" အစ်ကိုက ယောကျ်ားလေးတွေ ကိုကြိုက်တာ ဟုတ်တယ် ဒါပေမယ့် လူတွေ ထင်သလိုမျိူး
ယောကျ်ားတိုင်းတော့ မဟုတ်ပါဘူး သတင်းတွေ ထွက်တာ အမှန်ပဲ မင်းလဲ ဒီလောက်သိပုံပေါက်ရင် အစ်ကို့ အကြောင်းတော့ သိမှာပါ ဒါဆို ကျန်တာကော ဆက်ပြောဖို့လိုသေးလား "
" လိုတယ် ဗျ ဘာလို့ဆို ယောကျ်ားတွေတိုင်း ကြိုက်တာ မဟုတ်ရင် ဘယ်သူ့ ကြိုက်တာလဲ ပြီးတော့ လက်ရှိ ရည်းစား ရှိလား ရယ် . ဆိုတာတော့ သိရမှ ဖြစ်မယ် "
အားကျိုးမာန်တက် ခါးလေးပါကိုင်းပြီးပြောလာပုံထောက်ရင် အတော် စိတ်ဝင်စားနေပုံတော့ ပေါက်နေပြီ ။ အချိန်အခါ တိုက်ဆိုင်လွန်းတော့ သူက မေးလာမှပဲ မှာထားတဲ့ နေ့လည်စာကလဲ ရောက်လာတော့ မင်းသူရိန် က ခပ်တည်တည်ပဲ Steak ကို စားဖို့ရာ လှီးဖြတ်နေပြီ ဖြစ်၏။ စိတ်မရှည်တော့သလို
" အစ်ကို ကျွန်တော် မေးနေတယ်လေ ပြန်မဖြေတော့ဘူးလား "
"ဟ အစ်ကို ဖြေဖို့လိုလို့လား မင်းမေးတာက နည်းနည်းမလွန်ဘူးလား "
" မလွန်ပါဘူး တစ်ချို့ ကိစ္စတွေက ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်လေ "
" ရှင်း ရှင်း လင်း လင်း "
အသံကို သေချာလေးဖိပြောလိုက်တော့ ခွန်စဝ်ငွေအိမ်ထူး တစ်ယောက် သေချာလေး စိုက်ကြည့်လိုက်ခါ
" ဟုတ်တယ် ကျွန်တော် အစ်ကို့ကို ချဉ်းကပ်တော့မှ မို့လို့ သေချာ သိဖို့လိုတယ်လေ "
အစ် ...
အရိုးမပါတဲ့ အသားစက လည်ချောင်းမှာ တစ်သယောင်တောင် ဖြစ်ကာ မင်းသူရိန် မျက်စိပြူးပြီး ပူထူသွားတော့ ပေ၏ ။
" ချာတိတ် ဒါက စနောက်စရာ မဟုတ်ဘူးပြီးတော့ အစ်ကိုက မင်းထပ် အသက် ခုနှစ်နှစ်ကျော် ကြီးတယ် "
" စ တဲ့ပုံပေါက်နေတာလား ကျွန်တော်က "
လက်ထဲက ခက်ရင်းနဲ့ မိမိ မျက်နှာကို ရည်ညွှန်းပြောလာတော့ ဂလု .. သူရိန်တံတွေးပင် မြိုချ လိုက်မိသည် ထင်၏ ။
" အစ်ကို သိချင်လဲ သိမှာ ကျွန်တော်ဘက်ကလဲ ဖုံးကွယ်ဖို့ ဆန္ဒ တစ်စိုးတစ်စ မျှ မရှိတာကြောင့် ပြောပြတာဆို ပိုမှန်လိမ့်မယ် တစ်ကျော့ပြန် မိတ်ဆက်တာပေါ့ "
ဘာလဲဆိုတဲ့ အကြည့်နဲ့ ကြည့်နေမိတဲ့ မင်းသူရိန်ကို ရှေ့တည့်တည့်ကနေ စောနက ညီငယ်လေးဆိုတဲ့ အရှိန်ပျောက်ကာ တည်တင်းနေတဲ့ မျက်နှာနဲ့ အတူ သေချာစိုက်ကြည့်လာပြီး
" ကျွန်တော် နာမည် ခွန်စဝ်ငွေအိမ်ထူးလို့ ခေါ်ပါတယ် ဂုဏ်ပုဒ်ဆိုတာ ကြေငြာရတာ မဟုတ်တာကြောင့် ကျွန်တော် မပြောတော့ဘူး တွေ့ဖူးတယ် ဒေါက်တာနဲ့ လွန်ခဲ့တဲ့ တစ်နှစ် က နာမည်ကြီး ညစာစားပွဲက အပြန် လုပ်ကြံခံလိုက်ရတဲ့ စော်ဘွားငယ်ဆိုတာလဲ အတူတူပါပဲ ၊ တာဝန်ယူပေးပြီး ကယ်တင်ခဲ့လို့ နှုတ်ပိတ်ခံရမယ်ထင်ပြီးစိတ်ပူနေခဲ့သေးတာ အဘိုးက ဝန်ကြီးဖြစ်ပြီး ရည်းစားကလဲ အရှိန်မသေးကြောင်း သိလိုက်ရလို့ သေချာတောင် နှုတ်မဆက်မိလိုက်ဘူး ၊အာ့အတွက် စိတ်မကောင်းပါဘူး ပြီးတော့ ဆက်တိုက်ဆိုသလို စုံစမ်းနေခဲ့တာ အလုပ်ထွက်သွားပြီ ဆိုတာရယ် ခွဲစိတ်မှုတွေ မလုပ်နိုင်တော့ဘူးလို့ ကြားတယ် ဘာလို့လဲ လို့ မမေးတော့ပါဘူး တစ်ချိန် ပြောပြလာဖို့ ကျွန်တော် က မျှော်လင့်နေမှာမို့ တစ်ပါတည်း ကျွန်တော် ဒေါက်တာရဲ့ အဲ့ဒီ အကြည့်ကို မကြိုက်ဘူး မကြည့်ပါနဲ့ "
ဟုတ်သည်။ မင်းသူရိန် တစ်ယောက် စိတ်ညစ်ညူးရသလို အကြည့်ဖြင့် နားထောင်သမျှကို တွေတွေကြီး ပြန်ကြည့်နေတာ ဖြစ်တော့သည်။
" ကျွန်တော် အစ်ကို ကိုသဘောကျတယ် ပျောက်နေတဲ့ တစ်နှစ်အတွင်းတော့ ဝန်ကြီး မြေးဆိုတဲ့ အရှိန်က ဘယ်လိုမှ ရှာဖွေမရပေမယ့် အစ်ကို အသက်ရှင်လာတဲ့ သက်တမ်းတစ်လျှောက်လုံးကို သဘောကျတာ အစ်ကို့ကို ."
