Edward နှင့် ခွန်လေး ဒီသုံးရက်တွင်းခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေသည်ဖြစ်၏ ။
မင်းသူရိန် ကို ဒီရက်ပိုင်းတွင်း လုပ်ဆောင်ရမည့် အချက်များကို ပေးထားခဲ့ပြီး
အာ့ဒါတွေကိုမှတ်နေရတာတင် မင်းသူရိန် ခေါင်းတကယ်ပူနေပြီ ဖြစ်သည် ၊ ညည ဆိုလည်း နိုင်ငံရေး စကားဝိုင်းတွေကို ခွန်လေးနဲ့ သင်နေရသဖြင့် အရက်ပင် မှီခိုစရာမလို ပင်ပန်းပြီး အိပ်ပျော်နေတော့သည်။ မနက်ဖြန်ဆို ကျမ်းကျိန်ဖို့ရှိသည်လို့ အသိပေးထားတာကြောင့်
မိန့်ခွန်းဆိုတာကြီးကို ဖတ်နေတာ အခေါက်ပေါင်းမနည်းတော့ပေ ၊ အချိန်ကလဲ ည ( ၇ ) နာရီလောက်ရှိပြီဖြစ်ကာ အိမ်ရှေ့ကနေပြန်လာတာကို မျှော်နေခြင်းဖြစ်သည်။
" အစ်ကိုလေး "
" မေဇင် ပြော "
ဖုန်းလေး ထိုးပေးလာတော့ မင်းသူရိန်လှမ်းယူလိုက်ကာ
" ဟယ်လို "
" ခဏလေးနေ အိမ်ပြန်ရောက်မယ် အဆင်သင့် ပြင်ထားလို့ရပြီ "
ဒါလေးပြောပြီး ဖုန်းချသွားတာဖြစ်သည်၊ ဒီညလဲ စကားတွေပြောပြီး ငြင်းခုံခြင်းကို လေ့လာရအုံးမည်ထင်သည်၊ မင်းသူရိန်က ပြောသမျှ နားထောင်ကာ လိုက်လုပ်တတ်သူမို့ ဆန့်ကျင်ခြင်းနိယာမကို အထူးလေ့လာ သင်နေရခြင်း ဖြစ်နေတော့သည် ။
" မေဇင် "
" ရှင် အစ်ကိုလေး "
" အာကာဆီ ဖုန်းဆက်လိုက် ဒီအိမ်လိပ်စာပေးပြီး ပုလင်းသယ်ခဲ့လို့ပြောလိုက် ကြားလား မြန်မြန်လာလို့ပါ ထပ်မှာလိုက် "
" ဟုတ် ဟုတ် အစ်ကိုလေး "
" ဟဲ့ နင်လည်း မြန်မြန်ဆက်ပြီး လုပ်စရာရှိတာလုပ် "
" ဟုတ်ကဲ့ "
မေဇင် အနားကထွက်သွားသည်နှင့် နှုတ်ခမ်းတစ်ဖက်ကို သေချာလေး ချိတ်ပြုံးလိုက်ပြီး
' ဒီညတော့ ငါ့အလှည့်ပဲ ' တစ်အောင့်နေတော့ တံခါးဖွင့်သံကြားလိုက်တော့ ခွန်လေး ပြန်ရောက်တာ သိလိုက်ပြီဖြစ်သည်။ ကုတင်ပေါ်လှဲနေရင်းက အိပ်ချင်ယောင်ပါဆောင်နေလိုက်သည်။
အနားကိုကပ်လာသည်ဆိုတာကို ခံစားမိနေပြီးနောက် လက်နွေးနွေးလေးနဖူးပေါ်ရောက်လာတာမို့ နေမကောင်းဖြစ်သည်ဟုထင်သွားသည့်ပုံပင်
" အစ်ကို ..... "
ညုတူတူ သံရှည်လေးဆွဲခေါ်နေသူကြောင့် ရယ်ချင်လာတော့သည်က ထိန်းထားမရတော့ပေ ။
