မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 12
~~~~~~~~~~~~~~
" အကင်အိုးက ဒီဘက်မှာထားမယ် "" အဲ့ဘက်ကမကောင်းပါဘူး ဒီဘက်ကတောင်တန်းတွေကိုနောက်ခံထားတော့ ဓာတ်ပုံရိုက်ရင်ပိုလှတယ် "
" ဟုတ်တယ် ငါလည်းယုပြောတာထောက်ခံတယ် "
" ငါရောပဲ ပြီးတော့ အသားတွေကိုင်ရဦးမယ်နော် ချင်းဂုတို့ "
" ဟုတ်ပါပြီ မိချယ်ရီရဲ့ ဟိုကောင်တွေရောဘာလုပ်နေကြလဲ "
" ဟင်းသီးဟင်းရွက်တွေခြွေခိုင်းထားတယ် "
" ကောင်းတယ် နောက်မို့ဆိုသူတို့က ဟိုသွားဒီသွားနဲ့ လာလာရှုပ်နေကြတာ "
" အဲ့ဒါကြောင့်ငါလည်းမျက်စိနောက်သက်သာအောင် လုပ်ခိုင်းထားလိုက်တာ "
ချယ်ရီတို့မိန်းကလေးတစ်သိုက်လည်း အရှေ့ကကွပ်ပျစ်လေးမှာထိုင်ပြီး သစ်သီးများကိုလှီးကာ စကားပြောနေကြသည်
" ဒီနေရာက တစ်ကယ်ကိုသာယာတယ်နော် "
" ဟုတ်တယ်နော် တောင်အမြင့်ဘက်မှာအိမ်ဆောက်ထားတော့ ဒီကနေမြင်ကွင်းတွေကိုကြည့်ရတာ လှလိုက်တာဆိုတာလေ "
" ဟုတ်ပါ့ ရှမ်းပြည်ကြီးကဒီလောက်လှမှန်းမသိခဲ့ဘူး "
" ငါတို့ရှမ်းပြည်က သဘာဝအလှအပတွေပေါများတယ် "
" ရှမ်းသားလေးနဲ့ပဲ ယူချင်တော့တယ် လူတွေရယ် "
သူတို့တွေလည်း ယုရဲ့ပြောစကားကိုကြားပြီး ရယ်လိုက်တော့သည်
" ဒါနဲ့ ငါ့ရဲ့ဦးသူ့နဲ့ဒီနေ့ဖုန်းတောင်မပြောရသေးဘူး "
" မအားလို့နေမှာပေါ့ဟ "
" အေးလေ နင့်ရဲ့လူကြီးက အလုပ်နဲ့အကိုင်နဲ့လေ "
" မဟုတ်ဘူးဟ အရင်ကဆိုရင်ဦးသူ့က မအားရင်တောင် ငါ့ကို message တွေပို့ထားသေးတယ် အခုကလုံးဝကိုဆက်သွယ်လို့ကိုမရတာ "
" ဒါဆိုရင် နင့်ဦးသူ့ နင့်ကိုပလေးသွားတာများလား "
" မဟုတ်ပါဘူးဟာ နင်တို့ကလည်း အဲ့လိုမပြောပါနဲ့ "
မျက်ရည်ဝဲလာတဲ့သူတို့သူငယ်ချင်းကိုကြည့်ပြီး ယုဝေသီနဲ့ နိုးနိုးလည်း ရယ်လိုက်ကြ၏