ခုနှစ် နှစ်ကြာပြီးနောက်
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကွင်း၏ ပြည်ပဆိုက်ရောက် တွင် ပန်းစည်လေးဖြင့် စောင့်ဆိုင်းနေသူကို လူတစ်ချို့ အကြည့်က ရောက်လို့နေသည်။ လှလွန်းလို့လဲ မဟုတ် ကြည့်ကောင်းနေလို့လဲ မဟုတ် ဝှီးချဲပေါ်ရှိသူအား
ဂရုဏာ သက်သော အကြည့်တို့ နဲ့ ထပ်တူ ပူးကပ်ပြီး ပြောစမှတ်တွင်သည့် အကြည့်များ ပြည့်နေတော့သည်။
" ကြာအုံးမလား Edward "
" ဆိုက်ရောက် ပေမယ့် Bag Transfer ကြာနေလို့နေပါလိမ့်မယ် အစ်ကိုလေး "
..........
" ဟော ဟိုမှာ လာပြီ အစ်ကိုလေး "
Edward ရဲ့ အသံအဆုံး မြင်လိုက်ရသည့် သူအား လာကြိုတာတဲ့ ပြေးလို့လည်း မကြိုနိုင်ဘဲ ရောက်လာသည်ကိုသာ ပြုံးပြီးစောင့်နေလိုက်တော့သည်။
" ကိုထိုက် "
လက်တွေကို ဝှေ့ယမ်းပြနေပြီး အပြေးလာနေသူကြောင့် မင်းသူရိန် စိုးရိမ်တကြီး ဖြင့်
" ချော်လဲ တော့မှာပဲ Edward အိတ်ကို လိုက်ယူလိုက်ပါအုံး "
ပြေးဖက်လာသည့် ပိုင်စေရာယိမ်း ပခုံးပေါ်မေးတင်ထားလိုက်ပြီး အပွေ့အဖက်ကို လက်ခံထားရင်း
" ဘာလို့အရမ်းပြေးလာရတာလဲ ချော်လဲမှဖြင့်"
" ကိုထိုက်ကလည်း ကျွန်တော်က ကလေးလား ဒီလောက်တော့ သိတာပေါ့ "
" ရော့ ကြိုဆိုတဲ့ လက်ဆောင် "
လက်ထဲရောက်လာသည့် နှင်းဆီပန်းတွေ ကို တစ်ဝကြီး ရှုရှိုက်နေသည့်ပိုင်စေရာယိမ်းကို ပြုံးကာကြည့်နေသူကြောင့် ဘေးကနေ အသံသာ ဟန့်ကာအသိပေးလိုက်သည်။
" ပေးပေး Edward အစ်ကို တွန်းလိုက်မယ် "
လက်ထဲကနေ ကိုထိုက် ဝှီးချဲလေးကို လက်လွှဲယူလိုက်ပြီးနောက် ကားရှိရာဆီ သွားကာ အိမ်ကိုပြန်ဖို့ ဦးတည်လိုက်သည် ။
" နောက်အပတ်ထဲ မင်္ဂလာဆောင်သာ မရှိရင် ပြန်လာဖို့အတော်ခေါ်ရတာပဲ ပိုင်တို့က"
" အာ့လိုလဲ မဟုတ်ပါဘူး ကိုထိုက်ရယ် ကျွန်တော်လဲ အလုပ်မအားလို့ပါ ဒီတစ်ခေါက် ဖက်စပ်ပရောဂျက်ပြီးရင် အပြီး ပြန်လာမှာပါ မင်္ဂလာဆောင်က ရုတ်တရက်ကြီးပါလား "
" အစ်ကိုလဲ သေချာမသိဘူး အာကာက ရည်းစားလဲမပြပဲ ရောက်လာတော့ ဖိတ်စာကြီးဖြစ်နေတယ် "
"ဘယ်သူတဲ့လဲ ? ကိုထိုက်အသိထဲကပဲလား ? "
" အင်း ကိုယ့် တပည့်မလေးပဲ အလိမ္မာလေးပါ အာကာ နဲ့ ညားလို့နှမြောနေရတာ "
" တပည့်မလေးဆိုတော့ ဆရာဝန်လေးပဲပေါ့ "
" ဟုတ်တယ် စိတ်ရောဂါ အထူးကု ဆရာမလေး အသည်းကွဲလည်း ကုပေးတယ် "
" ကိုထိုက် တို့သွားသင်တာပေါ့ ဒါနဲ့ အိမ်မက်တွေ မက်နေသေးလား နှလုံးကော သက်သာလား "
