လှေကားထစ်တစ်လျှောက်ဆင်းလာလိုက်ပြီး အိမ်ရှေ့ ပေါက်ကို ထွက်လာလိုက်သည် ။
ဆိုင်ကယ် အကောင်းစားလေးဆိုတာတော့ သိသည် အမျိုးအစားတော့ သူရိန်လဲ မသိပေ။
ဆိုင်ကယ်စီးနေကြ သူမို့ထင်ပါတယ် အပေါ်က ဂျာကင်နဲ့လဲ ကြည့်ကောင်းနေပြီး
လက်ထဲလဲ ဆိုင်ကယ် ဦးထုပ်ကိုင်ကာစောင့်နေတော့ အားနာ သလိုတောင် ဖြစ်မိသည် ။
" စောင့်ရတာ ကြာသွားတာလား ဆောရီးကွာ "
" ရပါတယ် ဒေါက်တာ ဖို့ ရော့ "
ဆိုင်ကယ် ဦးထုပ်လေး လက်ထဲ ရောက်လာတော့ နည်းနည်းတော့ ထူးဆန်းသည် ကိုယ့်စိတ်ထဲ ဒီခေါင်းကနေ စွတ်ဖို့ တော်ပါ့မလား သူ့အပေါက်က လည်ပင်းပေါက်လောက်လေးကို ဆိုပြီး ဆိုင်ကယ် ဦးထုပ်ကို မကြည့်ပြီး တွေးနေစဉ်
" ဒေါက်တာ မဝတ် တတ်လို့လား "
" အေးကွ စီးနေကြမဟုတ်တော့လေ "
လက်ထဲက ဆိုင်ကယ်ဦးထုပ်လေးကို ယူလိုက်ပြီး မေးသိုင်းကြိုးဘာညာ အကုန်ဖြုတ် မှန်တင်ပြီး ခေါင်းပေါ်ကနေ စွပ်ပေးတာခံလိုက်ရတော့ ရုတ်တရက်
" ရတယ် အစ်ကို့ဖာသာ ... "
ပြောလို့မဆုံးလိုက် မေးစေ့ ကိုအပေါ်လေးပင့်တင်ပြီး မေးသိုင်းကြိုးလေးပါ တပ်ပေးသွားသေးသည် ။ အို ဘယ်လိုကြီးပါလိမ့်ဆိုပြီး
သူရိန် ရင်ထဲကတော့ရုတ်တရက် လန့်သွားပုံပင်
" ကလေးလေးက ကျွန်တော်ဆီရောက်လာ ရက်ပိုင်းပဲ ရှိသေးတာ ပြီးတော့ ကျွန်တော့် ဆိုင်ကယ်နောက်က လိုက်စီးတာ ဒေါက်တာ ပထမဆုံးပဲ ရယ် "
ဆိုင်ကယ်ရဲ့ ဆီတိုင်ကီလေးကိုပုတ်ပြီးပြောလိုက်တော့ ကိုယ်ကကျေးဇူးတင်ရမလား ရှက်ပေးရမလား တောင် မသဲကွဲချင်ပြီ။
" ရှမ်းပြည်မှာ လူတိုင်းက ဆိုင်ကယ်စီးတတ်ပြီး လူတိုင်းပိုင်နေတော့ နောက်က လိုက်တဲ့ သူလဲ မရှိပါဘူး ဗျာ "
ဘာကြောင့်များ ဒါတွေပါ လာရှင်းပြနေပါလိမ့် ။
" ဒေါက်တာ တက် ကျွန်တော့်ကို မကိုင်ချင် အင်္ကျီကိုတော့ ကိုင်ထားနော် ပြုတ်ကျရင် မလွယ်ဘူး အကွေ့များတယ် "
................................................................
