Part 5 ( Uni )

3.7K 132 1
                                    

" ဖီးလာ့ထီး နုန် " ( အစ်မရဲ့ ချစ်ရတဲ့ မောင်ငယ်လေး )

ပြေးလာတဲ့ အစ်မကို ဖက်မလို ကနေ မဖက်ဘဲ

" ဘာကို မောင်ငယ် လဲ ခွန်စဝ်ငွေအိမ်ထူး လိုလူကိုများ "

" ငယ်ထဲက ဒီလိုပဲ ခေါ်လာတာ ပါအေ ဒါနဲ့ မိတ်ဆက်ပေးရမယ် "

ပြောကာလဲ ပြော ဘေးကလူတွေဆီ လက်လေးညွှန်းပြီး

" ဒါ အစ်မရဲ့ ဆရာ ခွဲစိတ်ပါရမီဒေါက်တာမင်းသူရိန်ထိုက်အောင် ဒီဘက်ဘေးက "

လေယာဉ်ပေါ် တက်လာထဲက မျက်နာ နည်းနည်းရူးပုံပေါက်တော့ မိတ်ဆက်ပေးတော့ သေချာ နားမထောင်လိုက်မိလို့ ခေတ်ထူး တစ်ယောက် ပြန်မိတ်ဆက်ဖို့ ခက်နေတော့သည်။ သွက်သွက်လက်လက် အာကာ ကတော့ လက်လေး ရှေ့တိုးပြီး

" ကျွန်တော် နာမည် အာကာဟိန်းခန့်ပါ ဗျ ဆရာဝန်တော့ မဟုတ်ဘူး ဆရာဝန် သူငယ်ချင်း "

ပျော်ပျော်နေတတ်မှန်းမြင်တာနဲ့ သိသာစေလောက်တဲ့ သူပါပဲ ။ ဒေါက်တာကလဲ လက်လေးတိုးပေးပြီး

" မင်းသူရိန်ထိုက်အောင်ပါ ဆရာတော့ မဟုတ်ပါဘူး ဆေးရုံမှာဆို စီနီယာ လောက်ပါ "

မျက်နှာကြည်ကြည်အေးအေးလေးက ပြုံးလိုက်သလား မသိပေမယ့် အေးနေတော့တာပဲ ဖြစ်တယ် ။

" မယ့်ယင် သွန်နီုးလဲ ခ " ( မမလေး ဒီဘက်မှာပါ )

အိုက်ထွန်းတို့က အလိုက်သိသည် ။ မိတ်ဆက်နေတုန်းမှာပဲ အထုတ်တွေကားပေါ်တင်ပြီးလို့ ကားရှိရာ ကို သွားဖို့ ပြောနေတော့ပေသည်။

" ဒေါက်တာ ဒီဘက် ကြွပါဗျ "

" ဟင် သားထူး က ခေတ်တို့နဲ့ မလိုက်ဘူးလား "

"လိုက်ခဲ့မယ်လေ "

" ခွန် ... " မျက်လုံးတစ်ချက်ကြည့်လိုက်တာနဲ့အသံတွေ တိတ်သွားတော့သည် ။

" လှတယ်နော် သူရိန် တစ်နာရီ ခွဲလောက် ထိုင်လာရတော့ ညောင်းညာပေမယ့် ရှုခင်းတွေက တန်တယ်ကွ "

" အေးပေါ့ မင်းရောက်နေတာ ရွှေတြိဂံ နယ်မြေလေ "

အာကာ ကိုပြန်ပြောနေပေမယ့် ကျောချမ်းသလိုခံစားရလို့ ဘေးဘီ ဝဲယာကို လှည့်ကြည့်လိုက်တော့ သူရိန် ရုတ်တရက် လန့်သွားသည် ။ ခေတ်ထူး ရဲ့ မောင်လေး ဆိုသူက စိုက်ကြည့်နေတာပဲ ဖြစ်သည် ။ ထိုစဉ် ခေတ်ထူးမှ

" မောင်လေး "