" အိပ်ချင်ယောင် ဆောင်မနေနဲ့ ... ထတော့ "
နိုးနေတာလား ချွဲနေတာလားပင် မသဲကွဲတော့ပြီဖြစ်ကာ မင်းသူရိန်လည်းပေကပ်ကာ မျက်စိမှိတ်ထားလိုက်တော့သည်။ ကုတင်ပေါ်ကနေ ထသွားတာကြောင့် မင်းသူရိန်က နိုးမရလို့ထသွားသည်ဟုထင်ကာ ကြိတ်ပြုံးနေစဉ်မှာပဲ
" အင့် "
မျက်စိချက်ချင်းဖွင့်လိုက်ပြီး မြင်ကွင်းကြောင့် လန့်ချင်သွားတော့ပြီဖြစ်၏ ။ ကိုယ့်ခါးပေါ်ကနေ တက်ခွထားတာဖြစ်ပြီး အပေါ်ပိုင်းတွင်လဲ ဘာမှဝတ်မထားတော့ပြီဖြစ်တာကြောင့် ကြက်သီးများပင်ထကာ ငယ်မွှေးများကပါ ထောင်ချင်ချင် ဖြစ်တော့သည် ၊ မျက်နှာကို လွှဲလိုက်ပြီးတဲ့နောက် အတင်းရုန်းထဖို့ လုပ်လိုက်တော့ ရုန်းမရအောင် လက်ကို တင်းကြပ်စွာဖြစ်နေတာကြောင့် လက်ပင် နာကျင်လာရသည် ။
" လွှတ်အုံး နာနေပြီ "
" အဆင်သင့်ပြင်ထားပါဆို ဘာလို့ အိပ်ချင်ယောင်ဆောင်နေရတာလဲ ? "
" မလုပ်ချင်တော့ဘူး "
" ရမလား ရှေ့ရက်က ကတိကို လွယ်လွယ်လေး ပေးတာအာ့ဒါဆို "
စကားဆက်မပြောလိုသည့် ပုံကိုဖမ်းကာ မျက်နှာကို လွှဲပြီးကောက်ခြင်း အစီအစဉ် စတင်လိုက်ပြီ ဖြစ်၏။ အပေါ် ခွရာကနေ ဘေးကိုဆင်းကာ ဆွဲထူလိုက်ပြီး
" မဆိုးပါနဲ့ လူကြီးလေးရယ် မနက်ဖြန်ဆိုပဲ အခမ်းအနားလုပ်ရတော့မှာ အဆင်သင့်ဖြစ်နေဖို့လိုတယ်လေ နော် ဒီက မလုပ်ချင်တော့ဘူးဆို ဘာတွေဖြစ်မလဲ သိတယ်မဟုတ်ဘူးလား "
ချော့ပြီ ဆိုတဲ့ အသံတွေကြားကနေ လွန်ခဲ့တဲ့ ရက်က ကတိအကြောင်းကို နားထဲကြားယောင်လာသည်။
အရှေ့မှာ Edward ဆိုသူက ထိုင်နေကာ ခွန်လေးကလဲ ဘေးမှာရှိနေသည် အဘိုးအခုလို အိပ်ရာ ထဲလဲနေသည့်အကြောင်းသည် ပုံမှန်မဟုတ် ဟု ဆိုတာကြားလိုက်ရပြီး လက်ရှိ နိုင်ငံတွင်းက လူကုန်ကူးမှုတွေ ၊ တရားမဝင်ပြည့်တန်ဆာလုပ်နေရသူတွေ နဲ့ မှုးယစ်ဆေးဝါး ဖိုင်တွဲတွေ အဘိုးက ရာထူးမနားခင် လုပ်ဆောင်နေသည်ပါ ကြားလိုက်ရသည်။ စိတ်ထဲတွင် အမြဲတစေ အဘိုးက ငါ့ကို မချစ်ဘူး ငါ့ဖို့မတွေးပေးဘူး ဆိုတာ ဖြစ်သင့်ပါတယ်လေ တစ်နိုင်ငံလုံးက လူငယ်တွေကို ကြည့်ပေးနေခဲ့ရတာပဲ ပိုပြီး ထူးခြားသည်က တရားခံကို ရှာဖွေလို့ရလိုက်သည်ထဲက မြေအောက်ဂိုဏ်းသားများထဲက မဟုတ်ဟုဆိုတာပါပဲ မကြာခင် အခုလို အိပ်ရာထဲ သို့အခြေအနေဆီ ရောက်သွားပြီဖြစ်၏ ။
