ရာသီတွေအလီလီ....
" ဒေါက်တာ ..အားလပ်ရက် ခရီးသွားဖို့များ ပြင်နေတာလား "
" ဟုတ်တယ် ဆရာမရေ တူမလေးတစ်ယောက်လောကကြီးထဲရောက်လာလို့ အားလပ်ရက်အမှီသွားတွေ့မို့ .. "
" ဟုတ်လား ဒေါက်တာ..ဘယ်နေ့လေးမွေးတုန်း ဒီမှာပဲလား. "
" မဟုတ်ဘူး ဆရာမရဲ့ ကလေးအမေက ရှမ်းပြည်ကဆိုတော့. "
" ဟို... လာနေကျ အစ်ကိုကြီးရဲ့ ကလေးလား "
" သူ့ရဲ့ တူမလေးပါ "
" ဆရာမ မိုးနှင်းရေ .. စကားများနေတာတော်တော့ .. "
" ဟီးဒေါက်တာရေ ခေါ်နေလို့ ပြန်လာမှဆက်မေးတော့မယ်နော် "
ကပြာကယာနဲ့ ထွက်သွားတဲ့ ဆရာမလေး မိုးနှင်းက ခု သူရိန် တာဝန်ကျတဲ့ ဆေးရုံကို အသစ်ရောက်တဲ့ နာစ်မ လေးဖြစ်ပြီး အကုန်စိတ်ဝင်စားပြီး အသေးစိတ်က အစလိုက်မေးတတ်သည် ။ စပ်စုသည့်ကလေးမပေါ့လေ .. ။
' ..Dear Lord,when i get to heaven Please let me bring my man When he comes,tell me that you'll let him in.. '
တစ်ယောက်သောသူဖို့ သီးသန့်ဖုန်းမြည်သံလေးကြောင့် သူရိန် သိမ်းဆည်းနေသည်ကို အလျင်အမြန်ရပ်ကာ
" မောင် .. ရောက်နေပြီလား "
" ...... "
" ခဏလေးနေ ထွက်လာမယ်နော် မောင်စောင့်နေကြ နေရာလေးကပဲ စောင့်နေပေး "
'.'
စောနက အစီအရီ ထည့်နေသည့် HandBag ကို စိတ်မရှည်စွာဖြင့် ထည့်စရာတွေ စုပြုံသိပ်ထည့်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည် ။ နားနေဆောင်က အပေါ်ဆုံးထပ်ဖြစ်နေပြီး လူနာဆောင်ကြား ထဲ ညှပ်နေလို့ Corriader တစ်လျှောက် မပြေးရုံတမယ် သွက်သွက်လေး လာကာ ဝရန်တာလို အပြင်ဘက်ငေးကြည့်လို့ရသည့် ကာထားသည့် ဇကာများကြားကနေ လှမ်းကြည့်လိုက်တော့ မောင့်ကိုတွေ့လိုက်ရသည် ၊ ထုံးစံမပျက် မောင်က လာကြိုတိုင်း တံခါးအသင့်ဖွင့်ပေးဖို့ သူရိန်တက်မည့် ဘက်ခြမ်းက တံခါးကို ကျောမှီလျက်စောင့်နေတာဖြစ်၏ လက်ကိုပိုက် ခြေကိုချိတ်ထားသည့်အရပ်ရှည်ရှည် အသားဖြူဖြူ လေးကို ကန်တင်းတစ်ဝိုက်က ဆရာဝန်ပျိုငယ်တိုင်း အအေးခွက်လေး ကိုင်ရင်း ဟိုအဆောင် သည်အဆောင် ကူးသယောင် ငေးနေလျက် သဝန်မတိုနိုင် သဘောတကျ သူရိန်ပြုံးလိုက်မိသည် ။
" မောင် .. "
လှေကားတစ်လျှောက်မြန်အောင်သာ ဆင်းလာခဲ့လိုက်တော့ ဟိုက်နေသလိုဖြစ်ကာ မောင့်ဆီ ဆက်မသွားနိုင် လက်လေးကာပြပြီး လက်ကိုင်အိတ်ကိုကိုင်လျက် အမောဖြေနေသည်ကို မောင်တွေ့သည်နှင့် ပိုက်ထားသည့် လက်ကိုဖြုတ် ရှေ့သို့ပြေးလာလိုက်တာ ဖြစ်သည် ။
" မပြေးနဲ့လို့ ဒီလောက်မှာထားတာကို "
" မောင့်ကို တွေ့ချင်လွန်းပြီမို့ "
ဆက်မဆူနိုင် လက်ထဲက အိတ်လေးကို လက်လွှဲယူကာ အစ်ကို့ဆီ လက်မောင်းလေး ထိုးပေးလိုက်သည် ။ အစ်ကို့လက်တွေကလည်း လက်မောင်းကြားကို ဆုပ်ကိုင်လိုက်သည်နှင့် လက်မောင်းလေးကို ညှပ်ထိန်းလိုက်ကာ
" မောင့်ကို အာ့လောက်လွမ်းနေတာလား "
" အင်းပေါ့ မတွေ့ရတာ နှစ်လလား ရှိပြီ "
