Part 4 ( Uni )

3.8K 145 0
                                    

ကိုးလခန့်ကြာပြီးနောက်

ရန်ကုန်လေဆိပ်Terminal နားတွင် သူရိန်က အထုတ်များနဲ့ မတ်တပ် ရပ်နေပြီး
လက်ကို အန်တီလေးက ကိုင်ထားပြီး နှုတ်ဆက်စကားတွေ ပြောနေတော့သည် ။
ဘေးကနေတော့ အသက်မပါတဲ့ ခန္ဓာနဲ့ လိုက်လာတဲ့ ဘဘကြီးလဲ ရှိနေသေးသည် ။

" တီလေး ကျွန်တော်သွားမှာ မြန်မာ ပြည်တင်ထဲပါ အချိန်မရွေးလိုက်လာလို့ရတယ် "

" အို ဘယ်လောက် နီးနီး ဝေးဝေး သားငယ်လေး ကို ပြေးမှတွေ့လို့မရနေတာ "

" တီလေး ကျွန်တော် တစ်နှစ်လောက်ပဲ ကြာမှာပါ သင်ထားတဲ့ ပညာတွေကို ကောင်းမွန်စွာနဲ့တော့ မျှဝေရမယ်လေ ဒါမှ တိုင်းပြည်ပေါ် သိတတ်မယ် မဟုတ်လား "

ပြောလဲ ပြော မျက်နှာက ဘဘကြီး ကို မေးငေါ့ ပြောနေမှန်းသိပ်သိသာသည် ။

" မြေးသူရိန် သွားရမဲ့ နယ်မြေအနေအထားက ကောင်းကောင်းလေးလဲ မဟုတ်ဘူး ဆိုတာ သိတယ်မို့လား အေး စကားပြော ဆင်ခြင် အလုပ်ကိုပဲ လုပ် ကျန်တာဝင်မပါနဲ့ တစ်ခုခု ဆို ဘကြီး ဆီ လှမ်းပြော "

" ဆရာဝန် ကိုတော့ မသတ်လောက်ဘူးမို့လား ဒါဆို အထွေထူးလုပ်ပြီး ဆက်မနေတော့ပါဘူး "

" တယ် ဒီကောင် ပြောရခက်လှချည်လား မင်းအကြောင်း မင်းသိ မင်းကြောင့် ဘာတွေ ဆုံးရှုံးထားလဲ ဆိုတာ သဘောပေါက် "

" ကျွန်တော်ကလဲ အဖေ ကော အမေပါ ဆုံးရှုံးထားရတာပါ ဘကြီး သိက္ခာလောက် အသက်တွေက အရေးမပါနေလို့လား "

" ဟျောင့် မင်းစကား "

" တော်ကြပါတော့ တီလေးက ပဲ ကြားကနေ တောင်းပန်ပါတယ် နှစ်ဖက်လုံး တော်ကြပါတော့
ဒီမယ် သားငယ် ဒီတခါတော့ ဘကြီး စကားနားထောင် "

ပြောလိုက်ကာမှ တီလေးကိုပါ မျက်ထောင့်နီနဲ့ စူးစူးကြီး ကြည့်လာတော့သည် ။

" သားငယ်သွားမဲ့ နေရာ က လှတာက လွဲ ဒုစရိုက် မှုးယစ် သောင်းကျန်း သူတွေ ရှိတတ်တယ် မဟုတ်လား ဘယ်နေရာ မဆို ကိုယ့်ဘက် အနေအထိုင် ဆင်ခြင်ပြီး သတိဝရိယ နဲ့နေ တစ်ခုခု ဖြစ်လို့ သားငယ်မှာ မိသားစု ဆိုလို့ တီငယ်တို့ပဲ ကျန်တာလေ သားက အဝေးမှာ ပူရတာပေါ့ သားက ပညာတတ်ပါ နားလည်တယ်မို့လား တီလေး ပြောတာကို "

" ကျွန်တော် နားလည်ပါတယ် ဂရုလဲ စိုက်ပါမယ် အလုပ်ကလွဲ ကျန်တာ ကင်းအောင်လဲ နေပါမယ် "

" အေးပါ အေးပါ ဘယ်နဲ့ အတူလိုက်မဲ့ အာကာ ကကော "

" မသိဘူး တီလေး ခုထိတော့ ဖုန်းမဆက်သေးဘူး "

" အေး ဝင်နှင့်တော့သားငယ် တီလေး ဆီ ဖုန်းဆက်နော် "

နှုတ်ဆက်စကားတွေ ပြောပြီး သူရိန်လဲ အထဲဝင်လာခဲ့လိုက်တော့သည် ။

" ဟျောင့် "

ပြေးဖက်လိုက်တဲ့ အာကာ ကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်တော့

" မင်းက နောက်ကျနေတာ ငါကစောနေတာပါကွ မျက်စောင်းကြီးက မိန်းမကြီး ကြလို့ကွာ "

" ဘောကို မိန်းမ ရမှာလား လာသွားမယ် "

.................................................................................

