မြေပြန့်သူလေး
-------------------
Part - 5
----------
"'' ဘုရားရေ ငါ ငါ သရဲခြောက်ခံနေရတာလား "''သူမလည်း မျက်ရည်များဝဲလာပြီး အနောက်ကိုဖြေးဖြေးချင်းလှည့်လိုက်တော့ မြင်လိုက်ရတဲ့ ပုံသဏ္ဍာန်ကြောင့် အံ့သြသွားမိသည်
" ဒါ ဒါ ဒါကြီးက အစစ်ကြီးလား "
သူမရှေ့မှာ သူမကိုပြုံးပြနေတဲ့ ချောမောခန့်ညားလွန်းနေတဲ့ ယောကျ်ားပျိုတစ်ဦးကြောင့် အာမေဋိတ်အသံတစ်သံထွက်ပေါ်မိသည်
" မင်း ကြည့်လို့ပြီးဦးမှာလား "
မျက်ဝန်းလည်း ထိုအခါမှသတိဝင်လာပြီး မျက်လွှာချလိုက်မိသည်
" ဘာလို့ ငါ့ခြံထဲကိုဝင်လာတာလဲ "
" ဟင် ဒါကရှင့်ခြံလား "
ခေါင်းလေးပြန်မော့ပြီး မျက်ဝန်းဝိုင်းဝိုင်းလေးများနဲ့ တအံ့တသြပြောနေတဲ့ ကောင်မလေးကြောင့် သူလည်းမျက်ခုံးပင့်မိသွားသည်
" ဒါဆို မင်းက ဘယ်သူ့ခြံလို့ထင်လို့လဲ "
" ဟို မျက်ဝန်းကြားမိတာတော့ ဒီခြံက တောင်ကြီးက ဇနီးမောင်နှံ ၂ဦးပိုင်တယ်လို့ ကြားရလို့ "
" နောက်ထပ်ရောမကြားမိဘူးလား ခွင့်တောင်းပြီးမှဝင်လို့ရတယ်ဆိုတာ "
" ဟို ကြား ကြားမိပါတယ် ဒါပေမဲ့ မျက်ဝန်းက နောက်ထပ် ၂ရက်ဆို ပြန်ရမှာမို့ လမ်းကြုံတာနဲ့ဝင်လိုက်မိတာပါ "
" ဆင်ခြေအပေးကောင်းတယ်နော် "
ခနဲ့သလိုလိုလာပြောတဲ့အရှေ့ကလူကြောင့် ပုန်းလျှိုးနေတဲ့ မခံချင်စိတ်ကဝင်လာရသည်
" ကျွန်မကို စစ်လားဆေးလားလုပ်နေတဲ့ရှင်ကရော ဘယ်သူမို့လို့လဲ ဒီခြံနဲ့ရောဘာသက်ဆိုင်နေလို့လဲ "
ခါးထောက်ပြီးခပ်ဆတ်ဆတ်လေးပြန်ပြောလာတဲ့ ကောင်မလေးကြောင့် သူလည်းရယ်လိုက်မိသည်
သဘောကျလို့ရယ်တဲ့အပြုံးတော့မဟုတ်ခဲ့
" အဟက် ငါက အဲ့ဇနီးမောင်နှံရဲ့သားပဲလေ ဒီလောက်ဆို ငါကဒီခြံနဲ့သက်ဆိုင်လား မသက်ဆိုင်လားဆိုတာ သဘောပေါက်လောက်ပြီပေါ့ "