Yein Company's Managing Director ပိုင်စေရာယိမ်း ရဲ့ ရုံးခန်းဆီကိုခြေလှမ်းတစ်ချို့ ဦးတည်နေခြင်းဖြစ်သည်။
ဒေါက်.. ဒေါက် .... ဒေါက်
" ဝင်ခဲ့ "
" မင်္ဂလာပါ Boss အကြောင်းထူးလို့ ရောက်လာတာပါ "
" ထိုင်ပါ "
အလုပ်စားပွဲကနေ ထလာလိုက်ပြီး ဧည့်တွေ့မယ့်နေရာဆီ လာထိုင်လိုက်သည်။
" ဒီပုံတိုင်းဆို နောက်သုံးလ နေရင် ကျင်းပမယ့် ရွေးကောက်ပွဲ နေရာ ရလောက်တယ် အစ်ကိုလေး ၊ ဝန်ကြီးချုပ်ကလဲ လျော့တွက်ထားတဲ့ပုံပဲ လှုပ်ရှားမှုတွေကို မထိန်းချုပ်ထားတော့ အလစ်ဖမ်းလို့ရနိုင်တယ် ကံကောင်းတာက လွန်ခဲ့တဲ့ တစ်နှစ်က Boss အဖေရဲ့ လုပ်ဆောင်မှု အောင်မြင်တယ်လို့ ယူဆ လို့ရနေပါပြီ၊ စော်ဘွားလေးအကြောင်း သတင်းအစအန မရခဲ့တာ တစ်နှစ်ကြာပြီဆိုတော့ နိုင်ငံရေးသဘော အရဆို သေဆုံးတယ်လို့ ပြောနိုင်ပါတယ် "
" လုပ်စရာ ရှိတာ လုပ်ပါ ၊ မှာထားတာ မမေ့ပါနဲ့ အခြေအနေ ဘယ်လိုပဲပြောင်းပြောင်း သဘောထားမပြောင်းတာမို့ ဘာပဲလုပ်လုပ် အာ့ဒီတစ်ခုကို ဂရုစိုက်ပေးပါ တစ်ခြား ဘာကိစ္စရှိအုံးမလဲ "
" ဒါပါပဲ Boss "
" ကဲ သွားလို့ရပြီ "
.......
လေဆိပ်တွင်စောင့်နေတာ တစ်နာရီ လောက်ကြာနေပြီ ရန်ကုန်ကို ပြန်ပါသွားလို့ ဒီနေ့ရောက်မဲ့ Flight ကို မှ Cargo Fee ပေးပြီး ပြန်ယူခိုင်းရတာ ဖြစ်သည်။ အာကာ တို့က တစ်ခါတစ်လေ အရမ်းကိုဂျစ်တိုက်လွန်းသည် ။
" ဒေါက်တာ "
လက်ထဲမှာ ကော်ဖီခွက်လေး ထိုးပေးနေသည့် ခွန်စဝ်ငွေအိမ်ထူး ဆီက ခွက်လေးကို လှမ်းယူလိုက်တော့ သည် ၊ သူလဲပဲ ဘေးခုံမှာ ဝင်နေရာယူလိုက်ပြီး ခြေတစ်ဖက်ကို ချိတ် လက်တစ်ဖက်ကို မင်းသူရိန် နောက် ခုံတန်းပေါ် တင်လိုက်ပြီး ကျန်လက်တစ်ဖက်ကလဲ လက်ဖက်ရည်လို အရောင်ကို ရေခဲ ဖြင့်ထည့်ထားသည့် အအေးကို သောက်နေလေသည် ။
" ညီလေး အစ်ကို့ကို အစ်ကို လို့ခေါ်ပါ အစ်ကိုက ဆေးမကုတာလဲ ကြာနေပြီမို့ ဒေါက်တာလို့မခေါ်လဲရပါတယ် အခုရောက်နေတာကလဲ ညီလေး အစ်မရဲ့ ဆေးရုံအတွက် ကူညီပေးဖို့ရုံလေးပါ "
" အစ်ကို က ကျွန်တော် ဒေါက်တာခေါ်တာ အနှောင့်အယှက်ဖြစ်နေသလိုပဲနော် "