ပုတ်ခနဲ လှုပ်လိုက်ပြီး ပြောလိုက်ခါမှ ခွန်စဝ်ငွေအိမ်ထူး ရော ဒေါက်တာမင်းသူရိန်ထိုက်အောင်ပါ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတော့သည် ။

" မနက်က အမေပြောတယ် မောင်လေး ဆိုင်ကယ် ဝင်ယူအုံးမယ်ဆို "

" ဟုတ်တယ် ထားလိုက်ပါ ထွန်းတို့ကို ပြောလိုက်တယ် "

" ဪ အေးပါ ဘာအခြေအနေထူးသေးလဲ ပိုဆိုးလာတာလား "

" အာ့လိုလဲ မဟုတ်ပါဘူး "

" မဟုတ်ဘူး သာ ကြားရတယ် လူသုံးယောက် လာခေါ်တာ ကားကြီး ( ၉ ) စီး လောက်တဲ့လား "

" အစ်မရယ် နယ်နယ်ရရ ပုဂ္ဂိုလ် ကို ကြိုရတာမှ မဟုတ်တာကွယ် "

မင်းကိုတော့ လက်လန်တယ်ဆိုတဲ့ ခေတ်ထူးက ကြည့်နေလိုက်တော့သည် ။
ခွန်စဝ်ငွေအိမ်ထူး တစ်ယောက် ဒေါက်တာကို လှမ်းကြည့်လိုက်တော့ ခေါင်းကိုမော့ပြီး ကျကျနန အိပ်နေပြီ ဖြစ်သည် ။ အတော်ခရီးပန်းပြီးပေါ့လေ ကားကလဲ တန်းပြီး စီးရတာ ဆိုတော့ ..

" ညီလေးလား "

အာကာ က စကားပြောဖို့ မိတ်ဖွဲ့သလို စကားကမ်းလာတော့သည်။

" ပြောပါ ခင်ဗျ "

" ဒီဘက်တွေမှာလေ အရမ်းလှတဲ့ နေရာတွေ ရှိလား "

" အကို ...အာ ကာ နော် "

" ရှိတယ်လေ ဗျ အကိုကမ်းခြေ မှာ လည်ချင်လား ၊ တောတောင်ထဲ အလည်ထွက်ချင်လား ၊ မြစ်ချောင်းတွေငေးပြီး ရိုးရာ ဆန်အရက်လေး သောက်ချင်လား ၊ အထင်တော့ မသေးနဲ့ဗျ ၉ ထပ်လောက်ကနေ ကလပ် တက်ချင်တာလား ၊ ဒါကို အားမရရင် မယ်ဆိုင်ဘက် လည်းလည်လို့ရသေးတယ် "

ခပ် ဟ ဟ ရယ်သံလေး ပြုပြီး စကားအဆုံးသတ်လိုက်တဲ့ ခွန်စဝ်ငွေအိမ်ထူး ပင်ဖြစ်သည် ။
အာကာ့ စိတ်ထဲတွင်တော့
( ရှမ်းတွေက ချောတယ်ဖြောင့်တယ် သိပ်လက်ခံချင်တာ မဟုတ်ပေမယ့် အစ်မက လဲ အတော်ကို ကြည့်ကောင်းတဲ့ မျက်နှာပေါက် လုံးဝကြီး ရှမ်းစပ်နေတာရော ဟုတ်ပါရောလား ၊ အင်း အသက်သာ ဘယ်လောက်လဲ မသိတာ ရုပ်ကတည်တည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းကို သတ္တိမွေးပြီး ညီလေး ခေါ်လိုက်တာ ဒီကောင်ကြီးကတော့ ဖြောင့်သား ပွေလိုက်မဲ့ ရုပ်လို့ ) အာကာ ကတော့ စိတ်ထဲ မှတ်ချက်တွေပေးနေတော့သည် ။

" အကို အာကာ "

" ခဏနေ တောင်ကို ပတ်တော့မှာ အာ့ဒါ."