အမေးတွေ ဆက်နေသူကို အပြုံးဖြင့်သာ တိတ်ဆိတ်သွားသူဆီက ထပ်မမေးဖြစ်တာနဲ့ပဲ ပိုင်စေရာယိမ်းလည်း ငြိမ်နေလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေလိုက်ကာ မိနစ် တစ်ခုကျော်လွန်လာတော့
" Edward "
" ဗျာ အစ်ကိုလေး "
" စောနက နှုတ်ဆက်လိုက်တဲ့ တစ်ယောက်က အစ်ကိုနဲ့ကော သိလား "
အဖြေစကား ချက်ချင်းပြန်မရခင် Edward က နောက်ကြည့်မှန်ကနေ လိုက်ပါလာသူ နောက်တစ်ဦးကို ကြည့်နေလိုက်ပြီး
" ရင်းတော့ရင်းနှီးပါတယ် အစ်ကို တစ်ခုခု ဖြစ်လို့လား "
" အင်း အကြည့်တွေကို သဘောမကျလို့လေ "
" ဘယ်သူနဲ့ တွေ့ခဲ့တာလဲ Edward "
ကြားထဲကနေ မနေနိုင်စွာမေးလာသည့် ပိုင်စေရာယိမ်း မျက်နှာ မှာ ပူပန်မှုတွေ ပြည့်နှက်လို့နေသည် ။
.......................
" Edward နာမည်သိရင် ပြောပြလိုက်လေ အစ်ကိုက မသိလို့ "
" ခွန်စဝ်ငွေအိမ်ထူးပါ အစ်ကိုလေး ခွန်.စဝ်.ငွေ.အိမ်.ထူး "
တစ်လုံးခြင်းဖိပြောလိုက်ပြီး မှန်ကနေပဲ ကြည့်လိုက်ပြီး ပြောလိုက်ပြီးနောက် မှုန်မှိုင်းသွားသည့် ပိုင်စေရာယိမ်း လက်ကလေးအား ကိုင်လိုက်ပြီးနောက်
" ပိုင်နဲ့ သိလို့လား အသိလား ကောင်လေးက ရည်ရည်မွန်မွန်လေးပါ တိုင်းရင်းသားဖြစ်မယ်ထင်တယ် "
" ရှမ်းဘက်က အာဏာရ ပုဂ္ဂိလ်ပါ အစ်ကိုလေး "
" ဪ ပိုင်နဲ့ သိတာလား လို့ ကိုယ်မေးနေတယ်လေ "
" ကြားဖူး မြင်ဖူး ရုံပါ "
" ဒါကို ဘယ်လိုဖြစ်လို့ တစ္ဆေသရဲ တွေ့သလို လန့်နေရတာလဲ "
နဖူးပေါ်ရှိ ချွေးစလေးတွေကို သုတ်ပေးလိုက်သည့် ပြောနေသည့် အစ်ကို့လက်အား ထပ်ကိုင်လိုက်ပြီး
" အစ်ကို ပိုင်တို့ နိုင်ငံခြားမှာ လက်ထပ်လိုက်ရအောင်လား "
မျက်ဝန်း တို့ကို သေချာကြည့်နေလိုက်ပြီး ပြောနေသည့် ပိုင်စေရာယိမ်း သေချာမြင်လိုက်သည် စူးကျုံ့သွားသည့် အစ်ကို မျက်ခုံးတန်းတွေက ငြင်းဆိုတော့မည်ဆိုတာကို ပြနေသလို စိတ်ပျက်စွာပဲ တစ်ဖက်ကို လှည့်သွားသည့် သူအား မင်းသူရိန် အားနာသည်။
သူကလက်ရှိ မသန်စွမ်းတစ်ယောက် ဖြစ်နေပြီး ကုသမှုကို အချိန်ပြည့်ခံယူနေရသည် လက်ထပ်လိုက်ပြီး တခြားတစ်ယောက်ကို ပြုစုဖို့ မလုပ်စေချင်ပါ နှစ်နှစ်လောက်ကြာအောင် ကိုမာ ဝင်နေရာက သတိရလာပြီးတဲ့နောက် လေးနှစ်စာလောက် မှတ်ညဏ်တွေ ပျောက်ဆုံးသွားသည်လို့ သိခဲ့ရတာ ဘယ်လောက်တောင် မတွေးထားတဲ့ ဖြစ်ရပ် မျိုးလဲ ?