အသည်းအသန် လက်လေးကာပြီး မင်းသူရိန် တစ်ယောက်
" အာ့လိုလဲ မဟုတ်ရပါဘူး .... အစ်ကို ပြောချင်တာက ညီလေး အစ်ကို့ကို ရင်းရင်းနှီးနှီးခေါ်နိုင်တယ်လို့ရည်ရွယ်တာပါ "
မင်းသူရိန်က ဘေးဘက်ကိုလှည့်ပြီးသေချာလေးရှင်းပြပေးနေပုံက ခွန်စဝ်ငွေအိမ်ထူး ရင်ခွင် လေးထဲကနေ ချွဲနေပုံနှင့်တောင့် တူနေသေးသည်။
" လေယာဉ်က ရောက်ရမဲ့ အချိန်ကို အခုထိ မရောက်တာပဲ စိတ်ညစ်လိုက်တာ "
" အစ်ကို Steak ကြိုက်လား "
ချိုအေးအေး စူးရှရှ အသံလေးက မညာပါ ကျွန်တော်ရင်ခုန်တယ်လို့မင်းသူရိန် အတွေးထဲ ရင်ခုန်နေတုန်း
" အစ်ကို ဗျ ကြားလား ကျွန်တော်ဗိုက်ဆာလို့ မြို့ထဲမှာ Steak ကောင်းတဲ့ ဆိုင်ရှိတယ် သွားစားကြမလား "
" အင်းသွားတာပေါ့ ကောင်တာကို တစ်ချက်သွားမှာလိုက်အုံးမယ် "
" နေ နေ ထားလိုက် အစ်ကို ဒီမှာ အိုက်ထွန်းတို့ စောင့်နေလိမ့်မယ် "
သူ့နားရောက်ရင် အရှိန်ဝါ တစ်ခုလို ကို ခံစားနေရပြီး ဘာပြောပြောခေါင်းညိတ်ချင်လောက်တဲ့ အသံအနေအထားကြောင့် စိတ်ထဲတော့ ချီးကျူးမိသည် ။ ဒါကြောင့်လဲ အသက်လေး ( ၁၉ ) နှစ်မှာ ဩဇာညောင်းတဲ့ သူဖြစ်နေတာ မဆန်းကြယ်ကြောင်း အတွေးထဲထပ်မံ တွေးနေစဉ်
" မြို့ထဲသွားရင် နဲ့ လေ အစ်ကို့ကို တစ်ခုလောက် "
" ပြောလေ ကျွန်တော်လုပ်ပေးနိုင်ရင် လုပ်ပေးပါမယ် "
" ဖုန်းSim Card လေးလိုချင်လို့ ပါလာတဲ့ Card က သိပ်အလုပ်မလုပ်ချင်လို့ "
" ရတယ်လေ အစ်ကို ဝင်တော့မဝယ်တော့ဘူး အဆင်သင့်ပြင်ဖို့ ပြောထားလိုက်ပါမယ် "
ထို့နောက် လေဆိပ်ဝင်းထဲကထွက် ဆိုင်ကယ်နား ရောက်လို့ ဦးထုပ်လေး လှမ်းယူတုန်း မမှီလိုက်ပါ မင်းသူရိန် ခေါင်းပေါ် အလိုက်သင့် ဆောင်းပေးလိုက်တော့ အားတုံ့အားနာ ထပ်ဖြစ်ရပြန်သည် ။ ဆိုင်ကယ် စီးလေး စီးထ မရှိတော့ မောင်းတဲ့ သူ အဆင်မပြေမှာလဲ တွေးမိလိုက်တော့
" ဆိုင်ကယ်က စီးလေ့ မရှိတော့ အဆင်မပြေဖြစ်ရင် ပြောနော် "
" မရှိပါဘူး ကွေ့ကြောလေးဆိုကျွန်တော့ကို ကပ်ထားပေး မဟုတ်ရင် လှန်ကျတတ်တယ် "
