မြေပြန့်သူလေး
-------------------
Part - 9
-----------
" ညှို့မျက်ဝန်းမေ မန်နေဂျာက ရုံးခန်းကိုလာခဲ့ပါဦးတဲ့ "" ရှင် ဟုတ် ဟုတ် "
အမတစ်ယောက်ကလာပြောတာမို့ မျက်ဝန်းလည်း စိတ်ပူသွားရသည်
" မမကဗျာ မန်နေဂျာက ဘာပြောမလို့လဲမသိဘူး"
" ဘာမှတော့မပြောလောက်ပါဘူး မျက်ဝန်းရဲ့
မကြောက်နဲ့ ရဲရဲသာသွား "" ဟုတ်တယ် မျက်ဝန်း confidence ရှိရှိနဲ့သာ အထဲဝင်သွား မေးတာတွေကိုသွက်သွက်လက်လက်နဲ့သာဖြေခဲ့လိုက် "
" မျက်ဝန်းက အမှားမလုပ်ထားဘူးမလား ဒါကြောင့်ဘာမှမကြောက်နဲ့ "
" ဟုတ် ဟုတ် "
သူ့အဖွဲ့ထဲက လူတွေကတစ်ယောက်တစ်ပေါက်နဲ့ဝိုင်းပြောကြတာမို့ သူမလည်း ရဲရဲတင်းတင်းနဲ့ ၉ထပ်မြောက်ကို တက်သွားလိုက်တယ်
" ဝင်ခွင့်ပြုပါရှင့် "
" ဝင်လာပါ "
" ဟုတ်ကဲ့ "
မျက်ဝန်းအထဲကိုဝင်လာတော့ HR အမရယ် မန်နေဂျာရယ်သာမက ဒါရိုက်တာတစ်ဦးပါ ရှိနေတော့ အနည်းငယ်ရင်တုန်သွားမိသည်
မန်နေဂျာက ထိုင်ခိုင်းတာမို့ မျက်ဝန်းလည်း သူတို့ ၃ယောက်အရှေ့က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်
" ဒါလေးက ညီမရေးထားတာလား "
မျက်ဝန်းလည်း မန်နေဂျာပြတဲ့စာရွက်ကိုကြည့်လိုက်တော့ မနေ့က HRအမ တောင်းပန်စာရေးခိုင်းလိုက်တဲ့ စာရွက်ဖြစ်လို့ အလုပ်များထုတ်တော့မလားဆိုပြီး မျက်လုံးပင်ပြူးသွားမိတယ်
" ညှို့မျက်ဝန်းမေ "
" ဟင် ရှင် ဟုတ် ဟုတ် ညီမရေးထားတာပါ "
"အကိုတို့ဘက်က ညီမကိုပြောစရာတစ်ခုရှိတယ်"
ပြောစရာရှိတယ်ဆိုလို့ အလုပ်များထုတ်တော့မလားဆိုတဲ့အတွေးက ပထမဦးစွာဝင်လာရသည်
" ညီမရဲ့ English skill က အကိုတို့လိုချင်တဲ့ Level တစ်ခုမှာရှိတယ် စာရေးထားတာကလည်း သပ်ရပ်တယ် လိုချင်တဲ့ point ကိုလည်း သေသေသပ်သပ်နဲ့ဖော်ပြနိုင်တယ် ဒါကြောင့် ဒီတစ်ခါ oversea ထွက်တဲ့အထဲမှာ အကိုတို့ဘက်က ညီမကိုထည့်ပေးမယ် ညီမကရော သဘောတူလား "