သူရိန်ကို လက်ညှိုးထိုးပြီး

" ထိန်းထားမှ ရလိမ့်မယ်ထင်တယ် "

ပြောပြီးတာနဲ့ အာကာက အိုကေ လေ သဘောနဲ့ သူရိန် လက်မောင်းအား ရိုက်နိုးလိုက်တော့သည် ။ ခွန်စဝ်ငွေအိမ်ထူး တစ်ယောက် မျက်မှောင်ကြုတ်မိသွားတော့သည်။

" အိပ်မနေနဲ့ ခဏနေ တောင်တက်မှာတဲ့ ဟိုရောက်မှ နား "

တစ်ဖက်ခြမ်းက စူးစူးရဲရဲ ကြည့်နေတာကိုတော့ အာကာ သိလိမ့်လိုက်မည်မဟုတ်ပါ ။

..............................................

"အစ်ကိုလေး ဒီအခန်းပါ အဆင်ပြေရဲ့လား ဗျ ခွန်လေးက ဟော်ရဲ့ ရိုးခန်း ကို ပြင်ဆင်ခိုင်ထားလိုက်တာပါ "

" ဘယ်လိုမဆို ပြေပါတယ် ဘယ်လိုတွေ ကွာသေးလို့လဲ "

" ရိုးခန်းက ဟော်မှာ မိသားစုဝင်တွေပဲ အသုံးပြုကြပြီး လေးဘက် လေးလံ ရှုခင်းပဒေသာခံစားနိုင်ပြီးတော့ အလင်း အမှောင် လေဝင် လေထွက် ကို ရှေးရှုပြီး ဟော်နန်း မတည်ခင် တွက်ချက်ပြီး ဖွဲ့တည်တဲ့ အခန်းကို ခေါ်တာပါ အစ်ကိုလေး "

" မျိူးရိုးလိုက် ကြီးကျယ်၊ခမ်းနားတယ် ဆိုတာ ဒါမျိုးနေမယ်နော် ကြည့်ရတာ ကျက်သရေ နဲ့ မြင်ရတာ ရင်အေးတယ်ဆိုတာ မျိုး ပေါ့ "

ပြောလဲပြော မျက်လုံးထဲ အမေ့ကို ပြေးမြင်မိသည် တစ်ဆက်တည်း အဘိုးဖြစ်သူကိုပါ မြင်ယောင်မိသည် ။ လောဘတွေက အကျိုးမရှိပါဘူး လေ ။

" ခွင့်ပြုပါအုံး "

ကုတင်ပေါ်‌ လှဲချလိုက်ပြီး ဆုံးဖြတ်လိုက်ပြီ။ ဒီတစ်နှစ် ဘာကိုမှ မစဉ်းစားဘဲ ကိုယ့်ကိုယ်ကို ချစ်ကြည့်မယ် ။ ဘယ်အချိန်တွေလောက်ထိ အိပ်ပျော်သွားလဲ မသိတော့ပေ ....

ဒေါက် ဒေါက်

အသံပြန်ပြုသံ မကြားတာကြောင့် အာကာ ဝင်ခဲ့လိုက်တော့သည် ။

" အိပ်နေလိုက်တာများကွာ အတော် ပင်ပန်းတဲ့ ခရီးဆိုတော့ "

ကုတင် နားသွားပြီး နိူးဖို့ ပြင်လိုက်တော့သည် ။

" ဟျောင့် ထတော့ ထတော့ကွ မင်းအိမ်များမှတ်နေလား ကွ ဗိုက်လဲဆာပြီ လျှောက်လဲ လည်ချင်ပြီ ကွ "

အင်း.... အဲ နဲ့ နိုးလာတဲ့ သူရိန်က နားငြီးသည့်ပုံ လုပ်ပြကာ ခေါင်းအုံးအောက် ပြန်ဝင်နေလိုက်တော့လဲ အတင်းကိုဆွဲပြီး ထခိုင်းသည့် အာကာ့ ကြောင့် သူရိန် ထရပေတော့သည် ။

ည‌စာ စားဖို့ လာခေါ်သဖြင့် သူရိန်ကော အာကာ ပါ အားကြိးမာန်တက် ထမင်းစားခန်း‌ နောက်လိုက်လာလိုက်တော့သည် ။ လိုက်လာရင်း အာကာ ကတော့