" ဒီအခြေအနေတွေက ကျွန်တော်နဲ့ ဘယ်လိုပက်သက်သလဲ "
စဉ်းစားလိုက်တော့ သူနှင့် လားလားမျှ မသက်ဆိုင်သည့်ကိစ္စများကို နားထောင်ခိုင်းနေခြင်းမဟုတ်ပါရောလား
" ဒီလိုပါ ကိုမင်းသူရိန်ထိုက်အောင် လက်ရှိမှာ အိပ်ရာထဲလဲနေတဲ့ အချိန် အာဏာသိမ်းမှု ဖြစ်ပေါ်နိုင်ချေက ၈၀ ရာခိုင်နှုန်းရှိပါတယ် "
" အာ့ဆိုလဲ သမ္မတ တို့ဘာတို့ကိုပြောသင့်တယ် မထင်ဘူးလား "
ကြားကနေ ခွန်လေး နဖူးကိုလက်ဖဝါးဖြင့်သာ ချလိုက်မိသည်။
" အကယ်လို့သာ ဝန်ကြီးနေရာကို အုပ်ချုပ်ခွင့်ကို မသမာ သူတွေလက်ထဲရောက်သွားမယ်ဆိုရင် အာဏာသိမ်းလိုက်လို့ အုတ်အော်သောင်းနင်းဖြစ်တဲ့ အဖြစ်ထပ် ဆိုးတာတွေ ကြုံရနိုင်ပါတယ် ဒါတွေကို ထိန်းချုပ်ပေးနေတာက ဝန်ကြီးလိုရာထူး မျိုးဖြစ်တာကြောင့် လစ်လပ် ထားလို့မရသလို လုပ်ဆောင်မှုတွေခုလိုရပ်တန့်နေလို့လဲ မရပါဘူး "
" အာ့ဆိုလဲ ဆက်လုပ်ကြလေ "
ခွန်လေး တကယ်ကို ရူးချင်လာသည်၊ အတော်ဆုံးခွဲစိတ်ဆရာဝန် ဟုတ်လိမ့်မည် နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားတာ ကို သိလာရသည် အခြေခံသဘောတရားကိုတောင် နှိုက်နှိုက်ချွတ်ချွတ် ရှင်းပြနေရတဲ့ ဝန်ကြီးမြေးတဲ့လေ
" အာ့တော့ လတ်တလော ညွှန်ကြားမဲ့သူ မရှိတဲ့နေရာကို အစ်ကိုက ယာယီဆက်ခံပေးဖို့လိုတယ် "
" ဘာ... "
" ဟုတ်ပါတယ် လက်ရှိမှာ ဝန်ကြီးက ရာထူးမနားသေးတာမို့ကျွန်တော်သာ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးမှာမို့ ယာယီထိန်းသိမ်းပေးဖို့ လိုပါတယ် "
" မဖြစ်နိုင်တာ "
ဒီလိုကြားရမည်ဆိုတာကို ခွန်လေး ကြိုတွေးထားပြီးသားမို့ အစ်ကိုလက်ကို ကိုင်ကာ
" လူငယ်တွေကို မကယ်တင်ချင်ဘူးလား အခုလို အဘိုးအိပ်ရာထဲ လဲအောင်လုပ်တဲ့သူကိုကော မရှာချင်တော့ဘူးလား စိတ်လုံခြုံမှုမရတဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲချင်တဲ့ စေတနာတောင် မရှိဘူးလား "
