မြေပြန့်သူလေး
~~~~~~~~~~~
Part - 47
~~~~~~~
မျက်ဝန်းလည်းလူရှင်းလာတာနဲ့ ကိုကိုနေမယ့်အခန်းထဲကို လှစ်ခနဲဆိုသလိုဝင်လာခဲ့လိုက်သည်အိမ်ဆောက်တုန်းက အခန်းကို ၅ခန်းလုပ်ထားတာမို့ မေကြီးနဲ့ဖေကြီးကတစ်ခန်း ၊ ကိုကို့ရဲ့အမေနဲ့အဖေကတစ်ခန်း ၊ အမ အမရာနဲ့အကိုစဝ်မှိုင်းခက အောက်ထပ်မှာတည်းပြီး အပေါ်က ၂ခန်းမှာတော့ နှောင်းရယ် ချယ်လေးရယ် သူမရယ်ကတစ်ခန်းနေမှာဖြစ်ပြီး ကိုကိုနဲ့သားသားကတော့တစ်ခန်းဖြစ်သည်
သားသားက အခုချိန်ဆို အာကာတို့နဲ့ဂိမ်းတိုက်နေမှာမို့ အခန်းထဲမှာမရှိလို့ဝင်လာခဲ့ခြင်းပင်
အခန်းထဲဝင်ဝင်ချင်းကိုကို့ကိုကြည့်လိုက်တော့ ခရီးပန်းလို့ထင်ပါရဲ့ အဝတ်အစားလဲပြီးအိပ်နေသည်
မျက်ဝန်းလည်း ကိုကို့ရဲ့ကုတင်ပေါ်ကိုအသာလေးတက်ပြီး ကိုကို့ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုထိတွေ့နေလိုက်သည်
ခွန်းကတော့အိပ်နေရာမှ ယားသလိုဖြစ်လာတာမို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကလေးကသူ့ဘေးမှာရောက်နေတာမို့ အံ့သြမိသွားသည်
" ဘာလာလုပ်တာလဲ "
" ကိုကို့ကိုလွမ်းလို့ "
ခွန်းကတော့စိတ်ထဲမှာအသည်းတယားယားဖြစ်နေတော့တယ် သူလည်း ကလေးချော့တာခံဖူးချင်လို့ စိတ်ဆိုးချင်ယောင်ပဲဆောင်နေလိုက်တော့တယ်
" ကိုကိုလို့ "
" ပြောလေ "
" ချစ်တယ်လေ "
" ကိုယ်သိတယ်လေ "
" ဟွန့် ကိုကိုကလည်း ဒါ.....ဆို
မွ မွ မွ "မျက်ဝန်းလည်း အာဘွားပေးနေတာတောင် စိတ်ဆိုးမပြေသေးတဲ့ ကိုကို့ကြောင့် ဘယ်လိုချော့ရမလဲဆိုတာ စဥ်းစားရခက်နေတော့သည်
ခဏတာစဥ်းစားပြီးတော့ မျက်ဝန်းလည်း ကိုကို့အပေါ်ကိုတက်ပြီး ရင်ဘတ်ပေါ်မှာခေါင်းလေးတင်ကာ ရင်ဘတ်ကိုတဖွဖွနမ်းပြီးမှ ကိုကို့ရဲ့နှုတ်ခမ်းလေးထက်ကို သူမနှုတ်ခမ်းနဲ့ထိတွေ့မိတော့တယ်