" ဟို ဗျ အိမ်မှာက လူဘယ်နှစ်ယောက် နေတာလဲ ဗျ "

" မိသားစုဝင်က ၅ ယောက်ပါ လက်ရှိကတော့ သုံးယောက်လောက်ပဲ နေတယ် "

" အိမ်က အကျယ်ကြီးနော် "

" ဟော်နန်းကတော့ ဒီလိုပါပဲ ဗျ ဒီဘက်ခန်းပါခင်ဗျ "

ညွှန်ပြတဲ့ အခန်းဘက်ကို ကွေ့ဝင်လိုက်တော့ ကျွန်းစားပွဲ ပေါ်မှာ ဟင်းလျာပေါင်းစုံစည်နေအောင် တည်ခင်းထားသေးသည် ။ သူရိန်ကတော့ အားတုံ့အားနာ ဖြစ်နေပေမယ့် အာကာကတော့ ဘာကူရမလဲ ဆိုပြီး လိုက်တောင်မေးနေသေးသည် ။

" အစ်ကို .. ထိုင်လေ "

အနောက်က‌နေ ရုတ်တရက် အသံကြားလိုက်ရတော့ လန့်သွားသလိုပင် ရှိသည်။ ထိုင်ဖို့ခုံလေး ဆွဲပေးတဲ့ နေရာလေးမှာပဲ သူရိန်ဝင်ထိုင်လိုက်တော့သည် ။ တစ်အောင့်လောက်အကြာ ရှမ်းရိုးရာ လို အဆင်ပဲလဲ မဟုတ် မျက်စိထဲ မြင်ဖူးတဲ့အထဲ ကြည့်ရ လှပြီး အတော်ဆန်းသည် အဆင်နဲ့ အန်တီ တစ်ယောက်ကို မြင်လိုက်ရသည် ။
ဝိုင်းက ခုံတစ်နေရာမှာ ဝင်ထိုင်လိုက်တော့ သူရိန်စိတ်ထဲ ခေတ်ထူးတို့အမေ ဖြစ်မည်လို့စိတ်ထဲ တွေးလိုက်မိတော့သည် ။

" ဟျောင့် ဒီညတော့ ရှမ်းရိုးရာ ဟင်းတွေ ကြီးပဲ မိုက်တယ် ကွာ "

" သားတို့ စားနော် ငါးစားလားကွယ် ဒါက ငါးဒုက္ခ "

ပြောလဲ ပြော ဟင်းတွေ လိုက်ထည့်ပေးနေလို့ အားတောင်နာမိသည် ။

" ဆရာ စားနော် အမေကလေ ဆရာ တို့ကို ကောင်းကောင်းလေး ဧည့်ခံချင်လို့ကို ကိုယ်တိုင်ချက်ထားတာ ရယ် "

" အားနာလိုက်တာ ကြီးမေ အရမ်းကြီးလဲ မဟုတ်ပါဘူး သာမာန်ဆိုရုံလောက်ဆို ရပါတယ် "

" မဟုတ်တာ သားအကြောင်းတွေ သမီးခေတ်ဆီက ကြားထားပါတယ် သိပ်ကိုတော်တာတဲ့ ဒီလောက်တော့ ကျွေးမွေးဧည့်ခံ သင့်ပြီးသားပါ သားရယ် "

ဒီဘက်မှာသာ စကားတွေ ဖောင်ဖွဲ့နေတာ ထိုင်ခုံရဲ့ ထိပ် မှာ စားနေသူကတော့ စားစရာ ရှိတာကိုသာ ဂရုတစိုက် စားနေတော့သည်။ ဘာကိုမှ ဝင်မပြောသလို နားထောင်နေကြောင်းရဲ့လားတောင် မခံစားမိသည်ထိ အေးဆေးပင် စားနေတာကို သူရိန် ဘာရယ်မဟုတ် ကြည့်နေမိသည် ။ မြင်ဖူးသလို ရင်းနှီးနေသည်ပင် ။

Oct 26, 2023 

Lost & Found (Complete)Where stories live. Discover now