သေချာပြောလာသည့် ခွန်လေး မျက်ဝန်းထဲတွင် စိုးရိန်ပူပန်မှုတွေနဲ့အတူ မျှော်လင့်ချက်တွေ ပါလာသည်။
" မဖြစ်နိုင်ဘူး ငါဘာမှ မသိဘူးနားလည်မလည်တာ ဘယ်လိုကူမလဲ ငါ့ဘာသာတောင် ကူပါကယ်ပါ ဖြစ်နေတာကို "
" အာ့အတွက်တော့ မပူပါနဲ့ ကျွန်တော်နဲ့ ဒီက အစ်ကိုလေးခွန်စဝ်ငွေအိမ်ထူးက ကျောထောက်နောက်ခံရှိနေမှာပါ ပြီးတော့ ဘယ်သူမှ မရခဲ့ဖူးတဲ့ နောက်ခံဖြစ်တဲ့ ရှမ်းပြည်ရဲ့ အင်အားနဲ့တင် ကိုမင်းသူရိန်ထိုက်အောင်ကို မထိရဲပါဘူး "
" ကူညီလိုက်ပါ "
ကူညီလာတောင်းနေတာကို သိသည် ကိုယ်တိုင်က ကူကယ်ရာမဲ့နေသည်ကို မသိသည့်အတိုင်းပြောနေတာတွေကြောင့် မင်းသူရိန် စိတ်လှုပ်ရှားလာကာ ထိုင်နေရာကနေ ထထွက်ခဲ့လိုက်သည်။
" လိုက်မလာပါနဲ့ တစ်ယောက်တည်းနေချင်တယ် ရှေ့နေကြီးလဲပြန်နားလိုက်ပါ တစ်ခုခုတော့ ပြန်သိရမှာပါ "
" အကောင်းဆုံးကူညီပေးဖို့ အမိပြည်အစား အကူညီတောင်းပါတယ် "
လာပြန်ပြီး ကိန်းကြီးခမ်းကြီး စကားလုံးတွေ စိတ်ညစ်သည် စိတ်ရှုပ်သည် အာရုံအထွေအပြား အလွန်ညစ်လာတာကြောင့် အပေါ်ထပ်ကို ပြေးတက်လာကာ အခန်းထဲက ကုတင်နှင့် မှန်တင်ခုံကြား ထဲ မင်းသူရိန် ဝင်ထိုင်လိုက်ပြီး နားတွေကို လက်ဖြင့်ပိတ်ကာ တိတ်ဆိတ်စွာ ကြောက်လန့်နေသည်။ ခွန်လေးလဲ နောက်ကနေ လိုက်မသွားတော့ပဲ တစ်ယောက်ထဲ ခဏတော့ လွှတ်ပေးထားဖို့ ဆုံးဖြတ်လိုက်သည်။
မီးဖိုခန်းထဲ အစ်ကိုကြိုက်သည်လို့ ပြောဖူးသည့် Cha Thai ( ချိုင်ယင်း) လက်ဖက်ခြောက်ကို ရေနွေးနဲ့သေချာနှပ်လိုက်ပြီး ချွဲမထစေချင်တာကြောင့် နို့ဆီမထည့်ဖို့ လုပ်ကာ နွားနို့ နှင့် နို့စိမ်းဘူး အားရေခဲသေတ္တာထဲမှ ထုတ်ယူပြီး နောက်သို့အလှည့် Kitchen Counter တွင် အစ်ကို ထိုင်နေတာကို တွေ့လိုက်ရသည်။
" ဗိုက်ဆာလို့လား ကျွန်တော်က အစ်ကို့ဖို့အအေးဖျော်နေတာ လက်ဖက်ခြောက်က မနက်ကရောက်တာနဲ့ အတော်ပဲ မို့လို့လေ "
" လုပ်သင့်တယ်လို့ မြင်လို့ တိုက်တွန်းတာလား "
...............
