မြေပြန့်သူလေး
~~~~~~~~~~~
Part - 29
~~~~~~~
" ဒါဆို မင်းတို့ ၂ယောက်က အခုသိပ်ပြီးအဆင်မပြေကြဘူးပေါ့ "" ဟုတ်တယ် ဝဠာ ငါလည်းကလေးကိုခုရက်ပိုင်းရှောင်နေမိတယ် "
" မင်းကလည်းကွာ သူကငယ်သေးတော့ လက်မထပ်ချင်သေးတာက ဖြစ်သင့်တာပဲလေ "
" ဒါပေမယ့်လည်း ငါသူ့ကိုချုပ်ချယ်မှာမှမဟုတ်တာကွာ "
" မင်းချစ်သူက မင်းနဲ့ ၇နှစ်တောင်ကွာတာကိုလည်း အမြဲသတိရဦး ငါတို့အတွေးနဲ့ သူတို့အတွေးတွေက မတူညီဘူးကွ
ငါကတော့ မင်းကောင်မလေးသူငယ်ချင်းတွေနဲ့ တပတ်ကို ၃ခါ ၄ခါလောက်တွေ့နေရတော့ သူတို့အကြောင်းတွေပိုသိလာတယ်
တကယ့်ကိုချာတိတ်လေးတွေပါကွာ သူတို့အရွယ်က ပုံမှန်ဆိုလည်လို့ပတ်လို့ကောင်းတဲ့အချိန်ပဲရှိကြသေးတာ မင်းကောင်မလေးဆိုပိုဆိုးတာပေါ့ကွာ
ငါ့ချစ်လေးပြောပြသလောက် ကလေးမကငယ်ငယ်ကတည်းက ပင်ပန်းခဲ့တယ်ဆိုပဲ သူတို့အိမ်အခြေအနေက အခုမှအဆင်ပြေသွားတာတဲ့
မင်းလည်းဖိအားတွေကြုံခဲ့ရတဲ့ကလေးကို ဖိအားထပ်မပေးနဲ့ပေါ့ကွာ "" ကျေးဇူးပဲ ဝဠာရာ ငါလည်းဒီရက်တွေမှာစိတ်အခြေအနေအဆင်မပြေလို့ မင်းကိုရင်ဖွင့်လိုက်တာ စိတ်ထဲပေါ့သွားပြီ "
" မင်းလိုအပ်တိုင်းငါအမြဲရှိနေမှာ
ငါကမင်းရဲ့ တူနယ်ချင်းလေးလေ "" အဟားဟား ဒီကောင်ကတော့ "
" မယ်.....ရင်ခုန်သွားတယ်မလား "
" ဒါပဲ ခွေးကောင်ရေ "
ခွန်းလည်း သူငယ်ချင်းဖြစ်သူ စိုင်းထက်ဝဠာကြောင့် စိတ်အစဥ်ကပေါ့ပါးသွားပြီး သူ့ကလေးလေးကို တောင်းပန်ဖို့လည်းတွေးထားလိုက်သည်
တကယ်ဆို ကိုကိုက ကလေးလေးခံစားချက်တွေကို သိဖို့ကောင်းတယ်
ခွန်းလည်းသက်ပြင်းချပြီးလုပ်လက်စ အလုပ်တွေပြန်လုပ်နေလိုက်သည် ဒါပေမယ့် စိတ်အစဥ်ကတော့ခုနကနဲ့မတူစွာ ပေါ့ပါးနေ၏
" Boss Boss စားဖိုဆောင်မှာ ဂတ်စ်အိုးပေါက်ကွဲသွားလို့ "
အမောတကြီးလာပြောတဲ့ သူ့အတွင်းရေးမှူးဖြစ်တဲ့ ရဝေကလာပြောတာမို့ သူလည်းချက်ချင်းဆိုသလို အောက်ထပ်ကစားဖိုဆောင်ကိုဆင်းသွားလိုက်သည်
![](https://img.wattpad.com/cover/352506804-288-k287791.jpg)