မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 3
~~~~~~~~~~~~~
ကောင်းမြတ်သူကတော့ ရေချိုးနေရင်း ခုနကအခြေအနေကိုပြန်တွေးကြည့်လိုက်တော့ စိတ်ထဲမယိုးမရွဖြစ်လာတော့၏သူ့ရင်ခွင်ထဲကိုအတင်းဝင်ပြီး အာဘွားတောင်းနေတဲ့ချယ်လေးက တကယ့်ကိုကလေးတစ်ယောက်နှင့်ပင် တူနေတော့၏
" ဦးသူ့လို့ "
" အင်း ပြောလေ ချယ်လေး "
" အာဘွားပေးပါဆိုနေမှပဲ "
သူမရဲ့အသံလေးက သူ့ရဲ့နားထဲမှာတော့ ဘယ်လိုလေးမှန်းမသိအောင်ကို ခပ်ချွဲချွဲလေးနှင့် နားထောင်လို့ကောင်းလှ၏
" အရင်ဆုံး ကိုယ်ရေချိုးလိုက်ဦးမယ် "
" morning kiss လေ ဦးသူ့ကလည်း "
သူ့ရင်ခွင်ထဲကနေ မျက်နှာလေးမော့ပြီး သူ့ကိုစကားပြောနေတဲ့နှုတ်ခမ်းလေးတွေက သိပ်ကိုစွဲမက်ဖွယ်ကောင်းလှသည်
သူလည်း ထိုမျက်လုံး ထိုနှုတ်ခမ်းပါးများနှင့် ထိုအကြည့်များကိုသည်းမခံနိုင်တော့စွာ ပါးပြင်နုနုထက်ကို အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး ရေချိုးခန်းထဲကို အမြန်ပြေးဝင်ခဲ့တော့သည်
ချယ်ကတော့ ရှက်သွားတဲ့ဦးသူ့ရဲ့ပုံစံကိုကြည့်ပြီး အသံထွက်အောင်ပင် ရယ်မိလိုက်တော့သည်
_
_
_
_
" ဦးဦးရေ ချယ့်ကို မုန့်ဖိုးပေးဦး "" ချယ်လေးမှာ မုန့်ဖိုးတွေရှိသေးတယ်မလား "
" ရှိသေးပေမယ့်လည်း ဦးဦးပေးတာလိုချင်လို့ပေါ့ "
" ဦးဦး k pay ကနေ လွှဲလိုက်မယ် "
" ဟီး အဲ့ဒါကြောင့်ဦးဦးကိုချစ်နေရတာ "
သူ့ကိုလာဖက်ပြီးချွဲနေတဲ့ချယ်လေးကြောင့် ခွန်းလည်း ချယ်လေးရဲ့ ခေါင်းလေးကိုဖွဖွလေးပွတ်သပ်လိုက်သည်
" ဒါနဲ့လေ ဦးဦး ချယ့်ကိုလေ စက်ဘီးစီးတာသင်ပေးပါလား "
" ဦးဦးက ညဘက်ပဲအားတော့ ညဘက်မှပဲသင်ပေးနိုင်မှာ မီးလေး "
" ဒါဆို ဦးသူ့ကိုသင်ခိုင်းလိုက်မယ်လေ ဦးဦး "
" တီလေး သူငယ်ချင်းနာမည်များကြားလိုက်သလားလို့ "
![](https://img.wattpad.com/cover/352506804-288-k287791.jpg)