လက်လေး နှစ်ချောင်း ကို ထောင်ပြလျက် ချွဲနေသည့် အစ်ကို့ကို မနေနိုင်စွာ နဖူးပြေပြေလေးအား ဖြတ်ခနဲ နမ်းလိုက်တော့ အံ့အား သင့်စွာ စောနက လက်လေးက လက်မောင်းကို ဖတ်ခနဲရိုက်လိုက်ပြီး ပတ်ဝန်းကျင် ကို ခေါင်းယမ်းနေအောင် ကြည့်နေသူကို ခေါင်းလေးရဲ့ မေးဖျားလေးကို ကိုင်လိုက်ပြီး
" မောင်ကပိုလွမ်းတယ် "
အပိုလိုမပြော လွမ်းရင်လွမ်းကြောင်း ချစ်လိုက်တာ ဆိုတာကြီး ဒီကလေးဆီက ကြားတိုင်းသူရိန် ကြက်သီးထလျက် ရင်တွေတဒုန်းဒုန်းခုန်ရပါတော့သည် ။
" မောင် မျက်မှန်မေ့တတ်လာတာလား "
" ဟုတ်ဘူး ကိုယ်တိုင်ကားမောင်းလာလို့ ရန်ကုန်ဆိုတော့မျက်မှန်တပ်လာလိုက်တာ အချစ်ကရော Duty Coat တောင်ချွတ်မလာပဲ "
ကိုယ်ပေါ်ကို ငုံကြည့်လျက် Coat လေးကို လက်ဖြင့် ကိုင်လိုက်ပြီး
" ကိုယ်ကတော့ တကယ်မေ့ဝတ်လာတာ ဟီး . "
ပြောပြော နှင့် လမ်းလျှောက်လာတာကားနားရောက်တော့ မောင်ဖွင့်ပေးသည့်ဘက်ကနေ အပေါ်သို့ထိုင်လိုက်ပြီး ကားပေါ်ရောက်မောင်တက်မလာခင် Duty Coat လေးချွတ်ခေါက်နေစဉ် ကားပေါ်သို့မောင်ရောက်စဉ်လက်ထဲကပြောင်းယူသွားသည့် HandBag လေးကို နောက်ဘက်ခြမ်းသို့ ထားလိုက်ပြီး မောင်က မျက်နှာနားတိုးကပ်လာတော့
" မောင်လူတွေနဲ့လေ "
အ!
နဖူးလေးပေါ်ရောက်လာသည့် လက်ဖျားဖြင့်တောက်ခံလိုက်ရတာ ဆတ်ခနဲနာကျင်မှုကြောင့် သူရိန် မောင့်အား မကြည်ကြည့်ဖြင့်ကြည့်လိုက်သည် ။
" လျှောက်တွေးမနေနဲ့ ခါးပတ်ပတ်ပေးတာ ရန်ကုန်ကဖမ်းတယ် "
ပြောလိုက်ခါမှ မကြည်ကြည့်ကနေ ရှက်စိတ်တို့ပြောင်းလို့သွားခဲ့ပြီဖြစ်၏ ။
ရွတ်စ် !
" တော်တော့လို့ စောနကပြောတော့.. "
ပြွတ်စ် !
ပါးလေးကို အားပါးတရ နစ်နေအောင်နမ်းနေသည်ကနေ နှုတ်ခမ်းပါးတွေကို ဆွဲငင်အားပြည့်ပြည့် နမ်းရှိုက်လိုက်သူကြောင့် ရင်ဘတ်တခုလုံး တိုးလှုပ်လို့သွားစဉ် စကားလုံးတို့ကလည်း
" မောင်ကသိပ်ကိုလွမ်းနေရတာ "
များမကြာမီ ကားလေးတစ်စီးလှိမ့်ထွက်သွားတော့ ကန်တင်းက စကားဝိုင်းလေးတစ်ခုမှ စပ်စု မိုးနှင်းလေး ရှိနေသည်ကို သတိမထားမိစွာ အတင်းထပြောသည့် ဆရာမများ ကြားက
" ဟဲ့ အာ့ဆရာက ယောကျ်ားရနေတာမလား "
" အေးလေ နင်မသိဘူးလား ခုလာခေါ်သွားတာ သူ့ကောင်လေးလေ "
" အမလေး အေ ရတတ်လိုက်တာ ဒီလိုဆရာ နဲ့ ဒီလိုကောင်လေး ငါတို့ကသေရတော့မလား "
" မနာလိုဖြစ်နေတာလား ညည်းအနေအထားနဲ့ ဆရာ့အနေအထားတူသလား ဂုဏ်တွေချရေးရင်တောင် ရေးမကုန်တဲ့သူနဲ့ နင်က .. "
" နောက်ခံလေးကောင်းတာပါအေ "
" လာကြိုနေတဲ့ ကောင်လေးက ဘယ်သူလဲရော နင်သိလား "
" သူ့လိုယောကျ်ားချင်းကြိုက်တဲ့သူပဲပေါ့ ဘာထူးလဲ ပိုက်ဆံမက်ပြီးကပ်နေတာလဲ ဖြစ်နိုင်တာပဲ "
" နင်.. "
" ဒီမှာ .. မိုးနှင်းတို့ ဒေါက်တာက နာမည်ကြီးခွဲစိတ်ဆရာဝန်တင်မဟုတ်ဘူး ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး နိုင်ငံတကာ သစ်ပင်စိုက်ပျိုးရေးရဲ့ ဥက္ကဌ ပြီးတော့ ဒေါက်တာရဲ့ ကောင်လေးဆိုတာ ရှမ်းပြည်နယ်က စော်ဘွား နိုင်ငံတကာလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် တစ်ဦး အဟင်း နာမည်လေးလည်းမှတ်ထား ဒေါက်တာမင်းသူရိန်ထိုက်အောင်နဲ့ ခွန်စဝ်ငွေအိမ်ထူး တဲ့ ."
