အပိုင်း ( ၅၁ )

8.3K 161 7
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 51
~~~~~~~
" သမီးရယ် ပါးစပ်ကိုခဏလေးတော့အနားပေးပါဦး "

" မေကြီးကလည်း အခုမှစားရတာကို "

" မသိရင် သားခွန်းက မကျွေးတဲ့အတိုင်းပဲ "

" အဟီး "

ဒေါ်နွယ်နွယ်ညိုလည်း သမီးကြီးအိမ်ကိုစပြီးရောက်ကတည်းက စားလိုက်တဲ့အစားဆိုတာ အစာအိမ်တောင်ပေါက်ထွက်မလားစိုးရိမ်ရသည်

" သားခွန်းက ဘယ်ချိန်လာခေါ်မှာတဲ့လဲ "

" ညနေရုံးဆင်းမှဝင်ခေါ်မှာ မေကြီး "

" ဒါဆို ညစာပါတစ်ခါတည်းစားသွားကြ "

" ဟုတ် မေကြီး
အခု အန်တီခင့်ဆိုင်သွားလိုက်ဦးမယ် "

" အေးအေး "

နွယ်လည်း ယောက်ျားရမှ ကလေးဆန်လာတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ကျေနပ်နေမိသည်

သမီးကြီးက ငယ်ငယ်ကတည်းက တစ်ခုခုဆိုအနစ်အနာခံရဆုံးမို့ အမြဲရင့်ကျက်ခဲ့ရသည်

အခုလိုဖြစ်လာတာ သူမရဲ့သမက်ကြောင့်မို့ တွေးမိတိုင်း ကျေးဇူးတင်နေမိတာအခါခါ

" အန်တီခင်ရေ စုစုရော "

" ဟယ် မျက်ဝန်းတောင်ရောက်လာပြီပဲ
သမီးသူငယ်ချင်းက အခုချိန်ထိအိပ်တုန်း "

" ဟုတ် ဒါဆိုသမီးအပေါ်တက်သွားလိုက်ဦးမယ် "

" ခဏလေး မျက်ဝန်းရေ
ရော့ ဒါလေးပါယူသွား ခဏနေသမီးကြိုက်တဲ့
ကိုရီးယားထမင်းသုပ် ပို့ပေးလိုက်မယ်နော် "

" အဟီး အဲ့ဒါ​ကြောင့်အန်တီခင့်ကိုချစ်​နေရတာ "

ဒေါ်ခင်ခင်မျိုးလည်း မျက်ဝန်းရဲ့အပြောကြောင့် ပြုံးမိသွားသည်

မျက်ဝန်းကတော့ အန်တီခင်ပေးလိုက်တဲ့ အာလူးချောင်းကြော်ကိုဘူးလိုက်ယူပြီး စုစုရဲ့အခန်းရှိရာကိုတက်သွားလိုက်သည်

သူမရောက်တာ ၇ခွဲပဲရှိသေးတာမို့ သူငယ်ချင်းတွေက နေဖင်ထိုးတဲ့ထိအိပ်မယ့်ပုံ

စုစုအခန်းကိုရောက်ရောက်ခြင်းပဲ မျက်ဝန်းလည်း ထောပတ်သီးအနံ့ကိုရလိုက်တာမို့ ပျို့တက်သွားမိသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now