မြေပြန့်သူလေး
~~~~~~~~~~~
Part - 50
~~~~~~~
" ကိုကို ဒါကပြင်သစ်မှာတုန်းက ကလေးရဲ့မျက်နှာကို ခွဲစိတ်ပေးခဲ့တာ ဒေါက်တာဇွဲရှင်းသန့်မောင်တဲ့ဆရာဒါက မျက်ဝန်းရဲ့ခင်ပွန်း စဝ်ခွန်မှိုင်းခ "
" တွေ့ရတာဝမ်းသာပါတယ် အကို "
" အကို့မိန်းမရဲ့မျက်နှာကိုခွဲစိတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "
" ရပါတယ်ဗျ ဒါကကျွန်တော်တို့တာဝန်ပါ "
" ဆရာ မနက်ဖြန်ညကျ လာခဲ့ရမယ်နော် "
" စိတ်ချပါ ဆရာလာခဲ့ပါ့မယ် "
" ဟုတ် "
မျက်ဝန်းတို့တွေလည်း စားသောက်ဆိုင်တစ်ဆိုင်မှာ အတူတူနေ့လည်စာစားနေကြခြင်းပင်
" မကြာခင်ညီက Lux Group ကို ဦးဆောင်ရတော့မှာဆိုတော့ အဆင်ပြေရဲ့လား "
" ဗျာ ကျွန်တော့်ကိုသိနေတာလား "
ဇွဲလည်း တကယ်ကိုတအံ့တသြဖြစ်မိသွားရသည်
" အဟက် စီးပွားရေးလုပ်ငန်းရှင်တိုင်း အကုန်သိကြပါတယ် ဦးဟန်ဗညားမောင်ရဲ့ တစ်ဦးတည်းသောသားက မကြာခင် Lux Group ကို ဆက်ခံတော့မယ်ဆိုတာ "
" ဒယ်ဒီကတော့ လုပ်လိုက်ပြန်ပြီဗျာ
ကျွန်တော်က နောက်တစ်လလောက်နေမှ မျက်နှာပြမလို့ကို အခုကတော့အကုန်သိကုန်တော့တာပဲ "" ဟင် ဒါဆိုဆရာ့ရဲ့ ဆရာဝန်အလုပ်ကရော "
" ဒါကတော့ ဆရာ့ရဲ့ ဝါသနာအရပေါ့
ဆရာ့အဖေနဲ့ကတိပြုထားတာရှိတယ် အသက်၂၈နှစ်ပြည့်ရင် အဖေ့ရဲ့လုပ်ငန်းကိုဆက်ခံမယ်ဆိုပြီး "" အော် အဲ့လိုကိုး "
" ကလေး အသားများများစား "
" ဟုတ် ကိုကို "
ခွန်းလည်း အခုထိ တို့ကနန်းဆိတ်ကနန်းစားနေတဲ့ ကလေးရဲ့ပန်းကန်ထဲကို သူကိုယ်တိုင်ပဲဂရုတစိုက်ထည့်ပေးလိုက်တော့သည်
ဇွဲမှာတော့ အရှေ့ကနေ ro ပြနေတဲ့ ရှမ်းတိုင်းရင်းသားကြီးကြောင့် ဒီနေရာကနေတောင်ထပြေးချင်နေပြီဖြစ်သည်
သူ့ကလေးပါးစပ်မှာဆီပေလို့သုတ်ပေးရတာနဲ့
ခွံ့ကျွေးရတာနဲ့ ၊ ရေတိုက်ရတာနဲ့ စုံနေတော့တာပါပဲ