" နင်ဘာတွေလာပြောနေတာလဲ ဟဲ့. "
" မရောက်နိုင်မှန်းသိတော့ မှီရာသဲလှမ်းပတ်နေလို့ သဲတွေကိုယ်ပေါ်ပြန်ကျနိုင်ကြောင်း ပြောပြနေတာ စာတွေသိပ်မကျက်နဲ့ ခေါင်းချောင်နေပြီး လှုပ်တာနဲ့ အသံကြားနေရတယ်ဟဲ့ ဟွင့် "
ပြောချင်တာပြောပြီး ခါနေအောင်ထွက်သွားသူကြောင့် ထိုင်နေသည့် နှစ်ယောက်က ခုံကိုထု မတ်တပ်ရပ်လိုက်တော့ မိုးနှင်းက ထပ်မံလို့အသံပြုသည်ကပိုကျယ်လောင်စွာ
" ခုခေတ်ကြီးမှာ Sexual Desire ကို အတင်းပြောနေသူတွေကို အံ့ဩ လိုက်တာရှင် လူတွေရယ် "
မိုးနှင်းအသံပြု အနောက်ကမတ်တပ်ရပ်ပြီး ရန်ပြန်လုပ်ချိန်က ကွက်တိကျကာ ဘေးဘီတစ်ဝိုက် အကုန်လုံးက ကြည့်နေပြီး မျက်မှောင်ကျုံ့လိုက်သူ ပုံလှမ်းရိုက်သူတို့ဖြင့် နောက်ဆုံးသူတို့ နှစ်ယောက်ပဲ ထွက်သွားလိုက်ကြတော့၏ ။
" မောင် ကိုယ့်အိမ်ကို အရင်ပို့ပေး သယ်စရာရှိလို့မေဇင်ကိုမှာထားတာ "
" အချစ် အနောက်ကိုကြည့် "
ဘာလဲ? ဆိုသည့် အကြည့်က အနောက်သို့အကြည့် မောင်က အိမ်ကိုဝင်ခဲ့ပြီပဲ ... ။
" မောင် "
" ဟင် "
"ကိုယ်တို့ လက်ထပ်ရအောင် "
ကျွီ..!
" ကားကို အာ့လိုရပ်ရင် အဖမ်းခံရလိမ့်မယ် "
" မောင့်ကားနံပါတ်ကို ဘယ်သူမှ မဖမ်းရဲဘူး နေပါအုံး ဘာပြောလိုက်တာ "
" ကိုယ်တို့ အတူနေကြတော့မလားလို့ "
" အာ့ဒါမဟုတ်ဘူးလေ လက်ထပ်ဖို့ပြောတာ "
" မောင် မပြေလဲ "
"အချစ်က ဆိုးတယ် မောင်ကို့နည်းနည်းမှ အခွင့်ရေးမပေးဘူး .. "
ကားစတီယာတိုင်ပေါ် မှောက်ချလိုက်သူကြောင့် သူရိန်ကြောက်ကာ ကျောဘက်လေးကို လက်တင်လိုက်ပြီး
" မောင်ဘာဖြစ်သွားတာလဲလို့ "
" .... "
"မောင် "
ဆူပုတ်နေသည့်မျက်နှာကြီးပေါ်လာပြီး သူရိန်ကို စိုက်ကြည့်နေသည်က သူရိန် လန့်သွားကာ
" ခဏစောင့်မြန်မြန်ပြန်ရမယ် ခုချိန်ကစတိတ်တိတ်လေးနေ "
ဒါတင်ပြောပြီး ကားပြန်မောင်းလိုက်သူ မောင့်ကြောင့်သူရိန်လည်း စောဒက တက်မနေတော့ပဲ ငြိမ်လိုက်လာတော့သည် ။ ကားလမ်းကို သူရိန်ကြည့်ရင်း Ruby ဘက်ကို သွားနေမှန်းသိသည် ။ ဒီကလေးရဲ့ နေရာကောင်းကြိုက်တတ်သူပီပီ ရန်ကုန်မြို့ပေါ်တွင် အိမ်အတော်များပိုင်နေပြီးသားဖြစ်ကာ သူ့ထပ်တောင် ချမ်းသာသေးသည် ။ ဆရာဝန်လုပ်ပြီး အိမ်သေးလေး တစ်လုံးသာပိုင်သည့် ကိုယ့်အဖြစ်ကိုယ်တွေးပြီးကားပြတင်းပေါင်အပြင်ဘက်ကိုကြည့်နေလိုက်မိ၏ ။ အကြည့်လေးလွှဲတုန်း ဖုန်းပြောနေသူကြောင့် နားညည်းလာသည် ။
" တိုးတိုးပြော... "
" ဟင် မောင်ပြောတာ အချစ်နားလည်လို့လား "
ဟုတ်တော့ ဟုတ်သား မကြည်သည်နှင့် ပြဿနာ ပတ်ရှာသလိုဖြစ်ကာ နားမလည်သည်ကိုနားညည်းသည်ပြောလိုက်မိတာကြောင့် သူရိန် ပိုလို့ပင် စိတ်ဆိုးကာ တစ်ဖက်လှည့်သွားတော့သည် ။ ပင်ပန်းလာသည်နှင့် နောက်ဆုံးခေါင်းစောင်းရင်းမှီလျက်အိပ်ပျော်သွားတော့ပြီဖြစ်သည် ။
' သေချာပြင်ထားပေးနော် '
" အစ်ကို.. အချစ်လေး လာ "
ကားတံခါးကနေ ခေါ်နေသူကြောင့် ညောင်းညာနေသည့်ကိုယ်လုံးလေးကို တွန့်လျက် လျှိုဝင်လာသည့် တခေါက်ကွေးကြားက လက်လေးကြောင့် လက်တို့ကို အရှေ့ဘက်က မြင်လိုက်သည့် လည်ပင်းပေါ်တင်လိုက်တော့သည် ။
" မအိပ်နဲ့အုံးခဏနေ Flight တက်ဖို့ရှိသေးတယ် အာ့ကျမှ အိပ်"
မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားပြီး
" ဟင် ဘာကြီး "
" အရေးကြီးလို့ ဒီည ပဲ ပြန်ကြမယ် အချစ်ပါလိုက်ခဲ့ နောက်တစ်နာရီခွဲလောက်ဆို ထွက်ကြတာပေါ့ "
သွားမှာပဲကိုနည်းနည်းလေး စောရောက်သွားလို့လဲ ကိစ္စမရှိပါ ။ ဆိုဖာပေါ်ချပေးခဲ့ပြီးနောက်
" အလုပ်တွေ ပြေရဲ့လား ပိန်သွားတယ် ချီရတာ "
" ပြေပါတယ် နည်းနည်းပင်ပန်းနေတာက ရက်ဆက်တိုက်ဖြစ်နေတာကို စာလဲ လေ့လာနေသေးလို့ပါ "
" လျော့လုပ်ပါ ယောကျ်ားလုပ်သူ လုပ်စာမလောက်လို့လား "
" ဘာကိုယောကျ်ားလဲ ယူကြမယူချင်ပဲနဲ့ "
" စားဖို့ ကြိုက်တာလေး သယ်လာတယ် နွေးပေးမယ် ခဏလေးမအိပ်လိုက်နဲ့ "
" အင်း "
တီ!