ပြန်မဖြေသေးပဲ နို့ဘူး တွေကို စားပွဲပေါ်တင်ကာ အစ်ကို့ကို သေချာကြည့်လိုက်မိသည်။
" မေးနေတယ်လေ "
" မတိုက်တွန်းပါဘူး ဒါပေမယ့် လုပ်စေချင်တယ် "
" ဘာလို့ငါ့မှလဲ "
" အစ်ကို ကဘာလို့ အာ့လိုတွေးရတာလဲ "
Low-Fat နို့ကို ဖန်ခွက်လေးထဲထည့်လိုက်ပြီး ရေခဲအတော်အသင့်ထည့်နေသည် ပြီးနောက် နှပ်ထားသည့် လက်ဖက်နှပ်ရေကို အပေါ်ကနေ လောင်းထည့်လိုက်ကာ နို့စိမ်းကို အပေါ်ကစမ်းပေးနေသည်
" ငါ့မှာ သင့်တော်တဲ့အဖြေမရှိဘူး "
အအေးခွက်လေးကို ပိုက်တပ်လိုက်ပြီး မင်းသူရိန်ရှေ့ကို ထိုးပေးလိုက်ကာ
" ဒါဟာ ကောင်းမွန်တဲ့ အခွင့်အရေးလို့မြင်ကြည့်ပါလား "
အအေးကို မွှေလိုက်ပြီး နောက် သောက်နေကာ ဆက်ပြောဆိုသည့်သဘော မေးဆတ်ပြတော့
" ကျွန်တော်ကြားဖူးတဲ့ စကားတွေရှိတယ် ဘာလို့ငါ့မှဖြစ်ရတာလဲ ထပ်ပြီးတော့လား ဆိုတဲ့ စကားတွေ ပြောနေမယ့်အစား အာ့အချိန်ကာလ က ပြိုလဲခဲ့ဘူးတာပဲ နောက်တစ်ကြိမ် ပြိုလဲခံမှာလား အလှောင်ခံနေမလား တဲ့ စဉ်းစားကြည့်တော့ တူညီတဲ့ အကြောင်းအရာ ကို တူညီတဲ့ အဖြစ်တွေ ကြုံရပြီဆို အရင်လိုပဲ ဖြစ်နေဖို့ လိုသေးလား လို့ မေးကြည့်သင့်တယ်လေ အစ်ကိုကော အာ့အဖြစ်မျိုးကြုံလာရင် အရင်လိုပဲ နေနေသင့်တယ်ထင်လား "
မေးခွန်းထုတ်ခံလိုက်ရတော့ မင်းသူရိန် ပြန်ဖြေဖို့ စဉ်းစားရပြီ ဖြစ်သည်။
" အင်း တစ်ခါကြုံဖူးနေတာပဲ နောက်တစ်ခါလာ အေးဆေးဖြစ်နေသင့်တာပေါ့ "
' အစ်ကိုကရော "
ဒါသက်သက် စကားလှလှလေးနဲ့ နာအောင်ပြောတာပင်
" နေပါအုံး ဘာဆိုင်လို့အာ့ဒါတွေလာပြောနေရတာလဲ "
" အစ်ကိုကကော ဘာဆိုင်လို့ မလုပ်နိုင်ဘူး ဖြစ်နေရတာလဲ ဘာလဲကြောက်လို့လား "
ရန်စကား ပြန်ပြောလာသည်ကြောင့် မင်းသူရိန် မျက်နှာတည်တင်းသွားချေပြီဖြစ်၏ ။
" ကြောက်ဖို့ လိုလို့လား "
" အာ့ဆို လုပ်ကြည့်လေ မလုပ်နိုင်ဘူးမလား ဒီက အသက်အရွယ်ကလေးဆိုသူလောက်တောင် အဖြစ်မရှိဘူးလို့ ကိုယ့်ကိုယ်ကို ထင်တယ်မို့လား "
ဒါသူ့သိက္ခာကိုစော်ကားလိုက်ခြင်းပင် ငြိမ်ခံနေလို့မဖြစ်တော့ပေ
" လောင်းမလား ငါလုပ်နိုင် မနိုင်ကို "
