မြေပြန့်သူလေး
~~~~~~~~~~~
Part - 40
~~~~~~~
အရာအားလုံးကအခုချိန်မှာတော့ နေသားတကျဖြစ်နေခဲ့ပြီနေမင်းညိုကတော့ Switzerland မှာကျောင်းတက်နေပြီး ကိုကို့ဟိုတယ်မှာပဲနေလေသည်
မယွန်းနဲ့အောင်ခန့်ဖြိုးက Switzerland က ဟိုတယ်မှာပဲ တာဝန်ကျတာမို့လို့ ၂ယောက်သားအဲ့ကိုရောက်သွားကြသည်အဲ့ကိုတာဝန်ကျသွားသလို အောင်ခန့်ဖြိုးက
ဥက္ကဌရဲ့အတွင်းရေးမှူးအဖြစ်ရာထူးတိုးသွားပြီး
မယွန်းကတော့ CEO အသစ်ဖြစ်တဲ့ ကိုစိုင်းဇွဲရှိန် ရဲ့ အတွင်းရေးမှူးဖြစ်သွားသည်ဒီကဝန်ထမ်းဟောင်းတော်တော်များလည်း အဲ့မှာပဲရှိနေကြပြီး ရန်ကုန်မှာကျန်ခဲ့တာက အရင်လူနည်းနည်းနဲ့ ဝန်ထမ်းသစ်တွေပင်
ဒါပေမယ့် အုပ်ချုပ်မှုကောင်းလို့ ဧည့်သည်တွေက ဝင်လာမစဲတသဲသဲပင်
ပဲခူးက project ကလည်း စပြီးတည်ထောင်နေပြီမို့ တစ်ပတ်ကိုတစ်ရက်လောက်တော့ သွားပြီးစစ်ဆေးရသည်
အခုဆို မိဘချင်းကလည်းအချင်းချင်းသိနေကြပြီမို့ မျက်ဝန်းတို့အချစ်ရေးလမ်းကြောင်းက ဖြောင့်ဖြူးလို့နေသည်
ခက်တာကတော့ Switzerland က ဟိုတယ်ဖွင့်ပြီးတာနဲ့ ကိုကိုနဲ့တွေ့ဖို့ခဲယဥ်းသွားသည်
ရန်ကုန်က ကိစ္စအဝဝကိုတော့ ကိုကိုကသူမနဲ့ယသုံဝင့်ရည်ကိုပဲလွှဲအပ်ထားပြီး Switzerland မှာရုံးထိုင်နေတာက ပိုများသည်
စဖွင့်ခါစဆိုတော့ နာမည်ရအောင်အလွန်ကြိုးစားရသည် Marketing ကောင်းကောင်းဆင်းနိုင်လို့ အခုဆိုဖွင့်ထားတာ ၁လ ကျော်ပဲရှိဦးမည် ဟိုတယ်က အောင်မြင်နေပြီ
" ဒီနေ့ နင်ပဲခူးသွားရမယ့်ရက်မလား "
" အင်း...... "
" မှိုင်တွေနေတာပဲဟယ် မသိရင်ရည်းစားပူမိနေတာကျနေတာပဲ "
" ဟင် အရမ်းသိသာနေတာလား "
" သိသာတယ် "
" ဟင်း.....သိသာလည်း သိသာပါစေတော့ "
" နင့်မှာရည်းစားရှိတာပဲသိတာ နင့်ကောင်လေးကိုလည်းတစ်ခါမှမမြင်ဖူးဘူး "