" ဟယ်လို မင်းသူရိန်ထိုက်အောင်ပြောနေပါတယ် "
".... "
" ဟုတ်ကဲ့ ကျွန်တော် ပြန်လာရင်ဆက်သွယ်လိုက်ပါမယ် "
" ဘယ်သူဆီကလဲ အချစ် "
" ဆေးရုံက ကိုယ့် Ward ကဆရာမလေး ကို တခြားဌာနက လာတိုင်လို့တဲ့ အကြောင်းက ကိုယ့်ကြောင့်လို့ပြောတယ် သေချာမမေးမိဘူး "
" အင်း အင်း ကူဖို့လိုရင်ပြောနော် "
" မရှိပါဘူးကျွေးတော့ ဗိုက်ဆာလာပြီး အနံ့က "
လက်ထဲက ပန်းကန်လေးကို ချလိုက်ပြီး မောင်ကိုယ်တိုင် ကောက်ညှင်းလေးကို လုံးနေပြီး အိစက်နေသည့် ဝက်ဂုတ်သားကင်လေးနဲ့ ခွံကျွေးတိုင်း ပုံမှန်အရသာထပ် ပိုကောင်းတာအမှန်ပင် ။ သူရိန်က အစားစာ ဂျီးမများတတ်သော်လည်း ကြိုက်သည့် မုန့်တစ်မျိုးကိုသာ စွဲစွဲမြဲမြဲဖြင့် ထိုနေရာ ရောက်တိုင်း ထိုမုန့်ကိုသာ စားတတ်သည် ။
" မောင့် ဒီဟာကိုလေ ရန်ကုန်မှာ လုပ်ရောင်းရအောင် လူတွေကြိုက်လောက်တယ် "
" ခုတောင် မအားတာ ဆိုင်ဖွင့်လိုက်ရင် မောင်မျက်နှာတောင်မြင်ရပါ့မလား "
" မောင်ကလည်း ဆိုင်က အမြဲသွားဖြစ်တာမှ မဟုတ်တာ "
" အလုပ်လေးလျော့လုပ်ပါအုံး မောင့်ကိုအချိန်လေးပေးပါအုန်း နော် "
ကလေးဆန်လိုက်တာလို့ ရေရွတ်ရအောင်လည်း တကယ်ကြီး ( ၇ ) နှစ်ငယ်သည့် ကလေးမဟုတ်ပါရောလား .. ။
" အင်းပါ မောင့်ဖို့အချိန်ပိုပေးမှာပါ "
" ရေမိုးချိုးမနေနဲ့တော့ ရေပတ်လေးတိုက်ပြီး သက်သောင့်သက်သာလေးလဲဝတ်လိုက် မောင် ပြင်ထားတယ် "
သူပြောသမျှကို လိုက်လုပ်နေမိသည်ပဲ ပြောပြော .. လုပ်ပေးသမျှ က အချိန်အခါသင့်ကိုက်နေသည်မို့ အလိုက်သိစွာ သူရိန်ဘယ်သောအခါမှ မငြင်းမိပေ ။
ပြင်ပေးထားသည့် ရေချိုးခန်းက အဝတ်စတို့နှင့် ပြောသလို ရေပတ်ပဲ တိုက်လိုက်ပြီး Bathrode ဖြင့်ထွက်လာတော့ အခန်းထဲက ကုတင်ပေါ်မှာ မောင်Ipad ကို အသည်းသန်ကြည့်နေသည်မို့
" ဘာတွေ အာ့လောက်အလုပ်ရှုပ်နေတာလဲ "
ပြာယာသွားသည်ကို ပြန်ထိန်းလိုက်သူကြောင့်
" ဝတ်ဖို့ကော .. "
" ခုလိုကြည့်လိုက်တော့ Bathrode နဲ့ အချစ်က ပိုမိုက်တယ် လာပါအုံးမောင့်ဆီ "
ပေါင်လေးကိုပုတ်ပြနေသူက လူကိုမလေးစားသလို ခံစားရကာ
" မင်းထပ်အကြီးကို ပြောနေပုံကိုက မလေးမစားနဲ့ "
" လေးစားပါတယ်ဗျာ အာ့လိုမထင်လိုက်ပါနဲ့ ဒီမှာ အဝတ်က "
ကုတင်ပေါ်တင်ထားသည့် အဝတ်တို့ကို ယူဝတ်လိုက်သည်ထိ မောင်က တစ်ချိန်လုံးကြည့်နေခြင်းဖြစ်ကာ
" တော်လိုက်တော့ လူကဝတ်လို့ဖြင့်ပြီးနေပြီ "
" ခဏတော့လာပါအုံး မောင့်အချစ်ကလေးရဲ့ "