" စမ်းကြည့်လိုက်လေ "
လက်လေးကို ရှေ့ကို ပစ်ပေးလာသည့် မင်းသူရိန် လက်လေးအား ဆွဲကိုင်လိုက်ဖို့ကို ပြန်မဆွဲလာသည့် ခွန်လေးကို မေးငေါ့လိုက်ပြီး
" မလုပ်ရဲဘူးလား "
" မဟုတ်ပါဘူး အစ်ကို လုပ်နိုင်မှာပါ လုပ်နိုင်ဖို့လဲ ကျွန်တော်က ဘေးမှာရှိနေမှာမို့လေ "
ရုတ်ခါနီး လက်ကို ဖမ်းဆွဲလိုက်ကာ
" Deal "
" ငါကောင်းကောင်းလုပ်နိုင်ရင် မင်းဆီကတောင်းစရာရှိတယ် "
" ပြောလေ ဘာလဲ "
" နောက်မှပြောမယ် မပေးနိုင်ဘူးလား "
" ကလီစာ ဆိုရင်တောင် ဝန်မလေးပါဘူး ဗျာ တောင်းစမ်းပါ "
" အင်း ကျောက်ကပ်နဲ့ -ဥ နဲ့တင် ငါအိမ်ထပ်ဝယ်လို့ ရပြီ "
ပြောပြီး သဘောတကျ ရယ်မောနေသူကို ခွန်လေး နှုတ်ခမ်းထောင့် ကွေးညွှတ်အောင် ပြုံးကာငေးကြည့်နေလိုက်မိသည်။
" အိမ်ဝယ်တာ ဝါသနာလား "
" ဝါသနာတော့ မဟုတ်ပါဘူး ကြိုက်လို့ပေါ့ "
" စီးပွားရေးလုပ်ငန်းရှင် လုပ်ဖို့လား အိမ်ပွဲစားတို့လိုမျိုး "
" ပေါက်ကရ အိမ်ပိုင်တာ ကောင်းတယ်လေ အနည်းဆုံးတော့ ခိုလှုံစရာနေရာတစ်နေရာ ရှိတာဘယ်လောက်ကောင်းလိုက်လဲ "
" အိမ်ထပ် ကောင်းတာကျွန်တော်မှာရှိတယ် သူကဈေးလည်းသိပ်မကြီးဘူး ခိုလှုံလို့လည်းရတယ် "
စကား တပြောပြောနဲ့ Kitchen Counter ကနေ ကွေ့လျှောက်လာကာ အအေးသောက်နေသည့် မင်းသူရိန် နားကို ကပ်ကာ ဆွဲပြီး ရင်ခွင်ထဲ သိမ်းဖက်လိုက်တော့
" တွေ့လား နွေးထွေးပြီးနေချင်စရာ ခွန်စဝ်ငွေအိမ်ထူးရဲ့ ရင်ခွင်အိမ်လေး "
ဖက်ထားလိုက်ပြီး ပြောချင်ရာ ပြောနေသူရဲ့ ကျောဘက်အား တဘုန်း ဘုန်းထုနေပေမယ့်
ရယ်သံများသားတိုးကြားလိုက်ရကာ တင်းကြပ်စွာ ဖက်ထားဆဲပင်ဖြစ်သည်။
နှစ်ဦးသားရယ်မောသံတွေပြည့်နှက်နေပြီး တဲ့နောက် ကစတင်လို့ နိုင်ငံရေးစကားဝိုင်းလေး စတင်ခဲ့ခြင်းပင် ဖြစ်သည်။
လက်လွတ်စပယ် လုပ်မယ်ပြောလိုက်တာတော့မဟုတ်ပါ လုပ်ကြည့်ချင်တာကြောင့်ကော ကာကွယ်ချင်စိတ် တို့ကြောင့်လဲ ပါလိမ့်မည် ။ လူငယ်တွေ ဆိုတာကို ကြားတိုင်း သူ့လူငယ်ဘဝကို တွေးကြည့်လိုက်မိလို့လဲ ပါသည် ။
" အစ်ကို ... "