ခေါင်းတညိတ်ညိတ် နဲ့ နားထောင်နေသည့် မင်းသူရိန်က ချစ်စရာလေးလို့ပင် အသိအမှတ်ပြုလိုက်ပြီး မြို့ထဲသို့ ဦးတည်မောင်းလာလိုက်တာ မြို့လေးက စအဝင်ထဲကရှင်းရှင်းလေးနဲ့ ချစ်စရာလေးလို့ ခံစားလိုက်ရသည် ။ သိပ်မကြာခင်ပဲ SMILE ဆိုတဲ့ ဆိုင်လေး ရှေ့ ရပ်လိုက်တော့ မင်းသူရိန် ဆိုင်ကယ်ပေါ်မှ ဆင်းပြီး သေချာလေးအကဲခတ် ရင်း
ဆိုင်လေးက Vintage Look လေး ဒါပေမယ့် Luxury Vibe & Teenage အငွေ့အသက်လေးနဲ့ တောင်ကုန်းလို အမြင့်ကို ဆန်တက်ရတဲ့ လမ်းလေးထဲ ဖြစ်တော့ အပေါ်ထပ် အောက်ထပ် ဖြစ်နေတာလေးလဲ သဘောကျမိသည် မြင်မြင်ချင်း ပြုံးမိသည် အထိ မင်းသူရိန် သဘောကျနေခြင်းဖြစ်သည် ။
လှေကားလေးကိုလဲ အပြင်ဘက် ထုတ်ထားပြီး လှေကားဘေးမှာသစ်ပင် တစ်ပင်ကလဲ နွယ်တက်နေသေးသည် ၊ လှေကားလေးကနေ တက်သွားသူကတော့ ခွန်စဝ်ငွေအိမ်ထူး ပင်
မင်းသူရိန် ငေးမော ကောင်းနေတုန်းပင် အပေါ်ရောက်နေပြီ ။ မင်းသူရိန်ပါ တစ်ပါတည်း လိုက်ဝင်လိုက်တော့သည် ။
ရန်ကုန်က Roof Top တွေမှာ လုရတဲ့ နေရာ လွတ်ကို ပြေးဦးတာမှန်း သိလိုက်တော့သည် အပေါ်ရောက်တော့ အတွဲတစ်တွဲ နှင့် လုနေတာ ဖြစ်သည် ။
" အစ်ကို တစ်ယောက်ထဲဆို ကျွန်တော်တို့ကို အာ့နေရာလေးပေးပါလား ကျွန်တော့ကောင်မလေးကို ပုံလှလှလေးရိုက်ပေးချင်လို့ပါ "
ပြောနေသူရဲ့ လက်မောင်းကို ကိုင်လိုက်သလို ပုတ်ပေးပြီး
" အစ်ကို့မှာလဲ အရေးကြီးပုဂ္ဂိုလ် ပါလို့ကွာ နောက်တစ်ခါ ဆို ကူပါ့မယ် "
အကူညီတောင်းတာ ငြင်းရင် အနည်းနဲ့ အများ ဒေါသ ထွက်နိုင်သော်ငြား အသံအေးအေးက
အမိန့်သံလို ဩရှရှ အသံကို လွန်ဆန်နိုင်မည် မထင်ပါ ။ တစ်ဖက်ကကောင်လေးကလဲ လှည့်ထွက်သွားတော့ မင်းသူရိန်လဲ ဝင်ထိုင်လိုက်ပြီး မကြာပါ Waitress လေး ရောက်လာတော့သည်
" အစ်ကို "
menu book လေး ကမ်းပေးလာတော့သည်။
" ဟို ... ဒီ "
" ကျွန်တော် ပြေတာလေးပဲ မှာလိုက်မယ်နော် အစ်ကို အမဲသားစားလား ဘယ်လောက်ကျက်ပေးရမလဲ အအေးအစား ဒီမှာက ဘီယာ သောက်ကြတယ် ဒီဘက်က ဘီယာ ကြိုက်ကြတာကို "
ပြောသမျှ ကိုနားထောင်လိုက်ပြီး