ပြင်ပေးထားသည်က အထဲဝတ် လက်ရှည်ရှပ်ကော်လံအင်္ကျီကို အပေါ်ဝတ် Vest ကိုအသားရင့်ရောင် လက်ရှည်ဖြစ်ကာ Pant ထဲထည့်မဝတ်တော့ဘဲ လူငယ်စတိုင် အပြင်ဘက်ကို အောက် ရှပ်အင်္ကျီအချွန်ဖျားလေးက ထွက်နေခြင်းဖြစ်သည် ။ ပေါင်ပေါ်ကို ထိုင်လိုက်တော့ ခေါင်းတစ်လုံးလောက်မြင့်သွားသည့် သူရိန်က နဖူးလေးကို ဖြတ်ခနဲနမ်းလိုက်တာ ရှက်သွားသလိုနားရွက်ဖျားတွေရဲတွတ်သွားပြီး သူရိန် ရင်ဘတ်ထဲတိုးလာပြီး လက်တစ်ဖက်က ချထားသည့် ခြေထောက်တို့ကို ဆွဲမလိုက်တော့ ထိုင်လျက်ဖြင့်ဆွဲပွေ့ခံထားရသည့်ပုံဖြစ်နေတော့သည် ။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် သူရိန်လက်တို့သည် မောင့်ပါးပြင်တွေထပ် ပွတ်သပ်လိုက်တော့ပြီဖြစ်ကာ
" မောင့်ကိုချစ်တယ် "
မောင့်သွားတက်လေးတွေပေါ်လာပြီဖြစ်ကာ မောင်ရှက်သွားမှန်းသိပ်ကိုသိသာသည် ။ မောင့်အသားဖွေးဖွေးက ရဲတက်လာတိုင်းကော်ဖီရောင်ဆံပင်လေးဖြင့် မျက်နှာထပ်က ရဲလျက် မျက်ခုံးနှင့် မျက်ခွံကြားက မှဲ့နီလေးက ရဲလာတတ်တာကို သူရိန်သိပ်သဘောကျသည် ။ နောက်တစ်ခေါက် ထိုမှဲ့နီလေးအား ဖိကပ်နမ်းလိုက်တော့သည် ။
" မောင်ကလည်း ချစ်လိုက်တာများ ရူးတော့မယ်ဗျာ"
အခန်းတွင်း ရယ်သံတွေ ပျံ့လွှင့်လာပြီး ဖုန်းလာတော့မှ ခွန်လေးတို့ အခန်းထဲကထွက်လာလိုက်ပြီး လေယာဉ်ကွင်းသို့ သွားဖြစ်ကြသည် ပုံသေဆို Ruby ကနေ ပဲ Jet ရောက်လာပေမယ့် ဒီနေတော့ ကွင်းကနေပဲ စီးရအောင်တဲ့လေ
" မောင် ဘယ်လောက်တောင်ချမ်းသာလဲဟင် "
" မောင်တို့ နှစ်ယောက် လေးဘဝလောက်ထိ အသာလေးထိုင်စားလို့ရတယ် "
" အာ့ဒါပြီးရင်ကော "
" ရှာစားကြတာပေါ့ "
ဟ ဟ
" ဒီတစ်ဘဝ တော့ ကောင်းကောင်းလေး နေလို့ရတဲ့ထိ ချမ်းသာပါတယ်ဗျ အချစ်ဖို့ မောင့်မေတ္တာတွေကြောင့် အေးချမ်းစေမှာပါ "
တစ်ချက်ချက်ထပြောတတ်သည့်မောင့်စကားလုံးတွေကလည်းရင်တစ်စုံဟာတကယ်ကို လှုပ်ခတ်ရပါသည် ။
" မောင် အာ့ဆို ထိုင်ပဲစားကြရအောင် ကိုယ့်မှာလေ အိမ်မက်ရှိတယ်သိလား လျှောက်သွားချင်တာ နိုင်ငံစုံနယ်ပယ်စုံကို လျှောက်သွားကြည့်ချင်တာ "
" အင်း အချစ်ထိုင်စား မောင်ရှာကျွေးမှာပေါ့ "
" စဉ်းစားပေးမယ် "
" အောင်မယ်လေးဗျာ "
ပြောရင်း ဆိုရင်း ကနေ လေယာဉ်ပေါ်ရောက်သည်နှင့် Private လေးဖြစ်ကာ မင်းသူရိန် ဇိမ်ခံနေတော့သည် ။
" ဟိုဘက်ခန်းကဘာလို့ပိတ်ထားတာလဲ မောင် အာ့ဘက်ကော ကူးလို့ရလား "
" ဝန်ထမ်းတစ်ချို့ပါလာတာ ကိုယ်ကပဲ သူတို့အနေစား ချောင်အောင်သွားတွေ့တာ မလုပ်ပါနဲ့လား "
ပြောသည်ကို အသာတကြည်လက်ခံကာ မင်းသူရိန် အိပ်ပြီးသား လိုက်လာမိသည် ။
အချိန်အားဖြင့် လေးဆယ်ငါးမိနစ်လား ကြာလိုက်သည် ။ မောင့်သံတိုးတိုးလေး ကြားလိုက်သည် သေချာကိုဖြစ်သည်။
"ဆက်အိပ် မောင်ချီသွားမယ် "
အင့် ! ဟင့် !