တီ...တီ.....တီ

" ဟယ်လို ..."

အသံဩဩ ကိုမှ ခပ်ပျော့ပျော့ နဲ့ ညင်သာမှုကိုလဲခံစားလို့ရသလို အာဏာ သံလိုလဲ အလျဉ်းပါနေသည်။

" ခွန်လေး ဆိုင်ကယ် ဒီနေ့ နယ်စပ် ရောက်ပါလိမ့်မယ်တဲ့ ဗျ .. ကျွန်တော်တို့ ဟော်ကိုပဲ ကားပေါ်ကနေ ဆွဲခဲ့လိုက်ရမလား ဗျ "

" နေ.. နေ ဟိုတခါလို ဖြစ်တာမျိုး ဆို အချိန်ကုန် ငွေကုန်တယ် လေဆိပ်နားလဲ သွားစရာရှိတာမို့လို့ ကိုယ့်ဘာသာ ယူလိုက်မယ် "

" ဟုတ်ကဲ့ ဗျ ခွန်လေး "

" သားငွေအိမ် "

" ပြော အမေ "

ဘယ်တော့မဆို စိတ်မရှည်တတ်တာ ခွန်စဝ်ငွေအိမ်ထူး ၊ စကားပြောလဲ အမြဲ ဆိုသလို ကန့်လန့်လေး ၊ ဘယ်အရာမဆို စေ့စပ်တတ်ပေမယ့်လဲ တခါခါ ကြလွန်လွန်းတယ်ဆိုတာ သူမှ သူ ခွန်စဝ်ငွေအိမ်ထူးပင်....။

" သား ဒီနေ့ မင်းအစ်မ ကိုသွားကြိုပေးမယ် မို့လား မင်းအစ်မ ရဲ့ ဆရာ ပါမယ်တဲ့ ဒီဘက်မှာ လုပ်စရာလေးတွေ ရှိလို့ ပါလာမယ်ပြောတယ် အာ့ဒါလေ...."

" ရှုပ်ရှုပ်ယှက်ယှက် သားဟော်ကိုတော့ မခေါ်နိုင်ဘူး ပြီးတော့ လဲ အစ်မ ကို ဝင်ခေါ်ပြီး ဝင်စရာရှိသေးတယ် တန်းပြန်လာမှာ မဟုတ်ဘူး "

စကားပင်မဆုံးလိုက်ပါ ငြင်းဆို သံတွေ အရင်ကြားရတော့သည် ။

" သားငယ် ပါလာမဲ့ သူက ကလေးလဲ မဟုတ်ဘူး မင်းအစ်မရဲ့ ဆရာလေ ဆရာဝန် တစ်ယောက် ကိုယ့်အရပ် ကိုယ့်မြို့ကို ကောင်းမွန်အောင် ထောက်ပံ့ပေးမဲ့ သူပဲ ကိုယ်က ပြီး‌တော့ အိမ်ရှင်ဧည့်ဝတ်ကျေပွန်ပြီး..........."

အမေ့ရဲ့ ဓာတ်ပြားတွေ နားထောင်ရတာလဲ လူငယ်တိုင်းမတောင်းပဲရတဲ့ အမွေထင်ပါရဲ့

" ပြီးတော့လည်း မြို့မှာ အသိမရှိဘဲဘယ်နဲ့ ဆေးခန်း ဖွင့်ပြီး ... "

" ခွန်မဲ့ ကျွန်တော် ခေါ်လာခဲ့မယ် ရပြီလား "

" အေးပါ မဲ့ သားလိမ်မာ လေးရယ် ပြန်လာရင် မဲ့ ဖို့ ဘာမှဝယ်မလာနဲ့ နော် အိမ်မှာ ဟင်းစုံ ထိုး ထားမယ် သားလဲ အမေတို့နဲ့ စား ချည် "

" ဟုတ်ကဲ့ "

ပြောပြီး တစ်ခါထဲ အဝတ်အစားလဲဖို့ ထွက်လာလိုက်ပြီး ။

" အိုက်ထွန်း ကားကို အဆင်သင့်လုပ်ထား ပြီးတော့ ဧည့်သည်ပါမယ် အဆင်ပြေအောင် အကုန်လုပ်ထားဖို့ မှာလိုက်ပါ ... အာ ပြီးတော့ မေ့နေတာ ခိုင်းထားတဲ့ ဟာ ရပြီလား "