ကိုယ်တိုင်လဲ ဆရာဝန်တစ်ယောက်ဖြစ်သည်မို့ ဘာကိုမှ အတင်းကြိုးစားမနေဘဲ နဲ့ အလိုက်သင့်နေဖို့သာ ကြိုးစားသူ ဖြစ်တဲ့ အပြင် ထူးခြားပြီးလဲ စုံစမ်းနေဖို့ မလိုအောင် အရင်ထဲက အေးဆေးနေခဲ့ သူမဟုတ်ပါလား ။
နိုးလာတော့ ရင်ဘတ်က ဒဏ်ရာတွေက လုပ်ကြံမှု တစ်ခုကြောင့်ရယ် ဆိုတာအပြင် ဘာကိုမှလည်း ပိုမသိတာကြောင့်အထွေထူးလဲ ဖြစ်မနေခဲ့ပါ ။
" ကိုယ့်ကို နားလည်ပေးပါ ဒီအခြေအနေကြီးနဲ့ က "
" ကျွန်တော် ပြုစုပေးနိုင်တယ် ပြုစုပေးချင်တယ် ကိုထိုက်ရဲ့ "
ဖန်တရာတေတော့ အကြောင်းပြချက်တို့ပြောတော့မည့် ကိုထိုက် စကားမဆုံးစေရပါ ဒီတစ်ကြိမ်တော့ ရန်ဖြစ်ဖို့လို ပြီ ။
" ကိုယ်က မပြေဘူးလို့ပြောနေတာပဲလေ "
" တစ်သက်လုံး ဒီတိုင်းနေကြတော့မှာလား "
" အင်း ဒီခြေထောက်တွေ မကောင်းမချင်း ကို တစ်ယောက်ထဲပဲနေမှာ "
တစ်ဖက်ကလည်း တိတိလင်းလင်း ငြင်းနေသလို တစ်ဖက်ကလည်း တင်းမာနေသည် ၊ Edward ကတော့ ကားကို သာဂရုစိုက်မောင်းနေရင်း
" အာ့ခြေထောက်တွေက ပြန်မှ မကောင်းနိုင်တာ "
" ကိုပိုင်စေရာယိမ်း "
Edward ဟန့်လိုက်သည့် အသံက ဟိန်းထွက်သွားကာ ပိုင်စေရာယိမ်းတို့ မျက်ရည်များဝဲတက်လာပြီး တစ်ဖက်ကိုသာလှည့်ထားလိုက်တော့သည်။
" အစ်ကိုလေး တောင်းပန်ပါတယ် လန့်သွားစေမိပြီ အဆင်ပြေရဲ့လားဗျ "
" အစ်ကိုကပြေတာမို့ ကားကိုသာဂရုစိုက်မောင်းပါ "
စကားစတို့ ပြတ်နေတုန်းပြန်ဆက်ဖို့လဲ ကြိုးစားမနေတော့ပါ ငါးနှစ် ကြာခဲ့ပြီ ပဲ မဟုတ်ပါလား ? ဝှီးချဲပေါ်မှာပဲ နေရတော့မလား ဆိုတာ ဘယ်သူမှ မသိနိုင်တာမို့ မင်းသူရိန်လည်းသိဖို့မကြိုးစားခဲ့ပါ ၊ နှစ်ရှည်တဲ့ ကိုမာ ရဲ့ အကျိုးဆက်က အကြောသေခြင်းဆိုတဲ့ အကျိုးဆက်ကို ခံစားနေရခြင်းဖြစ်ကာ ဘယ်လိုပင်ကြိုးစား ကြိုးစား မဖြစ်နိုင်တော့ပြီ လို့ ပတ်ဝန်းကျင် တစ်ခု လုံး လက်ခံထားပေမယ့် မင်းသူရိန်ဘေးတွင် တီလေးရယ် အဘိုးရယ် အာကာရယ်ကတော့ တကယ့် အားပေးဖော်ပင် ဘယ်တုန်းက သိခဲ့လဲ မသိပေမယ့် Edward ဆိုသူကလည်း သူ့အပေါ် ဂရုစိုက်လွန်းသည် ညရေးညတာ မေဇင်အစား ကူပေးတတ်လို့ အားနာရသူလဲ ဖြစ်သည် ။ အခုလို မကောင်းနိုင်ဘူး ဆိုသည့် အသံကို ကြားရုံနဲ့ ဟန့်တားတတ်တာ လဲ ကြားရပါများလို့ အလေ့ကျင့်တောင် ရနေပါပြီ လေ။
