မြေပြန့်သူလေး
-------------------
Part - 2
----
ရီဝေနေသော တောင်ခိုးတောင်ငွေ့တွေ
ငွေနှင်းမြူတို့လွှမ်းခြုံနေသော တောင်စဥ်တောင်တန်းတွေ
ညှို့မှောင်ပြာလဲ့နေသော တောင်ပင်လယ်လှိုင်းကြီးများ ကျေနပ်ဖွယ်ကောင်းတဲ့ ရှမ်းပြည်ရဲ့အလှအပများကို ဝရံတာကနေ ကော်ဖီတစ်ခွက်သောက်ပြီးကြည့်နေရတာက ဘာနဲ့မှနှိုင်းလို့မရပါခွန်းလည်း ဂုဏ်ယူစရာကောင်းတဲ့ ရှမ်းပြည်နယ်ရဲ့အလှအပကို တဝကြီးခံစားလို့နေသည်
ထိုအချိန် သူရှိနေတဲ့နေရာကို ကလေးမလေးတစ်ယောက်ဝင်လာလေသည်
" ဦးဦး "
" ဟင်ပြောလေ ချယ်လေး "
" ဖွားဖွားကြီးက လာခဲ့ပါဦးတဲ့ "
" ဦးဦးလာခဲ့မယ်ပြောလိုက်နော် "
" ဟုတ် "
သူလည်းထွက်ပြေးသွားတဲ့ တူမလေးဖြစ်သူကိုချစ်စနိုးနဲ့ကြည့်လိုက်ပြီး သောက်လက်စကော်ဖီခွက်ကိုအပြတ်ဖြတ်လိုက်ပြီး အောက်ထပ်ကိုသွားဖို့ပြင်လိုက်တယ်
" မေမေကတော့ ဘာပြောဦးမလဲ မသိ "
သူတို့တွေက ရှမ်းစော်ဘွားတွေဖြစ်ပေမဲ့ ရှေးရိုးစွဲတဲ့ထဲတော့ မပါဝင်ပါ
" သားငယ်ရေ လာပါဦးကွယ် "
သူလည်း မေမေနဲ့ဖေဖေအနားရှိ ဆိုဖာပေါ်မှာထိုင်လိုက်သည်
" ဘာပြောမလို့လဲ မေမေ "
" နမ့်စန်မြို့၊ သင်္ဂဟကျေးရွာက မိဘမဲ့ဂေဟာကို လျှူဖို့အတွက် စာရင်းလုပ်ထားတယ် သားကဒါတွေကို ထုတ်ပေးပြီး သွားလျှူပေးရမယ် "
" ကျွန်တော်ကို စာရင်းတစ်ချက်လောက် မေမေ "
ခွန်းလည်း စာရင်းကိုကြည့်လိုက်တော့ ရေးထားတာက တော်တော်စုံသည်ပင်
" ရတယ် မေမေ ကျွန်တော့်အလုပ်တွေကို ကိုကြီးနဲ့လွှဲထားခဲ့လိုက်မယ် "
" နမ့်စန်မှာ တစ်ပတ်လောက်တော့ကြာကြာနေမှရမယ် သားငယ် လက်ဖက်စိုက်ဖို့ကလည်းနီးလာပြီဆိုတော့ အခုကတည်းက မြေတွေကိုခုတ်ထွင်ရှင်းလင်းရမယ် ဒါကြောင့် နမ့်စန်ဘက်က မြေတွေကို သားပဲတာဝန်ယူလိုက် "