" ဟို ဒေါက်တာ ကျွန်တော်တို့ စုံစမ်းပါတယ်ဆရာ ထပ်တွေ့ဖို့လဲ ကြိုးစားကြည့်ပါတယ် သတင်းက အရင်တိုင်းပါပဲ ခွန်လေးရဲ့ ခွဲစိတ်မှုက သူနောက်ဆုံးလုပ်ခဲ့တဲ့ ခွဲစိတ်မှုပါတဲ့ ဆေးရုံကနေလဲ သတင်းအစအနက ဆေးလောက ကနေ အနားယူလိုက်ပြီနဲ့ အိမ်လိပ်စာကလွဲ ကျန်တာ မရဘူး ခွန်လေး "

" အင်း ဆက်ပြီးတော့ စုံစမ်းထားပါ ခုချိန်ထိ ကျေးဇူး တင်စကားမပြောရသေးဘူး အကယ်လို့သာ အာ့ညက တခုခု လွဲချော်ခဲ့ရင် ခုအခြေအနေ တွေပြောင်းလဲ နိုင်တယ် "

" ဟုတ်ကဲ့ပါ ခွန်လေး "

အခန်းဘက်ကို တန်းလျှောက်သွားလိုက်ပြီး‌တော့ ဝတ်နေကြ ပဲလား ဘာလား တွေးရင်း
နောက်ဆုံး Armani Shirt အဖြုူနဲ့ ဘောင်းဘီတို အနက်လေးပဲ ဝတ်ပြီး ထွက်လာခဲ့လိုက်တော့သည် ။

" ဟယ် သားငယ် ရိုးရာ လေး ဆင်တော့ ဘာဆန်းလဲ ခုကြည့်ပါအုံး "

" ဟာဗျာ မိန်းမတောင်းတာလဲ မဟုတ် ပွဲကြီးလဲ မဟုတ်နဲ့ တော်ပြီပေါ့ "

" ငွေအိမ်ထူးတို့က ခက်ပြီ"

" သွားတော့မယ် အချိန်လဲ အတော်ကပ်နေပြီ "

ဟော်ကို ပတ်ပြီး ရှေ့ဘက်ကို ထွက်လာလိုက်ပြီး ကားပေါ်တက်လာလိုက်တော့ပေသည်။

" ခွန်လေး ဒီနေ့တော့ ( ၇ ) စီး ယူခဲ့ပါတယ် အပြန် ကို ဆိုင်ကယ် စီးမယ် ကြားလို့ပါ "

" ဟုတ်ပြီ အိုက်ထွန်း သွားကြတာပေါ့ အချိန်နီးနေပြီ မို့လား ..... "

တစ်လှိမ့်လှိမ့် ထွက်လာခဲ့လိုက်ခါ ရှေ့မှာ ငါးစီး နောက်မှာ တစ်စီး နဲ့ ကြားက နေ မသိမသာ ထွက်လာလိုက်တော့သည် ။ ကိုယ့်ဒေသ မို့ လွတ်လွတ်လပ်လပ် အရင်က ရပေမယ့် တိုက်ခိုက်ခံ ရမှု တစ်ကြိမ် ဖြစ်ပြီးထဲက သိုသိုသိပ်သိပ်နဲ့ စနစ်တကျ ပိုဖြစ်လာပြီး ပြင်ဆင်မှုတွေကိုလဲ ပိုလုပ်လာတယ် ဒါကြောင့်လဲ အသက် ငယ်ငယ် နဲ့ ခရိုင်တစ်ခုလုံးမှာ ခွန်စဝ်ငွေအိမ်ထူးက နာမည်ကြီးတာလဲ ပါပေသည် ။

" သူရိန် ဘာစိတ်ကူးကြောင့် ဒီအရပ် ကို ခြေဦးလှည့်လာတာလဲ "

" တပည့်မလေးကြောင့်လို့ ပြောနေတာပဲ မင်းဘာလို့ခဏခဏ မေးနေတာလဲ"

" ထူးဆန်းတယ် ခံစားရလို့ပါကွာ "

" ငါလဲ လာချင်နေတာ ကြာပြီ အလုပ်မအားလို့သာ ဒီဘက်တွေက ယိုးဒယားနဲ့ စပ်နေတော့
လုပ်ငန်း ကိုင်ငန်းလေး တိုးလို တိုးငြားပေါ့ကွာ "

" အင်း အေးဆေးတော့နေ ငါဒီကို ပြန်လည်စတင်ဖို့ လာတာ "

" သူရိန် မင်းကိုမေးစရာရှိတယ် "

လေးလေးနက်နက် အသံလေးနဲ့ မေးလာတဲ့ အာကာကို သူရိန်က ထူးဆန်သလို ကြည့်လိုက်ပြီ

" ဒီတိုင်းလဲ တဂျီဂျီ ကို မေးပါလား "