" ခွန်လေး တကယ်ကြီး ပြန်လာတာလား.. "
မျက်ရည်တွေ ဝေ့ဝဲနေပြီး မျက်စိရှေ့က သူ့ကို ကြည့်ပြီး ပြောနေသူကို ခွန်လေး လက်နှစ်ဖက်ကားပေးလိုက်ချိန်
" တကယ့် ခွန်လေး ကြီး တကယ်ပြန်လာတာ ဟာဗျာ နည်းနည်းပါးပါး ကြိုမပြောဘူးဗျာ "
ဖက်ထားပြီး ကျောပြင်တစ်လျှောက် စမ်းလိုက် မျက်နှာကိုလည်း မော့်ကြည့်လိုက် မျက်ရည်တွေကြားကနေ ပြောနေသူကို ရယ်သာကြည့်နေမိတော့သည်။
ရန်ကုန်မှာ တစ်အောင့်နားပြီး Flight တန်းစီး လာလိုက်သည့် အရှိန်က နှုတ်ခမ်းများပင် ခြောက်လု ဖြစ်ပြီး ဖက်ထားသည့် တင်းကြပ်မှုတို့ကြောင့် မျက်စိတစ်ဖက်မှိတ်ပြီး အောင့်ခံနေသူကို မကြည့် ဆက်တိုက်ကို ငိုနေတာပင်
" လွှတ်ပါအုံး အိုက်ထွန်း.. "
" ဟုတ်တယ် အာ့ဒီ အသံကို လွမ်းနေရတာ "
ပြောကာမှ ပိုဆိုး မျက်ရည်တတွင်တွင်ကျနေသူကို ကြည့်ပြီး ခွန်လေး စချင်လာသည်။
" တော်ပါတော့ တော်ကြာ သေသွားသလိုပဲ ငိုနေတာ "
" အို ဖတ် ဖတ် ခွန်လေး ရာ မနောက်ပါနဲ့ဗျာ မြန်မြန်ပြန် ရအောင် မဟေသီတို့လည်း စောင့်နေတယ် မမလေး ကောပဲ "
" အင်း "
မတွေ့ရတာ ခွန်လေးနှင့် ငါးနှစ်လောက်ပင် ကြာပြီဆိုပေမယ့် ပြန်တွေ့လိုက်ရတိုင်း တစ်ကြိမ်တစ်ခါမှ မပြောင်းလဲသော မျက်နှာသွင်ပြင် က တည်တန်းသလောက် ဖြူလွသည့် အသားအရည်ဖြင့် ခွန်လေးက ပြုံးရယ်တိုင်း သွားတက်လေးက လစ်ခနဲပေါ်လာဆဲ ဖြစ်နေတုန်းပင် ။
" ရုတ်တရက်ကြီးပါလား မင်္ဂလာဆောင်က "
" ဘယ်သူမှ မသိလိုက်တာ တော့ မဟုတ်ပါဘူး ခွန်လေး တစ်နှစ်လောက် ကြိုပြီး မိဘချင်းစကားပြောပြီး မြန်းလိုက်တာပါ ခွန်လေးဆီ မပြောဖြစ်ကြတာဖြစ်ပါလိမ့်မယ် "
" အင်း မင်္ဂလာဆောင်တာတော့ပြောပေလို့ပေါ့ ယူတော့လည်း ကိုအာကာတဲ့လား အိုက်ထွန်းတော့ ကြေကွဲတာပဲ ဟေ့ "
