မြေပြန့်သူလေး
--------------------
Part - 20
-------------
" အန်တီ ဒါဆို ဒီညသီချင်းဆိုကြမှာပေါ့နော် "" ဟုတ်တယ် မျက်ဝန်းရဲ့ ဘယ်လိုလဲကောင်းတယ်မလား "
" ဟုတ် အရမ်းပဲ "
" သမီးကိုကြီးမင်းသုခတောင် သူ့သူငယ်ချင်းတွေကို ညကျရင်လာခဲ့ဖို့ခေါ်နေတာ သမီးလည်းခေါ်ချင်တဲ့လူရှိရင်ခေါ်လိုက်နော် "
" ဟုတ် "
မျက်ဝန်းလည်း ပျင်းလို့အန်တီခင်တို့ဆိုင်ဘက်ကိုအလည်လာရာမှ သီချင်းဆိုမဲ့အကြောင်းသိရခြင်းပင်
"'' အဟီး ကိုကို့ကို ခေါ်ရမယ် "''
မျက်ဝန်းလည်း အကြံနဲ့ အာကာတို့အိမ်ကိုသွားလိုက်သည်
သူမတို့ မိသားစု ၅ခုက အိမ်ထဲဝင်ဖို့ကတော့ ခွင့်တောင်းစရာပင်မလိုလောက်အောင်
ကိုယ့်အိမ်ကိုယ့်ရာလိုပါပဲသူမလည်း အာကာတို့အိမ်ထဲဝင်ပြီး အန်တီသီတာကိုနှုတ်ဆက်လိုက်သည်
" အန်တီ အာကာရှိလား "
" ရှိတယ် သမီး
ကောင်းမြတ်သူနဲ့ ဝလ္လာရောရှိတယ် "" ဟုတ် ဒါဆို သမီးဝင်သွားလိုက်ဦးမယ် "
" ခဏလေး သမီး
ဒီပန်းကန်လေးပါယူသွားပေးနော် "မျက်ဝန်းလည်း လက်ဖက်သုတ်ပန်းကန်ကိုကိုင်ပြီး အာကာ့အခန်းထဲဝင်ခဲ့လိုက်သည်
" ဟိတ် ငါ့ကောင်တို့ "
မျက်ဝန်းလည်း တံခါးဘောင်ကိုမှီလိုက်ပြီး ဟိုလူတွေကိုနှုတ်ဆက်လိုက်သည်
" မျက်ပြူးမရယ် နင့်ပုံစံကလည်း ပေတိပေစုတ်နဲ့ "
" ရေမချိုးရသေးလို့ပါဟ အဟဲ "
မျက်ဝန်းလည်း လက်ဖက်ပန်းကန်နဲ့အတူ ဝင်ထိုင်လိုက်သည်
" နင်တို့ကိုငါပြောစရာရှိလို့ "
" ဘာလဲ "
ကောင်းမြတ်သူမှ မေးလိုက်သည်
" ဒီညလေ စုစုတို့အိမ်မှာ သီချင်းဆိုကြမှာတဲ့ ရပ်ကွက်ထဲက လူကြီးတွေက "
" ဟင် ဟုတ်လား "
" အွန်း....ငါအခုလေးမှ ပြန်လာတာ "