Special Part - 8

4.7K 138 39
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 8
~~~~~~~~~~~~~
ဒီနေ့မနက်သူနိုးထလာတဲ့မနက်ခင်းက အရင်တုန်းကနဲ့မတူဟုခံစားရနေတော့တာ ဘာကြောင့်များလဲ

ညတုန်းကအ​ဖြစ်အပျက်ကိုပြန်ပြီးသတိရမိတော့ နှုတ်ခမ်းတစ်စုံကပူနွေးနေဆဲ

" အဟွန်း "

" ဦးသူ့ရေ နိုးပြီလား "

" ဟင်ချယ်လေး မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ "

" အဟီး တီလေးနဲ့လိုက်လာတာ "

" ကျောင်းကရော "

" အတန်းက ဒီနေ့ ၉နာရီမှစမှာလေ ဦးသူ့ရဲ့ ပြီးတော့အခုမှ ၇နာရီပဲရှိသေးတာ.....ထတော့နော်ဦးသူ့ မျက်နှာသစ်ပြီး တီလေးစုတို့ဆိုင်ကိုလာခဲ့ ချယ်တို့ရှမ်းခေါက်ဆွဲလုပ်လာတယ် "

ချယ်လေးက အရင်တုန်းကလိုပုံမှန်အတိုင်းပဲဆက်ဆံနေတာမို့ ကောင်းမြတ်သူမှာအလိုမကျချင်

တစ်ကယ်ဆိုသူ့ကိုအဖြေတောင်းထားတဲ့ကောင်မလေးတစ်ယောက်က သူ့ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ကပ်သင့်တာမလား

" ဦးသူ့ရေ ဘာတွေအတွေးများနေတာလဲ မျက်နှာသစ်ပါတော့ဆို "

" ဟင် အင်းအင်း မင်းက စုစုတို့ဆိုင်မှာပဲရှိနေမှာလား "

" နိုး.....စိတ်ပြောင်းသွားပြီ ဦးသူ့နဲ့မှပဲအတူတူသွားတော့မယ် ဦးသူ့ရေပါတစ်ခါတည်းချိုးမှာလား "

" အင်း "

" ဒါဆို ချယ် အဝတ်အစားထုတ်ထားပေးမယ် "

" ဟုတ်ပြီ "

ချယ်လည်း ဦးသူ့ရေချိုးခန်းထဲဝင်သွားတော့မှ ဦးသူ့ရဲ့ဗီဒိုဆီသို့သွားကာ ရှပ်လက်ရှည်မရမ်းရောင်နှင့် စတိုင်ပန်အဖြူလေးကိုထုတ်ထားပေးလိုက်သည်

ဦးသူ့ကအသားဖြူတော့ အရောင်နုနုလေးတွေနှင့် သိပ်ကိုလိုက်ဖက်လွန်းသည်

၁၅ မိနစ်လောက်ကြာတော့ ဦးသူ့ကသဘက်တစ်ထည်ကိုခါးမှာပက်ပြီး ရေချိုးခန်းထဲကထွက်လာတာကိုကြည့်ပြီး ချယ့်မှာတံတွေးတစ်ချက်မြိုချလိုက်မိသည်

" ဟိတ် ကလေးမ ကြည့်လှချည်လား "

" ဟင် အဟီး ဦးသူ့ကကြည့်ကောင်းနေလို့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now