" ခွန်လေး မနောက်ပါနဲ့ မဟေသီ ကြားရင် အသက်တိုရပါအုန်းမယ့် "
" ဟ ဟ စတာပါကွာ အဖြစ်သည်းနေလိုက်ပါ အချစ်ရေးပြေတယ်မို့လား "
" ဟဲ ဟဲ ပြေပါတယ် ခွန်လေး "
ကားပေါ်ကနေ မမြင်မတွေ့ရတာကြာနေသည့် ချိုင့်ဝှမ်းတွေ လယ်ခင်း တစ်ချို့နဲ့ ဆောင်းနံ့ပါတဲ့ လေကို ရှုနေရတာ ကြိုက်သည် ။
" အင်း အစ်ကိုလဲ ရှိရင် ကောင်းမယ် "
" အစ်ကိုလေး လား ခွန်လေး မင်္ဂလာဆောင်ကို လာမယ်ကြားတယ် အစ်ကိုလေးနဲ့ ပြန်တွေ့ရမှာ ငထွန်းဖြင့် ရင်တောင် ခုန်သဗျ ခွန်လေးဆို ပိုဆိုးနေမှာပဲ "
" ဒီမနက်ပဲ တွေ့လာတယ် "
" ဘုရား ဘုရား အစ်ကိုလေး သတိပြန်ရပြီတဲ့လား "
" ပိုင်စေရာယိမ်းကို လာကြိုတာ လေယာဉ်တစ်စီးထဲ စီးလာတော့ လာကြိုရင်းနဲ့ တွေ့လိုက်ရုံပါ "
" ခွန်လေး စိတ်မကောင်းဖြစ်နေတာလား အမှန်တော့ အစ်ကိုလေးက အတိတ်မေ့နေလို့ပါ ခွန်လေး စိတ်ထဲ .. "
" မထားပါဘူး ဒီတစ်ခေါက် ပြန်လာတာ အစ်ကို့ဆီ အပြီးပြန်လာတာ "
ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို တွေးဆဆ ပြောနေခြင်းလဲ မဟုတ် တည်တည်ငြိမ်ငြိမ်လေးကို အသံကြည်လင် ပြတ်သားစွာ ပြောနေတာဖြစ်သည်။ ဒီတစ်ကြိမ်တော့ ခွန်လေး မဟေသီ နှင့် စစ်တကယ် ဖြစ်မည့်ပုံပင် ။
" အစ်ကိုလေး ညနေ ဆရာNicholas လာပါလိမ့်မယ် ကျွန်တော်အရေးကြီးကိစ္စလေးရှိလို့ ခွင့်ပြုပါအုံး "
" နေပါအုံး Edward ဘာလို့ ဆရာလာတဲ့ ရက်တိုင်း စောပြန်နေရတာလဲ ဆရာကလဲ မင်းကိုပဲ မေးနေတာ ဒီနေ့တော့ ဆရာလာပြီး ပြန်ခါမှ အတူပြန်လိုက်ပါ "
" ကိစ္စက "
" အဘိုးဆီကလား အစ်ကိုပြောပေးမယ် "
ဖုန်းခေါ်ဖို့ ပြင်နေသည့် လက်အား ကာတားလိုက်ပြီးနောက်
" ကျွန်တော် နေပါ့မယ် အစ်ကိုလေး အဘိုးဆီတော့ မဆက်ပါနဲ့ "
" အင်း "
မင်းသူရိန် ကိုတပည့် Nicholas အကြောင်းမသိရင် ခက်မည် ၊ ဆေးရုံတွင် ရုပ်တည်သလောက် Edward နှင့်ဆိုပြုံးရယ်နေပြီး လိုက်တောင်စတတ်သေးသည်။ နှစ်ယောက်လုံးက ခေတ်လူငယ် ပညာတတ်တွေဖြစ်ပြီး ဘာကြောင့်များ ခံစားချက်တွေကို ရှေ့ဆက်မတိုးကြလဲ မင်းသူရိန် တကယ်နားမလည်ပါ ဒီခေတ် ချာတိတ်တွေ အတည်ကို ခက်လှ၏ ၊ ခေါင်းကိုအသာခါယမ်းလိုက်ပြီး အတွေးများနေတုန်း