" တော်ပါတော့ဟာ ငါ့ခေါင်းထဲလဲ နိယာမတွေ လျှံနေပါပြီ ရပြီ ဒီညတော့ တော်ပြီပေါ့ "
" အာ့ဆို အတင်းအကျပ် ခိုင်းစေနေတဲ့ ကျွန်တော့်ကို တရားစွဲဖို့ ပုဒ်မ တပ်ကြည့်ပါလား "
ပညာစမ်းသလိုလို အမေးကို မျက်မှောင်ကြုတ် စိတ်ဆိုးသလို ကြည့်လာသည့် မင်းသူရိန် ပါးလေးကို ကိုင်ကာ
" ဟုတ်ပါပြီ ဗျာ မမေးတော့ပါဘူး ဗျာ "
ဒေါက် ဒေါက်
" ဝင်ခဲ့ "
" အစ်ကိုလေး ကိုအာကာ ရောက်ပါပြီ "
မင်းသူရိန် ၏မျက်နှာရိပ်ပြ နောက်ကျသွားကာ ' ရောက်လာတယ် ' ဖြစ်ရမှာလေ
" ရောက်ပါပြီ ဆိုတော့ အိမ်လိပ်စာဘယ်က ရတာလဲ ဒီကိုလဲ ခေါ်မလာဖူးပါဘူး အစ်ကို့ လက်ချက်မလား "
ဒီလောက်လေး တွေးတတ်ရုံ ဉာဏ်ကောင်းသည်လို့တော့ မချီးကျူးချင်ပါ ကလေးတောင် တွေးတတ်သည့် ကိစ္စမဟုတ်ပါရောလား
" အာကာ က သတိရတယ်ပြောလို့ပါ "
ဘယ်လိုပဲအသက်ကြီးသည်ပြောပြော အခုဆို ကိုယ်ကပင် သူ့ကိုတစ်ခါခါ ကြောက်နေရသည် မဟုတ်ပါရောလား
" မနက် ( ၆ ) နာရီ ထရမယ် ကြည်ကြည်လင်လင် ရှိနေဖို့လိုတယ် ကျန်တာတော့ မပြောတော့ပါဘူး အစ်ကို့ဘာသာ ဆုံးဖြတ် "
မျက်နှာထား တည်တည်နှင့်ပြောပြီး ထွက်သွားသူကြောင့် မင်းသူရိန် စိတ်ထဲ အစောထဲက စကားဒီညမပြောဘူးပြောရင် အာကာကို နားငြီးခံပြီး ခေါ်စရာလား လို့ပင် အပြစ်ပြောနေလိုက်သေးသည်။
" ခွန်လေး "
ဖုန်းလွှဲပေးနေတော့ ဘယ်သူလဲဟု အကြည့်ကြောင့်
" အစ်ကိုလေး ဟိန်းပြည့်ပါ "
" ကိုပြည့် ကျွန်တော်ပြောနေပါတယ် "
" အခြေအနေက နည်းနည်းတင်းမာလာတယ် အစက အချိန်ဆွဲမယ်ထင်တာ ဒီညကိုပဲ ဆိပ်ကမ်းကို ခိုးကပ်မယ်လို့အတိအကျ ကြားလိုက်ရတယ် ဘာလုပ်ပေးရမလဲ ဒီည ဖြတ်လုလိုက်တာကတော့ သိသာမှာနော် "
" မတတ်နိုင်ဘူး ကိုပြည့်သိနေတာကြီးကိုတော့ အပါခံလို့ မဖြစ်ဘူးလေ "
" ဘာလုပ်ပေးရမလဲ "
" ပစ္စည်းထိန်းသိမ်းပေးနိုင်မလား မနက်ဖြန်ဆို ကိစ္စတစ်ဝက် ပြီးမှာနဲ့ဆို တစ်ချို့လုပ်ငန်းစဉ်တွေ တင်းကြပ်လို့ရမှာပါ "
" ဟုတ်ပြီ ကျန်တာ တာဝန်ထား "
" သတိပေးစာထည့်ပေးလိုက်ပါ အခုကစ စစ်ကြေငြာသလိုမျိုး "
" ဟုတ်ပြီလေ "
/.....................................