" ဟင် ဘာလို့လဲ မောင်ရှိတယ်လေ "
အိပ်နေတာ သက်သောင့်သက်သာ မရှိလို့ထင်ပါရဲ့ လူးလွန့်နေသူကို ပေါင်ပေါ်ဆွဲပွေ့ကာ
" အိုက်ထွန်း မြန်မြန်လေး သတိထားမောင်း"
" ဟုတ်ကဲ့ ခွန်လေး "
အရေးတကြီး ဘယ်ကိုသွားနေသလဲ ဆိုတာ သူရိန်မသိနိုင် သူရိန် သိသည်က တူမလေးကို ကြည့်ရန်ပင် ... ။
Surprise !!!!!
အိပ်ရာနိုးနိုးခြင်းကြားလိုက်ရသည့်အာကာ အသံကြောင့် သူရိန် လန့်ဖြန့်သွားပြီး ထထိုင်လိုက်မိတော့သည် ။
" ဟင် မင်း.. "
" အိပ်နေလိုက်တာများကွာ "
" မောင် .. "
ဘေးဘက်ကုတင်ပေါ်ကော အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တော့ မောင်နှင့်တူတာ မတွေ့သည်နှင့်
" ရှာမနေနဲ့ မျက်နှာသစ် ဟိုမှာ မင်းလဲဖို့တဲ့ မင်းပြီးရင်ခေါ်လာခဲ့တဲ့လေ ငါစောင့်နေမယ် မြန်မြန်လုပ် "
" ငါတို့ဘယ်ရောက်နေတာလဲ "
" ဪ မပြောဘူးလား ယောက်ဖပိုင် မြေကွက်ပဲ လှတယ် မင်းခဏနေတွေ့ရလိမ့်မယ် "
................................................
" ဟော သမီးလေး ဟိုမှာ ဦးငယ် ဆင်းလာပြီ "
" ဦးကြီးပါ ခေတ်ရယ် "
ဘုန်း
လက်မြန်မြန်ကိုရှောင်နိုင်သူ ကင်းမဲ့စွာ အာကာကတော့
" အတော်သတိရနေတာ အာ့ဒါကို "
" သမီးလေး အု့ အဲ့ ရုပ်ဆိုးလိုက်တာကွယ် ဦးငယ်ငယ်ကလို ရုပ်ဆိုးမှဖြစ်မယ်နော် "
( ကလေးသူငယ်တွေကို ငယ်စဉ်မှာ အကောင်းတွေ မပြောတတ်တာ ရှမ်းပြည်မှာ ဓလေ့တစ်ခုပါ ကောင်းတာတွေမကြုံရမှာစိုးရိမ်တယ်လို့တော့ သိပါတယ် ၊ တခြားတွင်လည်းရှိနိုင်သည့် ဓလေ့မို့ မှားခဲ့သည်ရှိသော် ... )
" ရုပ်ဆိုးချက်ကွာ "
" ဟုတ်ပါ့ "
" ဒါနဲ့ ဟျောင့် ဟိုအပေါက်ကနေ အပြင်ကိုထွက်လိုက် ယောက်ဖရှိတယ် "
" အင်း "
" ဘယ်ချိန်ထဲကပြောဖို့စောင့်နေလဲ မသိတန်းနေအောင်သွားတော့တာပဲ "
" ခေတ်တို့လဲ လိုက်ရအောင်ကိုကို "
ကလေးကိုဘေးက ကလေးထိန်းလက်ထဲထည့်လိုက်ပြီး အာကာကလည်း မိန်းမဖြစ်သူကိုယုယုယယ ထွေးပွေ့လိုက်ပြီး တွဲလာလိုက်သည် ။
" မောင်. "
" .... "
" မောင် .. အွင့် "
နောက်ဘက်ဆီကနေ ခါးပေါ်ရောက်လာသည့်လက်ကြောင့်
" ဘယ်ကနေရောက်လာတာလဲ နောက်ကနေ ..လန့်သွားရော "
" လှလား "
" အင်း ဒါဘယ်နေရာလဲမောင် .. "
" အချစ်ဖို့သီးသန့်ဆောက်ထားတဲ့ အိမ် "
" ကိုယ့်ဖို့ အင်း မြင်ကွင်းကိုကြိုက်တယ်မို့လား "
" အင်း .. မောင် ခဏလွှတ်ပါအုံး "
" ခဏလေး မောင်ရင်တုန်နေလို့ . "
" ဟင် ရင်ဘတ်အောင့်တာလား ဘာဖြစ်တာလဲ "
" ခဏလေးပဲ ခဏလေး .. မောင် တစ်ကနေ သုံးအတွင်းလွှတ်ပေးမယ် "
တစ် !
နှစ် !
သုံး !