" အ "
" အစ်ကိုလေး ဘာဖြစ်လို့လဲ ခေါင်းကိုက်လို့လား မူးလို့လား "
ပျာပျာသလဲ ဖြစ်သွားသည့် Edward လာခါနီး ဆရာ့ဆီ ဖုန်းပြင်ထပ်ဆက်ပြီးတော့ ခေါ်ရတော့သည်။
" အစ်ကို ခေါင်းအရမ်းကိုက်ရင် မစဉ်းစားပါနဲ့ ဘယ်အကြောင်းသိချင်လို့လဲ မေးပါ ကျွန်တော်ကပြောပြမှာမို့ အရမ်းမစဉ်းစားပါနဲ့ "
နားထင် နားကို ဖိကပ်ထားလိုက်ပြီး ခေါင်းထဲတွင် ပြည့်နှက်နေသည့် သူကိုယ်တိုင်ခေါ်နေတယ့် ချာတိတ်က ဘယ်သူလဲ ?
" ဆရာ အခြေအနေကတော့ကောင်းပါတယ် တိုက်ဆိုင်တဲ့ အရာတစ်ခုခုကနေ ခေါင်းကိုသွားပြီး လှုံဆော်သလို ဖြစ်သွားတာပါ အရမ်းမလုပ်သင့်တာကိုဆရာလဲ သိသားနဲ့ ခေါင်းမမာနဲ့ အချိန်တစ်ခုရောက်ရင် သတိရလာမှာပေါ့ "
Nicholas က ဆရာဖြစ်သူကို ဆရာပြန်လုပ်သလို ဖြစ်မည်ဆိုးကာ စကားတို့ကို ဆင်ခြင်စွာအမြဲပြောတတ်သူဖြစ်ကာ ထိခိုက်မှုတွေ စဖြစ်ကနေ ခုချိန်ထိ ဆရာဝန် တစ်ယောက်ထပ်ပိုစွာ ကုသပေးသည့် သူဖြစ်တာမို့ ကိုယ့်တပည့်ပင် ဖြစ်စေကာမူ မင်းသူရိန်ကတော့
" Doc. ပြောသလို ဆင်ခြင်ကြည့်ပါမယ် "
" ဒီရက်ပိုင်း လေ့ကျင့်ခန်းကနေ တိုးတက်လာတယ် ကြားတယ် ဆရာ့ကို ဘာတွေက တွန်းအားဖြစ်နေတာတုန်း "
" အာကာ့ မင်္ဂလာဆောင်တက်ဖို့ပါ တွန်းအားရယ်လည်း မဟုတ်ပါဘူး "
Nicholas က Denmarkအဖေ ဖြစ်သူကြောင့် ဆံပင်တို့က ခဲဝါရောင်ပေါက်ကာ မျက်လုံးများက Foxy Eye များပိုင်ဆိုင်ထားသည်မို့ ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်ကအမှန်တရားပင် ဒီလိုလူကို ငြင်းနေသည့် ကိုယ့်ရဲ့ ကရင် တိုင်းရင်းသားကိုလည်း အံ့ဩမိပါရဲ့လေ ။
" နာလား ဆရာ "
ခြေသလုံးများကြားကနေ တိုးစိပ် စမ်းသပ်ရင်းက မေးနေသည့်အမေးကို လောကကြီးကို ဘာဖြစ်ဖြစ် ကျေနပ်သည်ဆိုသည့် အကြည့်ဖြင့်
