မြေပြန့်သူလေး
~~~~~~~~~~~
Part - 32
~~~~~~~
" မမကို ကျေးဇူးတင်ပါတယ် "" မလိုပါဘူး မင်းကလိုအပ်နေတဲ့အတွက် တို့ကကူညီပေးတာပါ "
" ရန်ကုန်ပြန်ရောက်ရင် မမကိုထမင်းဖိတ်ကျွေးမယ်နော် "
" ဟုတ်ပါပြီ ဟုတ်ပါပြီ အခုအနားယူလိုက်ဦး
ဗိုက်ရောဆာနေလား "" ဟုတ် နည်းနည်း "
" အဟင်း တို့ထင်ပါတယ် ခဏနေရင် မင်းအခန်းထဲလာပို့ပေးခိုင်းလိုက်မယ် "
" ဟုတ် "
မျက်ဝန်းလည်း ထွက်သွားပြီဖြစ်သော
အမနန်းသွေးချယ်ကို ကျေးဇူးတင်နေမိသည်ကိုကို့အကြောင်းတွေးမိပြန်တော့ စိတ်နာလှသည်
ဟိုတစ်ခါဖုန်းဆက်တုန်းက စကားပြောခဲ့တဲ့မိန်းကလေးနဲ့ မဟုတ်လောက်ပါဘူးလေဆိုပြီးထင်ခဲ့မိသမျှ အခုတော့အလကားပဲတောင်ပေါ်သားတွေ ကောင်းတယ်သာပြောကြတာ တကယ့်တကယ်ဘာမှမကောင်းဘူး
ဘယ်လောက်ပဲချစ်ချစ် ဖောက်ပြန်တာကိုတော့ ရွံလှသည်
ပြန်တွေးမိရာကနေ မျက်ရည်ကထပ်ကျလာတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေချိုးဖို့ဆုံးဖြတ်လိုက်သည်
အေးချမ်းလှတဲ့ရှမ်းပြည်ကြီးက သူမရဲ့စိတ်ကိုတော့ အေးချမ်းမှုမပေးနိုင်တော့ပေ
ကိုကိုက သူမရဲ့အချစ်ဦးမို့ အသည်းပေါက်မထွက် သိပ်ချစ်ရသည်
ကိုကို့ကိုယုံခဲ့ပေမယ့် သူမရှေ့မှာ သူမရဲ့ကိုကိုကို နမ်းနေတာကြီးကတော့....
" ဟူး....တော်ပြီ တော်ပြီ ညှို့မျက်ဝန်းမေ နင်ဘာမှမတွေးနဲ့တော့ "
မျက်ဝန်းလည်း မှန်ထဲမှာ ကိုယ့်ပုံစံကိုကြည့်လိုက်တော့ အသည်းကွဲနေတဲ့မိန်းမပျိုလေးပုံစံပင်
" ကောင်မလေး မင်းရေချိုးခန်းထဲမှာကြာနေပြီနော် "
အမနန်းသွေးချယ်အသံကြားမှ မျက်ဝန်းလည်းတွေးနေတာကိုရပ်လိုက်ပြီး ခပ်သွက်သွက်လေးရေချိုးပြီး အပြင်ကိုထွက်လာလိုက်သည်
သွေးကတော့ ရေချိုးခန်းထဲကနေထွက်လာတဲ့ပုံစံလေးကြောင့် နှာခေါင်းသွေးပင်လျှံချင်လာရသည်