" တော်လိုက်ရအောင် မောင်ခွန်စဝ်ငွေအိမ်ထူး ဒီမှာတင် ရပ်ပေးဖို့ကောင်းနေပါပြီ "
" ဘာလို့လဲ ဗျ ကျွန်တော်က ခုလို စကားပြောဖို့ ကို ဘာတွေ များမပြည့်စုံတာရှိသေးလို့လဲ "
မာထန်တဲ့ မျက်နှာဘက်ပြောင်းလာတဲ့ သူ့ဆီက အရှိန်အဝါကိုတော့ မင်းသူရိန် ကြောက်မိသည်။
" စိတ်အေးအေးထားပါ ချာတိတ် အစ်ကိုပြောပြတာ နားထောင်ပါ အခုက ချာတိတ်က အစ်ကို တစ်ယောက်မရဘူးလို့ ညီအစ်ကိုလို သဘောကျ နေတာကို ယောင်မှားတဲ့ အတွေးတွေ ထည့်နေမိတယ် ထင်တယ် .. "
ပြောစရာကို ဦးတည်ပြောနေပေမယ့် မင်းသူရိန် မျက်လုံးချင်းဆိုင်ပြီးတော့ တော့ ကြည့်မနေမိ ဒါကိုလည်းသတိထားမိပုံရ၏ . ရုတ်တရက်
" ပိုင်စေရာယိမ်း ကို ပဲ ချစ်တော့မယ့်သဘောလား ဒေါက်တာ "
မျက်လွှာချပြီး ပြောနေတဲ့ စကားများက ရပ်တန့်သွားခါ ကြားလိုက်ရတဲ့ စကားလုံးအရှိန် က ရှောင်လွှဲနေတဲ့ မျက်လုံးအစုံကို စူးရဲစွာ ပြန်လည် ကြည့်လာတော့သည်။
" အဟုတ်ပဲကို ဒေါက်တာ ရဲ့ သိပ်လှတဲ့ မျက်ဆံ လေးတွေ ကယိမ်းခါနေတယ် ကြည့်လို့သိပ်ကောင်းတဲ့ အာ့ဒီ မျက်ခုံးတန်းတွေ စု လာတဲ့ထိ အရှိုက်ကို ထိစေလောက်အောင် ဒေါက်တာ ပြောစရာမလိုပဲ ဝန်ခံပြီးသားပါ "
အတန်ကြာ တိတ်ဆိတ်သွားတဲ့ စကားဝိုင်းဆီ ကို ခွန်စဝ်ငွေအိမ်ထူးဖုန်းမှ လှုံဆော်လိုက်တော့သည် ။
" အင်း လွှတ်ပေးလိုက် "
တစ်ခွန်းတည်းပြောပြီး စားစရာကိုလတ်စသတ်နေသည်။ ကိုယ်တိုင်က ဆက်မစားဖြစ်တော့ပဲ မှာပေးထားသည့် အအေးကို သာ သောက်နေလိုက်တော့သည် ။
" ဂျာကင်က အိမ်ပြန်နေပါပြီ ဒေါက်တာ ပင်ပန်းနေတဲ့ပုံကြောင့် ကျွန်တော်ကားလာခေါ်ဖို့ပြောထားပါတယ် ဒါဆို ကျွန်တော်ကတော့ပြန်နှင့်မှာမို့ ... "
မတ်တပ်လေး ထရပ် ပါးစပ်ကလဲ မှာမယ့်အရာကိုသေချာမှာနေပြီး ထပြီး ထွက်ဖို့ ပြင်နေပြီဖြစ်သည် ။
ဖက် ....
ခွန်စဝ်ငွေအိမ်ထူး လက်ကို ဖမ်းဆွဲလိုက်ပြီး
" အာ့ဒါ ယောကျ်ားကောင်း အပြုအမူလား မင်းကြောင့် ဖြစ်တာကို မျက်နှာအပူခံပြီး မင်းသူရိန်က ပြန်စရာလား မင်းဆိုင်ကယ်နဲ့ပဲ လိုက်မှာ "
ပြောချင်သည်ကို သေချာပြောပြီး အောက်ဆင်းသွားပြီဖြစ်သည်။
တတ်နိုင်လွန်းသည့် ဒေါက်တာပင်ဖြစ်သည် ။ ကျွန်တော့်ရဲ့ ဒေါက်တာ ။
Nov 9 , 2023