" ဟင့်အင်း အ! "
" ဒီနားလား ဆရာ "
" ဟုတ်တယ် Doc. အာ့ဒီနားက ဆစ်ခနဲ ကျင်သွားတယ် "
" ပိုကောင်းလာပြီပဲ မကြာခင် အာရုံကြောတွေ အလုပ်ဖြစ်တော့မှာပါ "
" Nicholas ဘယ်တော့ Transfer ကျမှာလဲ "
မေးလေသူ မင်းသူရိန်အား ကျော်လွန်ပြီး ထိုင်နေသူ Edward ဆီ မျက်လုံးလေးလှန်ကြည့်လိုက်ပြီး
" ဒီနှစ် Transfer မတင်ဖြစ်ဘူး ဆရာ လက်စွဲတစ်ချို့ လဲရှိနေလို့ "
" ဆရာ့ကြောင့်ဆိုရင်က "
" အာ့လို မဟုတ်တာမို့ စိတ်အေးအေးထားပါ တခြားအကြောင်းကြောင့်ပါ "
" Edward Nicholas ကိုသေချာလေးပြန်ပို့ပေးပါနော် "
" ဟုတ်ကဲ့ အစ်ကိုလေး "
ဘေးက Medical bag ကို ယူလိုက်ပြီး မတ်တပ်ရပ်ကာ ပြန်ပို့ဖို့အဆင့်သင့်ဖြစ်နေကြောင်းပြသူအား ကြည့်လိုက်ပြီး Nichlas ပြုံးနေသည်မို့
" ဆရာမသိခဲ့ဘူး "
" ဘာကိုလဲ ဗျ တစ်ခုခုများ. "
" ဆရာက Nicholas ပြုံးတတ်မှန်းမသိခဲ့တာ "
ပြောလိုက်တာတော့ တစ်ယောက်ပင် မတ်တပ်ရပ် နှင့် အိတ်လေးကိုင်ထားကာ ပါးပြင် တစ်လျှောက် ရဲတွတ်လာသူကြောင့် မင်းသူရိန် ကြိတ်ပြီးသာ ရယ်နေလိုက်မိ၏။
" ဖီ့လာ့ထိ နုမ် " ( အစ်မချစ်ရတဲ့မောင်လေး )
အိမ်ရှေ့ကနေ ကြိုနေသည့် အစ်မဖြစ်သူက မကြာခင် အိမ်ထောင်သည် ပင် ဖြစ်တော့မည် ခုထိမောင်လေးကို ကလေးလေးလိုကြည့်နေဆဲပင်
" ခစ်ထင်မာ့ ဖီ " ( လွမ်းတယ် အစ်မ )
" ဖီ ယူလောလ် " ( အစ်မကောပါပဲ )
" ခွန်မယ့် ယူနိုင် လလ် ဖီ " ( အမေဘယ်မှာလဲ အစ်မ )
" မယ့် ယူထီးနီးအယ့်ကျ လု " ( အမေက ဒီမှာပါ သားရေ )
ကျောဘက်ကနေ ရောက်လာပြီး ခွန်လေး ရင်ခွင်ထပ် မျက်နှာအပ်ကာ လွမ်းခြင်းကို ဖြေသိမ့်နေသည်။
" ပင်ရိုင်းပါ့ မယ့်လု ကျ စဘိုင့်ဒီလော့ မယ့်ထုလွန့် ခစ်ထင်မာ့မိုင် "
( ဘယ်လိုနေလဲ အမေ့သားလေး နေကောကောင်းရဲ့လား အမေဖြင့် သတိရနေရတာ )
" ကျ စဘိုင်ဒီလဲ ခ မယ့်သွန့်လောယ် "
( ဟုတ် နေကောင်းပါတယ်ဗျ အမေ့မေတ္တာတွေကြောင့် )
