" ဒေါက်..ဒေါက် .. ဒေါက် ...... အစ်ကိုလေး မေဇင်ပါ "
တံခါးခေါက်သံလေးနဲ့ အတူ အသံပါပြုသံလေးကြားလိုက်ရတော့
" ဝင်ခဲ့ မေဇင် "ကျွီ....
တံခါးလေး ဖွင့်ပြီး အားတုံ့အားနာ မျက်နှာနဲ့ ဝင်လာတဲ့ သူကို သေချာလေး ကြည့်နေလိုက်တော့ ပြောစရာ တစ်ခုတော့ ရှိနေတဲ့ ပုံပေါက်နေတာခံစားမိတော့လဲဘဲ....
" ပြော မေဇင် အစ်ကိုလေး မအားဘူး အပြင်သွားဖို့ ရှိသေးတယ် "
အင်္ကျီ ရွေးရင်း ပြောလိုက်တော့
" အောက်မှာ ဘဘကြီးနဲ့ အန်တီငယ်ရောက်နေတယ် အစ်ကိုလေး ပြီးတော့ လည်း....."
" ဘာဖြစ်လို့လဲ မေဇင် အစ်ကို့ကို ပြော.."
" ခြံထဲမှာ လူတွေ အများကြီးပဲ အစ်ကိုလေး ကို ပြန်များခေါ်သွားဖို့လား မသိဘူး အာ့ဒါ မေဇင် လာပြောတာပါ "
" အောက်ထပ် ကိုဆင်း လုပ်စရာ ရှိတာလုပ် အစ်ကိုလေး ကို ခေါ်ခိုင်းရင် ပြောထားလိုက် နာရီဝက်နေ ဆင်းလာခဲ့မယ် ဆိုတဲ့ အကြောင်း ကို ."
" ဟုတ်ကဲ့ "
အခန်း ဝ လေးကနေ ရပ်ပြောပြီး လှည့်ထွက် ခါနီး
" မေဇင် အစ်ကို့ဖို့ Black Coffee လေး ဖျော်ထားလိုက်ပါ "
" ရှင် "
" လုပ်ထားလိုက်ပါ "
ချပ်...
မေဇင်တစ်ယောက် ခေါင်းနပန်း ကြီးနေပြီ ဖြစ်သည်။ လွန်ခဲ့သော လေးလ ခန့်က စလာတဲ့ ပြသာနာ က အခုဆို ဘဘကြီး ကပါ ရောက်ချလာတော့သည် ။ အစ်ကိုလေးက လည်း Coffee ဖျော်ခိုင်းနေသည်။ အစ်ကိုလေးရဲ့ ပြောင်းလဲ လာတာတွေက အိမ်အတွင်းလေထု ထဲပါ ပြောင်းနေသလိုမို့မေဇင်တစ်ယောက် အတွေးတွေ ဂယက် ရိုက်ခတ်နေတာ ဖြစ်နေ၏ ။