" အကိုက Well Done ပဲ ဘီယာတော့ မသောက်တော့ဘူး အကို့ဖို့ Passion Juice လောက်ဆို ရပါပြီ "
ပြောသမျှ ကိုလိုက်မှတ်ပြီး Waitress လေးကတော့ လှည့်ထွက်သွားပြီ ဖြစ်သည် ။
" အစ်ကို မေးစရာလေး ရှိလို့ မေးခွင့်ရှိမလား "
" လွန်ခဲ့တဲ့ တစ်နှစ်က ကိစ္စလား "
ကိုယ်တိုင်က မေးဖို့ ရွယ်နေတုန်း တည့်တိုးပြောလာတတ်တာလဲ ဒီညီလေး အကျင့်တစ်ခု ထင်ပါရဲ့ ....ပြန်တောင် ဖြေချိန်မရလိုက်ပဲ
" ကျွန်တော် အရင်မေးလို့ရနိုင်မလား "
မေးဖို့ ခေါင်းလေးညိတ်ပြီးပဲ အသိအမှတ်ပြုလိုက်တော့ မေးလာသည်များ နည်းနည်းတော့ မျက်နှာပူစရာတွေ ဖြစ်နေပြီ ဖြစ်သည် ။
" အစ်ကိုက ယောကျ်ားလေးတွေ စိတ်ဝင်စားတယ် ကြားတယ် သတင်းတွေနဲ့ ပေါက်ကြာတစ်ချို့လဲ သိလိုက်ရတယ် အာ့ဒါအပြင် အစ်ကို အခု ဘာလို့ ခွဲစိတ် တာကိုစွန့်လွှတ်လိုက်ရတာလဲ ပိုသိချင်မိတယ် ဖြေပေးနိုင်မလား "
ချောက်နက်ထဲ ပြုတ်ကျလိုက်သလို မီးရထားခေါင်းတိုင်ထိပ် ကအသံတွေလို ပါ နားထဲ ကြားလိုက်ရပြီး ခြေဖျား လက်ဖျားတွေ အေးစက်လာကာ အာခေါင်တွေ ခြောက်ကပ်လာသလို ပင်
ဘဝမှာ မိမိရဲ့ အကြောင်းအရာ မိမိ က ဘယ်သူ့ကိုမှ ထုတ်ပြောတာမျိုးမရှိသလို ဘာတွေက ဖိအားပေးပေး မှန်သည် မှားသည် တစ်ကြိမ်တစ်ခါမှ ဖြေရှင်းလေ့ မရှိတဲ့ သူ
ရုတ်တရက် အခုလို တည့်တိုးကြီး ကြားလိုက်ရတာ က အတွင်းထဲက စိတ်နှလုံးသားတွေထိ ရိုက်ခက်သွားသလို ခံစားလိုက်ရသည် ။
" အစ်ကို မဖြေချင်ဘူး ထင်တယ် ကျွန်တော် မေးတာလွန်သွားတယ် စကားတွေ သွယ်ဝိုက်ပြီး မပြောတတ်လို့ပါ အကယ်လို့ ."
" အစ်ကို့ အကြောင်းတွေ ကအကုန်အမှန်ပဲ မင်းမေးတာ အင်းဟုတ်တယ် အမှန်တွေကြီးပဲ လိုတာတွေတောင် ရှိသေးတယ် အစ်ကိုပြောပြမယ် မင်းနားထောင်မယ်မို့လား "
ပြောနေရင်း လေထုကြားက မင်းသူရိန်ရဲ့ အသံထွက်ပေါ်လာပြီးတဲ့နောက် လေထုက အေးစက်လာသလို ခံစားလိုက်ရတော့သည် ။
" ကျွန်တော်ဘက်က မေးပုံမေးနည်းမှားတာပါ အဆင်မပြေရင် မပြောလဲ ရပါတယ် "
" မဟုတ်ပါဘူး အစ်ကို ကိုယ်တိုင်က မင်းကိုတော့ ပြောပြချင်တာကြောင့်ပါ နားထောင်မယ်မို့လား "
Nov 5,2023