မောင်ကလွှတ်လိုက်ပြီး သူရိန် ကိုယ်လေးကိုလည်းနောက်ဘက်သို့ ဆွဲလှည့်လိုက်တော့ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားကာ မောင်က သူရိန်လက်ဖျားတွေကိုဆွဲယူလိုက်ပြီး
" ဟိုး တောင်ဘေးနားကနေ မြင်နေရသည့် ရောင်စုံပန်းလေးတွေတွေ့လား အချစ် "
" အင်း တွေ့တယ်လေ "
" မောင့်အချစ်ကသူတို့လိုပဲ "
" ဘာဆိုင်လို့လဲ "
" စားဖူးသူတိုင်းစွဲလမ်းသွားရော အလွန်အကျွံလုပ်လို့လည်း မရဘူး မရှိလို့လည်း မဖြစ်ဘူး တန်ဖိုးကြီးလည်း တွေ့ချင်တိုင်းတွေ့လို့မရဘူး "
" ဘာပန်းမို့လဲ မောင် "
" Poppy Flower "
ရုတ်တရက် သူ့ကိုယ့်သူ တင်စားလိုက်သည့်ရယ်ချင်စရာကြီးကို မင်းသူရိန် မရယ်ပဲ မနေနိုင်စွာ
" မောင်ကလည်း ပေါက်ကရတွေ ပြောတတ်လိုက်တာဘယ်သူသင်ပေးလိုက်တာလဲ "
" အခုစပြီ မောင်ပိုင်ဆိုင်မှုတွေထဲကနေ အချစ်ကို ပေးနိုင်တဲ့ထဲက တန်ဖိုးရှိဆုံးသော မောင့်ကိုယ့်မောင် .. "
ပြောနေခြင်း အောက်ဘက်သို့ ထိုင်ချတော့မလို ပုံဖြင့် ဒူးတစ်ဖက်ထောက်ချသွားပြီး သူရိန်လက်တွေကိုတော့ ကိုင်ထားဆဲဖြစ်ကာ
" ဟော မြင်နေရတယ့် ဘေးပတ်လည်တစ်ခွင် မောင်ပိုင်တယ် မောင်လိုချင်လို့လည်း မဟုတ်သလို မတောင်းဘဲရခဲ့တဲ့ အရာတွေ အခုတော့ မောင့် ကိုယ့်ကို ပိုင်ချင်တယ် မောင့်ကို လက်ထပ်နိုင်မလား ? "
မနေ့ညက ပြောတုန်းက ဘာကိုမှ ပြန်မပြောဘဲ အခုလိုကြတော့ မင်းသူရိန် ကြောင်အစွာ ဘာကိုမှ ပြန်မပြောနိုင်
" မောင့်ဖို့ ကိုယ်က ခြောက်သွေ့နေတဲ့ ကန္တာရထဲ Oasis တစ်ခု တွေ့လိုက်ရသလို မောင်ငယ်ရွယ်စဉ်မှာ လေးစားအားကျရတဲ့သူဖြစ်ခဲ့တယ် ၊ အချိန်တစ်ခုမှ ကာကွယ်ပေးချင်တဲ့သူ ဖြစ်လာတယ် ၊ အခုတော့ မောင် ပိုင်ချင်တယ် "
ပြောလာသည့် စကားလုံးတိုင်းကို တိမ်ဝင်သွားသည့် အသံလေးကြောင့်ပဲလား မင်းသူရိန် မျက်ဝန်းထပ်က စိုစွတ်လာလို့ပဲလား သေချာတွေ မသိတော့ပေ ၊ မောင်ကိုင်ထားသည့် လက်ဖျားလေး လွတ်သွားပြီး မောင်အိတ်ကပ်ထဲက အရာလေးတစ်ခုထွက်ပေါ်လာသည်က
" မောင့်ကိုလက်ခံမယ်မလား "
" လက်ခံလိုက်ပါဗျို့ လူပျိုကြီး မူမနေနဲ့ "
"ဟေးးး လက်ခံလိုက်ဗျို့ "
" ကျွန်တော့် အစ်ကိုအဖိုးတန်လေးနော် "
ဘေးဘက်တစ်ဝိုက်ကအသံတို့လာရာက လူတွေကြည့်ဖို့ သူရိန် လက်တစ်ဖက်ဖြင့် မျက်နှာကို ပွတ်သပ်လိုက်ပြီး သေချာလေး ကြည့်နေမိသည် ။
" ဟင် ! .. အဘိုး. က "
အဝေးနားမှာ မတ်တပ်ရပ်လျက်စောင့်နေသည့် အဘိုးနှင့်တီလေး တို့က သူရိန်ကို ကြည့်ကာ ပြုံးပြနေတော့သည် သေချာလေး မြင်လိုက်ရသည် အဘိုးရဲ့ ခေါင်းငြိမ့်လိုက်သည့် အမူအယာလေးကြောင့်
" မောင်က ကိုယ့်ရဲ့ ရှာဖွေရာလေးပါ "
ဟေး! ! ! ! ! !
" လက်ခံလိုက်ပြီကွ! ! ! "
မောင်က လက်စွပ်လေး စွပ်ပေးလိုက်ပြီး သူရိန်ကို ပွေ့ဖက်လိုက်ကာ ကျောဘက်ကို ပွတ်သပ်နေတော့သည် ။ မောင် ကစီစဉ်ထားသော်လည်း သူရိန် ရုတ်တရက်ပြောလိုက်လို့ အသည်းသန်ထစီစဉ်သည်ကို သိလိုက်ရတော့ ရယ်တောင်ရယ်ချင်မိသွားသည် ၊ ဒါကြောင့် သူ့ကို အခွင့်ရေးမပေးဘူးပြောတာကို ကားပေါ် တောက်လျှောက် ဖုန်းပြောလာပြီး အဘိုးတို့နှင့် လေယာဉ်တစ်ခုတည်းပေါ် ညာတင်လာသေးသည် ။ မောင့်ကိုတော့ ဆုံးမရမည် ။
သည်လိုနှင့် မောင်နှင့် ကိုယ်တို့ တရားဝင်လက်ထပ်မှတ်ပုံမတင်သည့်တိုင် မိသားစု ဂုဏ်ပြုပွဲလေးဖြင့် အသိမှတ်ပြုခဲ့ကြပြီဖြစ်သည် ။
" မောင် မောင် ထထ ကိုယ်အရေးတကြီး ဆေးရုံသွားဖို့လိုလို့ "
" ဟင် ဘာလို့လဲ ကိုယ် "
" အရေးပေါ် လူနာရောက်လို့ "
" အင်း အင်း "
မောင်က ရန်ကုန်ကို လိုက်နေပြီး တစ်လကိုတော့ တစ်ပတ်လောက် ရှမ်းပြည်ဖက် ပြန်ဖြစ်သည် ။ အာကာတို့က အမြဲတစေ အခြေကျနေသူမို့ ခွန်လေးတို့ မိသားစု ကိုသေချာစောင့်ရှောက်ပေးနေပြီဖြစ်ရာ မောင်ကတော့ သူရိန်နားမှာသာ နေတတ်တော့သည် ။
" မောင် မနက် Flight တက်မယ်မလား ပို့ပြီးပြန်နားတော့နော် "
" ရတယ် ကိုယ်မကြာရင် မောင်စောင့်လိုက်မယ် ညဘက် ကားငှားရခက်တယ်မို့လား "
" အာ့ဆို နားနေခန်းက အိပ်စောင့်"
" ဟင့်အင်း ဆေးရုံနံ့ကြီး မောင်မကြိုက်ဘူး "
" ဆရာဝန်တော့ ကြိုက်တယ်ပေါ့ "
" ချစ်တာဗျ ချစ်တာ "
မောင်နှင့်တော့ စကားလုမပြောနိုင် အတူနေပြီး နှစ်နှစ်ကြာသည်ထိ မောင်က အရာအားလုံးထပ်ရှေ့မှာ သူရိန်ကို ထားကာ ဦးစားပေးသည် ၊သူရိန် ဖြစ်ချင်တာကို ဦးစားပေးတတ်သည် မောင့်ကိုတွေ့ခဲ့ရတာ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကံကောင်းခြင်းဖြစ်သည်။ မောင့်ဖို့လည်း အာ့လိုလူဖြစ်ချင်သည် ။မကြာခင် ဆေးရုံ အလုပ်ကနားတော့မည်လို့တွေးထားပြီး မောင့်ကိုတော့ နောက်မှပြောရမည် ။
" ရပြီ မောင် ကိုယ်ဒီမှာဆင်းမယ် ပါကင်ကဆို ကြာလို့ "
" ဖုန်းဆက်လိုက်နော် "
ရွတ်စ် !
