 42
~~~~~~~
" မျက်ဝန်းရေ နင့်ကိုကိုက ဒီည အသားကင်ဆိုင်မှာတွေ့ကြရအောင်တဲ့ "" စုစုရယ် ငြင်းလိုက်ပါ ဒီပုံစံကြီးနဲ့အပြင်လည်းမထွက်ချင်ဘူး "
" တွေ့လိုက်ပါဟယ် နင်လည်းလွမ်းနေတာပဲကို
ပြီးတော့ငါ့ကိုကြီးကပြောသေးတယ် ဟိုတလောက နင့်ကိုကို နေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲသွားတယ်ဆိုပဲ "" ဟင် ဟုတ်လား "
" ဟုတ်တယ်ဟ ဒါကြောင့်ငါတို့သွားကြရအောင်နော် ကိုကြီးမင်းသုခလည်းပါမှာ သားသားရော နှောင်းရော ဟိုကောင်တွေရော
အန်တီနွယ်ကလည်း နင်ကအိမ်ထဲမှာပဲနေနေတော့ သူ့မှာစိတ်မကောင်းဖြစ်နေရှာတာ "" ဒါဆိုလည်း သွားကြမယ်လေ "
" တကယ်နော်မျက်ဝန်း ဒါဆိုငါလှမ်းပြောလိုက်တော့မယ် အကိုခွန်းတော့အရမ်းပျော်သွားမှာပဲ "
မျက်ဝန်းလည်း အိမ်ထဲမှာပဲအောင်းနေတာ ၂လလောက်ရှိပြီမို့ ဒီတစ်ခါတော့ငြင်းလို့မရတော့ဘူးထင်ပါရဲ့
သားသားကလည်း Switzerland နဲ့ မြန်မာနိုင်ငံနဲ့ကို အသွားအပြန်လုပ်နေတာမမောတဲ့အတိုင်းပဲ
နှောင်းကျတော့လည်း ပြည်ပလေကြောင်းလိုင်းကနေ ပြည်တွင်းလေကြောင်းလိုင်းကိုပဲပြောင်းထားတာ အခုချိန်ထိ
စုစုကလည်း သူ့ကိုကြီး Company မှာလုပ်နေရာကနေ သူမနေမကောင်းလို့အလုပ်ထွက်လိုက်ပြီး သူတို့ဘေးအိမ်က ခြံကွက်ကိုဝယ်ယူပြီး ဆိုင်အသစ်ဖွင့်ဖို့ပြင်နေလေရဲ့
ကောင်းမြတ်သူ ၊ အာကာဇော် ၊ ဝလ္လာမင်းမောင်တို့လည်းထို့အတူပါပဲ
သူမကိုအားပေးစကားပြောရမယ့်အစား ရုပ်ဆိုးမဆိုပြီးပဲအမြဲပြောနေလို့ အားငယ်တာတွေတောင်မရှိတော့ဘဲ သူတို့အဲ့လိုခေါ်တာနဲ့ ရန်ဖြစ်ဖို့ကိုပဲစိတ်အားထက်သန်နေမိတာ
အခုကတော့ ၂လကြာမှအပြင်ပြန်ထွက်ရမှာမို့ ရင်တွေတုန်နေလျက်
" ဟေ့ကောင်ခွန်း မင်းအတွက်သတင်းကောင်းရှိတယ် "
" ဘာမို့လို့လဲ "