" ကိုကိုကြီး မီးကို ကြည့်ပါအုံး"
ဦးယိမ်းမင်း၏ မေးဖျားကနေ ဆွဲယူကာ ဆွဲငင်နေသည့် အသံနှင့်ပြောနေသူကြောင့် ဦးယိမ်းမင်းကိုယ်တိုင်လဲ ပြုံးပြနေကာ
" မီးငယ်လေးက ဒီည ကိုကိုကြီးကို မျှော်နေတာ "
အတင်းကို မြူကာရော ချွဲနွှဲနေ့သည်ကို သရေတမြားမြား သဘောကျနေကာ
" မီးငယ်လေး ဖို့ ဒီည ကိုကိုကြီး က သခင်ကြီးပဲ "
တ ခစ်ခစ်နဲ့ ရယ်မောကာ မီးငယ်လေး ဆိုသူက ဦးယိမ်းမင်းရင်ထဲ ကလူနေပြန်တော့သည်။
" ဟေ့ကောင်တွေ ဒီည တစ်ညလုံး စောင့်ထား ဘာသံမှ မကြားချင်ဘူးနော် ပျော်စရာအချိနတွေကို ဒီမှာ မီးလေးနဲ့ ဖြတ်သန်းပစ်မယ် "
မနေ့က ဆက်သွယ်ထားသည့် ကုန်သည်တစ်ဦးက အလျင်လိုနေပုံရကာ ဦးယိမ်းမင်းလဲ ငွေလိုသည့်အလျှောက် ပွဲတည့်လာသည်၊ ဒီတစ်ခေါက် ပိုက်ဆံရရင် မျက်နှာလုပ်ရမည့်လူတွေကို ပတ်လုပ်ပြီး တစ်ချို့ အာဏာကိုလည်းထိန်းထားရမည် ။ ကြားထဲက ဘာကိုမှ စိုက်မထုတ်ရပဲ သူများ အခင်းကနေ ပိုက်ဆံရမည်ကို တစ်စိမ့်စိမ့်တွေးရင်း ရင်ခွင်ထဲက ကလေးမကို သဘောတကျ တဟားဟားကို ရယ်မောနေကြသည် ဖြစ်၏ ။
ပျော်ရွှင်နေသည့် ဦးယိမ်းမင်း ဒီည ဘယ်လို ဖြစ်မလဲကို မသိ ကြိုတွေးထားသလို အောင်မြင်မည်ဟု တထစ်ချ ယုံကြည်နေပုံရသည်။
ထိုည ( ၁၁ ) နာရီ ဝန်းကျင်မှ လောက နဲ့ အဆက်အသွယ်ပြတ်တောက်နေကာ
တစ်ဖက်တွင်တော့ လုပ်ငန်းစဉ် ချောမွေ့နေပြီဖြစ်၏ ။
If you like this story please vote & comment for me .
I need reader support from here.
Nov 28.2023