" ဟုတ်ပြီ မောင် "
ကားပေါ်တွင် ကျန်ခဲ့သည့် မောင့်အပြုံးတို့ကို အဓိပ္ပါယ်တို့ကို သိလိုက်မည် မဟုတ်ပေ ။
မောင့်ဘဝမှာ အစ်ကို့ကိုပိုင်ဆိုင်ရတာ သိပ်ကိုပြည့်စုံနေပါပြီ။ ရှေ့လျောက်ဖြတ်သန်းမှုတိုင်းကိုလည်း မောင့်ဘဝမှာ အရာအားလုံးထပ် အစ်ကို့နှင့်သာရှိချင်တော့သည် ။
ဆယ်ကျော်သက်အရွယ်မြင်ခဲ့ရသည့်အစ်ကို့ရဲ့ ပေါ့ပါးသွက်လက်နေသည့်အပြုံး
အစ်ကို့ရဲ့ မှတ်ကျောက် ဘွဲ့ရချိန်ကခိုးကြည့်ခဲ့ရတဲ့ အပြုံးတွေ
အစ်ကို ချစ်ရသူနဲ့ ရှိနေချိန် ပြုံးနေတတ်သည့် အစ်ကို့ နားမှာ ကျွန်တော် တောက်လျှောက်မရှိခဲ့ဘူး.. ။
အစ်ကိုပြိုလဲနေချိန် ၊ အစ်ကိုလမ်းပျောက်နေချိန် ၊ အစ်ကို့ဖို့ တစ်စုံတစ်ဦး ကျိန်းသေလိုအပ်နေတဲ့ အချိန် ကျွန်တော်ဘေးမှာရှိခွင့်ရလို့ဝမ်းသာတယ် ။
အခုတော့ အစ်ကို့အပြုံးတွေက ဘယ်တုန်းကမှ မတူတဲ့ အပြုံးတွေ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
ပြီးပါပြီ ။
Note/- Poppy Flower က ဘိန်းပန်းပါ ၊ ရေးရင်းကနေ အပြီးသို့ရောက်သွားသည့်တိုင် မကောင်းဘူးလို့ ခံစားနေရတုန်းပါပဲ အများကြီးလိုအပ်နေတာတောင် လိုက်ပါ ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းကို Chi လေးစားချစ်ခင်လျက်ပါ ။
မြင်ဖူး တွေ့ဖူးသည့် အရာတစ်ချို့ရဲ့ အလှအပကို ထည့်သွင်းရေးခဲ့သော်လည်း မပေါ်လွင်သလိုဖြစ်ခဲ့ရင် Chi အမှားပါ ။
ဖန်တီးခဲ့တဲ့ ခွန်စဝ်ငွေအိမ်ထူး ကတော့ အချစ်ဦးကို သေသည်ထိမမေ့ဘူးဆိုသလို အချစ်အတွက်ဆို ပေးဆပ် ကာကွယ်သွားမယ့် Chi သဘောကျရတဲ့ Character ကို ပုံဖော်မိခဲ့တာပါ ။
ဒေါက်တာ မင်းသူရိန်ထိုက်အောင် ကတော့ ပြည့်စုံနေတဲ့ သူ့ဘဝကြီးက အများကြီးလစ်ဟာနေပြီး အထီးကျန်ရသလောက် ထုတ်ပြခွင့်မရတဲ့သူပါ နွေးထွေးမှုတွေ လိုအပ်နေတဲ့ Character ဖြစ်ပုံဖော်ထားတာပါ ။
အခုလိုတွေပြန်ပြောရင်းက တစ်ဦးတစ်ယောက်ဆီကို သေချာလေး ပုံဖော်မိခဲ့ရဲ့လား ဆိုတာ သံသယဝင်ခဲ့ပါတယ် ၊ ပထမဆုံး အမှတ်တရ အနေနဲ့ ရေးဖြစ်ခဲ့တဲ့ Lost & Found ကို Chi က မကောင်းသည့်တိုင် သိမ်းဆည်းထားပါအုံးမည် ။
If you like this story please vote & comment for me.
Jan.9,2024