မြေပြန့်သူလေး
--------------------
Part - 21
-------------
" မျက်ပြူးမ နင့်ကိုကိုနဲ့ ဒီနေ့တွေ့မှာလား "" ဟင့်အင်း သူကသွားစရာရှိလို့တဲ့ "
" ဒါဆို ငါတို့ ၅ယောက် night out ထွက်ကြမလား "
" လူကြီးတွေဆူဦးမယ် "
" မဆူပါဘူးဟ ၈နာရီအရောက်ပြန်ခဲ့မယ်လို့ပြောလိုက်မယ်လေ "
" မဆိုးဘူးပဲ ဒါဆို ဟိုကောင်တွေကိုပြောလိုက်တော့မယ် "
" အိုခေ "
မျက်ဝန်းလည်း ကျန်တဲ့ ၃ယောက်ကိုပါ group chat ထဲကနေလှမ်းပြောလိုက်သည်
သူတို့ ၃ယောက်ကတော့ ညဘက်အပြင်ထွက်ရတော့မှာမို့ တက်ကြွတဲ့ကြက်ဖတွေဖြစ်နေကြသည်
ဟိုတစ်ခါ အဆူခံရပြီးကတည်းက သူတို့မှာညဘက် အပြင်မထွက်ရတာ အခုထက်ထိပဲ သူမတို့ နှစ်ယောက်ပါမှသာ လူကြီးတွေကစိတ်ချလက်ချလွှတ်လေသည်
....
" ဟေ့ကောင်ဝဠာ အဲ့ ၂ယောက်က အာရုံပဲကွာ "
" အဲ့ဒါပြောတာ လွတ်လွတ်လပ်လပ်လုပ်ငန်းကိစ္စပြောချင်လို့ သီးသန့် private ခန်းယူထားရာမှ အဝင်ဝမှာတွေ့ဖြစ်အောင်ကိုတွေ့လိုက်သေးတယ် "
" ရှမ်းပြည်မှာမဆုံဖြစ်လို့ တကူးတကဒီမှာလာဆုံရတယ်လို့ "
သူတို့ ၂ယောက် စားသောက်ဆိုင်ကိုအလာ အဝင်ဝမှာ အရင်က ex တွေနဲ့ပြန်တွေ့လို့ စိတ်ရှုပ်နေရခြင်းပင်
အခုတောင် တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြခြင်းပင်
" ခွန်းနဲ့စိုင်း နန်းတို့နဲ့ပဲတူတူထိုင်လိုက်နော် "
" အမ် တော် တော်ပြီ နန်း
ကိုယ်တို့လုပ်ငန်းရှင်တွေနဲ့ချိန်းထားတာမို့လို့ "" ဟင် ခွန်းကလည်း သွေးတို့ကအခုမှတွေ့ရတာကို ဒါဆို စောင့်နေမယ်လေ "
" ဟုတ်တယ် နန်းလည်း စိုင်းကိုစောင့်နေမယ် "
နန်းသွေးချယ်နဲ့ နန်းကလျာမြတ်တို့ အကျင့်က အရင်ကအတိုင်းမပြောင်းလဲကြပေ
အခုလည်း ကိုယ့်ရဲ့လက်ကိုလာချိတ်နေလို့ ဖယ်ထုတ်နေရသေးသည်