မြေပြန့်သူလေး
~~~~~~~~~~~
Part - 30
~~~~~~~
ဝလ္လာတို့အိမ်ထဲရောက်တော့ တွေ့လိုက်ရတဲ့လူများကြောင့် ပိုပြီးတော့ပင်ဒေါသထွက်မိသည်မျက်ဝန်းကိုတွေ့တော့ လန့်သွားကြတဲ့ အုပ်စုကြီးကို ဂရုမစိုက်စွာ ဝလ္လာ့ရင်ခွင်ထဲမှာရှိနေတဲ့ နှောင်းကို ဆွဲထုတ်ပြီး
" ဖြန်း "
" မျက်ဝန်း "
" မကြီး "
" ညှို့မျက်ဝန်းမေ "
အံ့သြနေတဲ့အကြည့်များနဲ့ သူမရဲ့နာမည်ကို အေးစက်စက်ခေါ်လိုက်တဲ့ ဝလ္လာကြောင့် မျက်ဝန်းလည်း စိမ်းစိမ်းကားကားပြန်ကြည့်လိုက်သည်
" ဒါလား နှစ် ၂၀ ကျော်လောက်အတူတကွရှိလာကြတာ "
" ဟုတ်တယ် မျက်ဝန်း နင်သိပ်လွန်တယ်
နင်ငါတို့ကို ယုံကြည်သင့်တယ် "" အဟင့် မကြီးက သိပ်လွန်တာပဲ နှောင်းမဟုတ်ပါဘူးလို့ပြောနေတာတောင် ကိုကို့ပါးကို ဘာလို့ရိုက်တာလဲ "
" နင်အိမ်ပြန်လိုက်တော့ နှောင်း "
" ဟင့်အင်း မပြန်ဘူး "
" မေ နှောင်း ညို "
တစ်ခါမှမကြားဖူးတဲ့ သူစိမ်းဆန်လွန်းပြီး အေးစက်စက်နိုင်တဲ့အသံကြောင့် အကုန်လုံးလည်း မျက်ဝန်းကိုကြည့်ပြီး အံ့သြနေမိသည်
" နှောင်း ပြန်တော့နော် "
" ဟင့်အင်း ကိုကို "
" ကိုကို့ကိုချစ်ရင် ပြန်တော့နော်
ဒီကိစ္စကို ကိုကိုဖြေရှင်းပေးမယ်
ကိုကို့ကို ယုံ "နှောင်းလည်း ကိုကိုက ယုံကြည်မှုအပြည့်နဲ့ပြောလာတာမို့ အိမ်ကိုသာပြန်ခဲ့လိုက်သည်
" မျက်ဝန်း ဒီမှာလာထိုင် "
စုစုကလာခေါ်တာမို့ မျက်ဝန်းလည်း စိတ်အနည်းငယ်လျှော့ပြီး ထိုင်လိုက်ရသည်
" နင်တို့ငါ့ကိုဖုံးကွယ်ထားရတာ ကျေနပ်ကြရဲ့လား "
" မဟုတ်ဘူး မျက်ဝန်း
နင့်ကိုပြောပြတော့မလို့ပဲ "" ဟုတ်လား ဘယ်တော့ပြောပြမယ်စိတ်ကူးထားလဲ စုစု "
" မျက်ဝန်း "