မြေပြန့်သူလေး
-------------------
Part - 25
-------------
" ဒေါ်နန်း ကလေးမလေးရဲ့အထုတ်တွေကို အပေါ်ထပ်မှာ ထားပေးလိုက် "ဒေဝီလည်း ဒေါ်နန်းကိုပြောပြီးတာနဲ့ အိမ်သားတွေဘက်ကိုကြည့်လိုက်သည်
" ဒါက ရန်ကုန်ကနေပါလာတဲ့ သားငယ်လေးရဲ့ကောင်မလေး ဒါကြောင့် စံအိမ်မှာရှိတဲ့လူအားလုံး လေးလေးစားစားဆက်ဆံရမယ် "
အလုပ်သမားများထံမှ " ဟုတ်ကဲ့ " ဟု သံပြိုင်ပြောလိုက်ကြသည်
မျက်ဝန်းလည်း စံအိမ်ကိုရောက်ရောက်ခြင်း
ကိုယ့်ကိုယ်ကို အင်္ဂလိပ်ကားတွေထဲက နန်းတော်ကြီးထဲ ရောက်သွားသလိုခံစားလိုက်ရသည်အိမ်ကြီးက ရှေးလည်းမဆန်သလို အရမ်းလည်းခေတ်ဆန်မနေ
အရောင်ကလည်း တည်ငြိမ်သလို မျက်ဝန်းတို့အခုရှိနေတဲ့ ဧည့်ခန်းဟုထင်ရတဲ့အခန်းကြီးကလည်း အကျယ်ကြီးပင်
ပါကေးတွေကလည်း ကိုယ့်ပုံကိုယ်ပြန်မြင်ရလောက်အောင် ပြောင်လက်နေသည်
ခြုံငုံပြီးပြောရရင်တော့ " I like it better "
" ကလေး ထိုင်ကြရအောင် "
" ဟုတ် ကိုကို "
မျက်ဝန်းလည်း ကိုကို့ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်
" ညီ မင်းကောင်မလေးက အသက်ရောပြည့်သေးရဲ့လား "
" ၂၂ရှိပြီ အကို "
" ဟယ် ဟုတ်လား နုလိုက်တာ "
နန်းအမရာလည်း တကယ်ပင်အံ့သြသွားရသည်
ကလေးမလေးက တကယ်ကိုသေးသေးလေး" အဟီး ကျေးဇူးပါနော် "
မျက်ဝန်းမှာတော့ ပါးစပ်ပြန်စိလို့ကိုမရတော့ပေ
" ကလေး အဲ့ဒါက ကိုကို့ရဲ့အကို စဝ်မှိုင်းခ
ဒီဘက်က ကိုကို့ရဲ့ဇနီး အမနန်းအမရာ
အကိုနဲ့အမ ဒါကကျွန်တော့်ကောင်မလေး
ညှို့မျက်ဝန်းမေ "မျက်ဝန်းတို့လည်း အချင်းချင်းနှုတ်ဆက်လိုက်ကြသည်
.....
မျက်ဝန်းလည်း တစ်ရေးနိုးလာတော့ ဗိုက်ဆာလာတာမို့ အောက်ထပ်ကိုဆင်းခဲ့လိုက်သည်