မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 9
~~~~~~~~~~~~~
ချယ်ရီ့မှာတော့အိမ်ကိုပြန်ရောက်သည့်တိုင် ရန်ခုန်သံများကလတ်ဆတ်နေဆဲဦးသူ့က သူမကိုချစ်တယ်တဲ့
ချယ်ရီကတော့ ဦးသူ့ကိုအမြင်ကတ်ကတ်နဲ့ပဲ အဖြေမပေးနိုင်သေးဘူးဟုသာ ပြောလာခဲ့သည်
သူမဦးသူ့အကြောင်းတွေးနေရင်းပဲ ဦးသူ့ကဖုန်းဆက်လာတာမို့ နှုတ်ခမ်းဖျားများက ကွေးတက်လာတော့သည်
" ဟယ်လို ချယ်လေး "
" ပြောပါ "
" အဟွန်း ဦးကိုစိတ်ဆိုးနေတုန်းလား "
" ချယ့်အသံကိုခန့်မှန်းပေါ့ စိတ်ဆိုးနေလား မဆိုးဘူးလားဆိုတာ "
" သေချာပေါက်ကို စိတ်ဆိုးနေသေးတာပဲ "
" သိရင်ပြီးတာပဲ "
" ဦးတောင်းပန်တယ်ကွာနော်..... ဦးတို့ ချစ်သူဖြစ်လိုက်ကြရအောင်နော် "
" ချစ်သူဖြစ်တာအဲ့လောက်လွယ်မလား.. ဦးသူ့လို ပလေးဘွိုင်းကြီးကို ချယ်ကစဥ်းစားဦးမှာ "
" မင်းကအဖြေပြန်ပေးရင်တော့ ဦးကမင်းတစ်ယောက်တည်းပဲ "
" ဒါဆိုချယ်ကအဖြေမပေးရင်ရော "
" မရရအောင်အဖြေတောင်းရမှာပေါ့ကွာ "
" ဟွန့် အဖိုးကြီး...ဦးသူ့ကို ကျေနပ်သေးတာမဟုတ်ဘူးနော် "
" မနက်ဖြန်ချယ်လေးစားချင်နေတဲ့ မောက်ချိုက် ကိုယ်လိုက်ဝယ်ကျွေးမယ် "
" မနက်ဖြန် ကျောင်းပိတ်တယ် "
" မင်းအိမ်ကိုလာခေါ်မှာပေါ့ကွ အသေးလေးတွေနဲ့လည်းမတွေ့ရတာကြာနေပြီ "
" သဘောပဲ လာချင်ရင်လာပေါ့ "
ကောင်းမြတ်သူကတော့ ချယ်လေးက အပြင်ထွက်ဖို့လိုက်ခံလိုက်ပြီမို့ ကြိတ်ပျော်သွားတော့၏
" ဒါဆို ဦးဖုန်းချလိုက်ပြီနော် ချစ်တယ် ကောင်မလေး "
ဦးသူ့ရဲ့ ချစ်တယ်ဆိုတဲ့အပြောမှာ ချယ်တစ်ယောက် အပျော်တွေကိုထိန်းမရဖြစ်နေပြီး ခေါင်းအုံးကိုနှုတ်ခမ်းနဲ့ကိုက်ထားတာတောင် ရယ်နေတဲ့နှုတ်ခမ်းတွေက ရယ်နေမြဲ