အိမ်ထဲတောင် မရောက်သေး အိမ်ရှေ့မှာတင် ဒီအမျိုးသမီးနှစ်ယောက်က ခွန်လေး ရင်ခွင်ထဲ နှစ်မြှုပ်ကာ လွမ်းဆွတ်နေတာတွေကို ဖြေဖျောက်နေကြသည်။ အမေကတော့ ခွန်လေး ပြန်လာမည်ဆိုထဲက ပြင်ထားလိုက်သည့် ဟင်းပွဲများကြောင့် ဒီညနေတော့ ခွန်လေး တစ်ယောက် စားပြီး စကားပင် ကြာကြာမပြောနိုင် အိပ်ဖို့ကိုသာ ဦးတည်လိုက်ရပြီဖြစ်ကာ လူသည်လည်း အလွန်ကိုပင်ပန်းလာပြီဖြစ်၏ ။
အိပ်စက်ဖို့ ကိုယ့်အခန်းကို လျှောက်လှမ်းရင်း ဟော်ရိုး နားအား ခြေလှမ်းတို့က ရောက်သွားခြင်းက ရည်ရွယ်လွန်း၍ မဟုတ် တံခါးလေးဖွင့်လိုက်ထဲက ပုံရိပ်တွေထဲ အစ်ကို့စာဖတ်နေကြ အပေါက်ဝ ဝရန်တာနား ကုတင်ကို ကန့်လန့် ကြီးပက်လက်လန်နေတတ်သည့် အစ်ကို့ပုံ
တစ်ခါတစ်ရံ ဆေးလိပ်လက်ကြားညှပ်ထားရင်း နေတတ်သည့် ဝရန်တာဘောင် အစ်ကို့လက်ဖျားကြားက Old-Fashion Glass လေးလို အစ်ကို့ နှုတ်ခမ်းပါးလေးက ဝင်ရတော့မည့် Cognac လေးသာဖြစ်လိုက်ချင်သည် ၊ အစ်ကိုက သူတို့ကို တရိုတသေ သိမ်းထားတတ်သည် မဟုတ်ပါလား ။
ကုတင်ဟောင်းပေါ်က စောင်းလေးမှာ ထိုင်လိုက်ကာ လွမ်းမှုက ပိုတောင်တိုးလာသလိုပင် ဖြစ်ကာ အိပ်ချင်လှသည့် မျက်ဝန်းကြားက ထိုးထွက်လာသည့် အရည်ကြည်တို့ဖြင့် အမြင်အာရုံတို့ဝေဝါးလာရသည် ။
" ဒီချိန်ထိတောင်လား မောင်လေး "
အသံလာရာ အခန်းတံခါးဝကို ကြည့်လိုက်တော့ ကြည့်နေသည့်အစ်မဖြစ်သူ အား ခေါင်းလေးငုံ့ပြ ဝန်ခံလိုက်မိသည် ။
" မငိုပါနဲ့ မောင်လေး မင်းဖြစ်ချင်တာကို ရအောင်ယူ ဘယ်သူဘာပြောပြော မင်းနားမှာအစ်မတစ်ယောက်လုံး အမြဲရှိတယ် "
အသံတိတ်နေရာကနေ ဩရှပြီး ပြတ်သားသည့် အသံတစ်စုံထွက်လာသည် ။
" ကျွန်တော် အစ်ကို့ကို ဒီတစ်ခါ လက်မလွှတ်တော့ဘူး "
" အစ်မယုံပါတယ် "
Note/- ဘာတွေဖြစ်သွားလဲ ဆိုတာကို Flash Back လေးတဖြည်းဖြည်းပြန်လာပြီးတော့ ရှေ့လျောက်က နာတစ်လည့် ချိုတစ်လှည့်လေးမို့ ဆက်ပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ် နော် ။
If you like this story please vote & comment for me .
Dec.9,2023