စားပွဲထိပ်က ထိုင်နေသည့်ဆီက အေးစက်သည့် ခံစားချက်ကြောင့် စားပွဲရှည်ထိပ်ဆီကနေ တစ်ဆုံး မည်သည့် အသံမှ ထွက်ပေါ်လာခြင်းမရှိပေ ။ ဘယ်လိုပင် ငယ်ရွယ်သေးသည်ပြောပြော အခုဆို လူလတ်ပိုင်း အသက်အရွယ်မှာ ပြည်မ တစ်ခုလုံးရဲ့ စီးပွားရေးလည်ပတ်မှု ၊ ထိန်းသိမ်းမှုတွေ ပြောင်းလဲ တိုးတက်လာသည်ထိ လုပ်ဆောင်နေနိုင်တဲ့ အပြင် ဩဇာ ညောင်းအမှုက ပြည်ခွဲတွေထိပြန့်တာမို့ မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို ကြောက်လို့ရိုသေနေရသည် မဟုတ်ပါလား ။
ခုဆို အရေးကြီးသည် ဆိုသည့်တစ်ချက်နှင့်ရောက်လာသည့် လူကြီးလူကောင်းတွေကို ထိုင်ခိုင်းထားတဲ့ တစ်နာရီ ကြာဆိုသည်က လွန်သည် ။ ဘယ်လိုလူငယ်ခေတ်မှာ လူကြီးဖြစ်ရသလဲ ကိုသာ ဤအခန်းတွင်းရှိ လူတိုင်းခေါင်းမှ တွေးနေမှာအမှန်ပင် ။
" အဟမ်း "
ချောင်းဟန့်သလို အသံလာရာ ဝမ်ပုံပိုင် ဆီကို ဆယ်ချီသော မျက်လုံးများ ရောက်လာသည်မို့
" အခုနေ ဝန်ခံလိုက်မယ်ဆို ပိုသက်သာမယ်လို့ ပြောချင်တယ် "
ခပ်မာမာ ပြတ်သားသည့် အသံတစ်ခု ထပ်ပေါ်လာသည့် ခွန်လေး ဘက်အား စောနက အကြည့်များ ပြန်လှည့်လာကာ အကုန်လုံး မျက်နှာချင်းဆိုင်ချင်းကြည့်ကာ ဘေးဘီကြည့်ကာ အလုပ်ရှုပ်နေကြပြီဖြစ်သည်။
" နောက်နာရီဝက် ."
ခုံပေါ်ကဆင်းကာ ဘေးဘက်ထွက်လာပြီး ဒူးထောက်ချလိုက်သည့် လူလေးယောက်ကြောင့် ခွန်လေး နှုတ်ခမ်း တစ်ဖက် လှုပ်ပြီးတဲ့နောက်
" ဒီအချိန်လောက်ဆို မင်းတို့ မိသားစုတွေလည်း မင်းတို့လို ဒူးထောက်နေလောက်ပြီ "
" အသက်ကိုတော့ ချမ်းသာပေးပါ ဘာပဲလုပ်ရ လုပ်ရ လုပ်ပါ့မယ် " * ( သံပြိုင် )
" အခုဘယ်မှာလဲ မင်းတို့ကို အချိန် ဘယ်လောက်ပေးရမလဲ "
" ..... "
"......."
"....... "
အချင်းချင်း မျက်နှာတွေ ကြည့်နေပြီးတော့ အဖြေစကားမပြန်သေးသည် နှင့် စက္ကန့်မျှအကြာ