မြေပြန့်သူလေး
~~~~~~~~~~~
❤ Ending ❤
~~~~~~~~~~~~
" သဘောမတူနိုင်ဘူး နှစ်ယောက်သားကဘယ်လိုပဲဖြစ်ဖြစ် "" ကိုကြီးကတော့ သဘောတူပါတယ် "
" ဟုတ်တယ် ငါတို့ရောပဲ "
သူမကလက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေတဲ့ ကိုကြီးမင်းသုခနဲ့ စုစုတို့တစ်တွေကြောင့် မျက်ဝန်းမှာ ဘာပြန်ပြောရမလဲမသိတော့ချေ
သူမတို့တွေလည်း ကလေးတွေနွေကျောင်းပိတ်တုန်း တောင်ကြီးမှာနွေရာသီကိုဖြတ်သန်းဖို့ဆိုပြီးအစီအစဥ်ကြိုဆွဲထားပေမယ့် ခန့်မှန်းထားတဲ့ရက်ထက်မမျှော်လင့်ဘဲ စောလာဖြစ်ခဲ့သည်
ဖြစ်ချင်တော့ ကိုကို့ရဲ့မေမေက ချယ်လေးတို့သူငယ်ချင်းတွေစပျစ်ခြံမှာရှိတယ်ဆို၍ မျက်ဝန်းတို့တွေလည်း စပျစ်ခြံကိုမရောက်တာကြာပြီမို့လာခဲ့ရာ အံ့သြဖွယ်ဖြစ်ရပ်ကြီးကိုမြင်လိုက်ရတော့သည်
" မေမေနဲ့ဖေဖေ ချယ်ကလေ.... ချယ်ကလေ "
" ပြောပါဦး ချယ်ရီ "
ဖေဖေက မေမေ့ပခုံးကိုဖက်ထားပြီး ချယ့်ကိုပြောလာတာမို့ ချယ်ရီလည်းစကားစရှာမရလို့ ဟီးကနဲသာရယ်ပြမိသည်
" ကောင်းမြတ်သူ နင်ကလေးကိုတောင်မချန်ဘူး "
" ဦးသူ့ကချန်ပါတယ် ချယ်ကမချန်တာပါ "
" ဘာကြီး "
နားလည်တဲ့သူတွေကရယ်နေပေမယ့် နားမလည်တဲ့သူတစ်ယောက်တည်းသာရှိတဲ့မျက်ဝန်းကတော့ ချယ်လေးဘာပြောချင်မှန်းစဥ်းစားမရပေ
" ကဲပါမေရယ် ဘာမှမပြောနဲ့တော့နော် "
" ကိုကိုကလည်းမပြောလို့မှမရတာ ကောင်းမြတ်သူကြောင့် မေက မမ အမရာနဲ့ကိုကြီးကိုမျက်နှာပူနေတာ "
" အဟင်း ငါ့ညီမကတော့ဖြစ်ရမယ်ကွယ် ကိုကြီးတို့က ချယ်လေးနဲ့ကောင်းမြတ်သူကိုအစကတည်းက သဘောတူပြီးသား "
" ဟုတ်ပါ့ မေမေတို့လည်းသိတယ် "
" အန်တီတို့လည်းသိပါတယ်နော် "
" ဦးလေးတို့လည်းသိတယ်ဟေ့ "
ဒီတစ်ခါပြန်ပြီး surprise အတိုက်ခံလိုက်ရတာကတော့ မျက်ဝန်းတို့လူငယ်တွေပါပဲ