" မဟုတ်ဘူး အခုက အရေးကြီးတယ် "
ပြောလာတော့လဲ မေးဆိုတဲ့ သဘော မေးဆတ်ပြလိုက်တော့

"မင်း ခွဲစိတ်ဆရာဝန် ပြန်လုပ်အုံးမယ်မို့လား ? "

မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်တော့ အာကာ တစ်ယောက် ကျောချမ်းသွားပုံပင် ရသည်။ မျက်ခုံးကြောတွေ ဖြေချလိုက်ပြီး ဘေးဘက်က ပြတင်းပေါက်ကို ကြည့်နေတဲ့ သူရိန် ဆီကနေ မိနစ် အနည်းငယ်ကြာသည်အထိ ဘာမှ မကြားရသေးပေ ။

" ခွန်လေး "

ပြောဆိုတာကို မေးဆတ်ပြလိုက်တော့ ..

" လေယာဉ်က အထွက်နောက်ကျတယ်တဲ့ ဆိုင်ကယ်ဆီ အရင်သွားလိုက်မလား "

" ကောင်းသားပဲ လုပ်လိုက်လေ "

" တောင်ကြားလမ်းကတွေကနေ ကျော်လွန်ပြီး တာချီလိတ် မြို့အဝင်နားပင်ရောက်နေပြီ ဖြစ်သည်။ "

" အိုက်ထွန်း... "

" နောက်မှ သွားရအောင်ကွာ စိတ်ထဲ တစ်မျိုးပဲ လေယာဉ်ကွင်းဆီ လှည့်လိုက်တော့ "

" ဟုတ်ကဲ့ ခင်ဗျ "

ထွန်း ဆိုတာ ငယ်စဉ်ကတော့ ကစားဖော် ကြီးလာတော့ စောင့်ရှောက်နေတဲ့သူဆိုလည်းမမှားဘူး ဟော်နန်းက ငယ်စဉ် ထဲက မွေးထားတာ ဖြစ်ပြီး ခွန်လေး တို့ အိမ်သား လောက်နီးနီး ယုံကြည်စိတ်ချရတဲ့ သူ တစ်ခါတစ်ရံ မှာ သွေးရင်းသားရင်းတွေထပ် သူစိမ်းကတောင် ချစ်ခင်မှုကြားက လေးစားမှု ကြင်နာမှုတွေ ခံစားရတတ်တယ် မဟုတ်ပါရောလား ။ ထွန်းက အခုဆိုလည်း ခွန်လေး ရဲ့ စိတ်ချယုံကြည်မှုကို ရာနှုန်းပြည့်ရရှိထားသူ တစ်ဉီးဖြစ်သည် ။

" အာကာ ဟျောင့် အာကာ စောင့်အုံး "

အထုပ် က စောင့်နေရတာ တစ်ဖက် အာကာ တစ်ကောင်ကို ဆွဲနေရတာ တစ်ဖက်နဲ့ အတော်လေး ဖရိုဖရဲ ဖြစ်နေသည့် သူရိန် စိတ်အလိုမကျနေမှန်း သိသာတော့သည် ။

" ဆရာ "

" အင်း ပြောလေ သမီး "

" မောင်လေး လာကြိုမယ်ပြောတယ်ဆရာ အာ့ဒါ ခေတ်ထူး အပြင်နားကစောင့်နေနှင့်မယ် ဆရာ ဘယ်အထုပ်လေး သယ်ပေးလိုက်ရမလဲ "

ပြောလဲပြော လက်ထဲက အထုပ်ကို ဆွဲယူလိုက်တော့ ရုတ်တရက် သူရိန်က လန့်ပြီး ပြန်ဆောင့်ဆွဲလိုက်သလို ဖြစ်ကာ ခွန်စဝ်ခေတ်ထူးမေ တစ်ယောက် ဆရာ ရင်ခွင်ထဲ ဝင်သလို ဖြစ်သွားသည် ။ ဒါကို လေယာဉ်ကွင်းထဲ ဝင်လာတဲ့ ခွန်စဝ်ငွေအိမ်ထူးသေချာကို တွေ့လိုက်သေးသည် ။

ကိုယ့်အစ်မ ကိုမြင်မိလား ? ကိုယ့်အစ်မ ဝင်သွားတဲ့ ရင်ခွင်ထဲက သူလား ? ဝေခွဲမရအောင် သေချာ ကြည့်နေလိုက်မိသည် ။

" ခွန်လေး အာ့ဒါ "

လက်လေး ကာပြလိုက်ပြီး ရပ်တန့်စေလိုက်တော့သည် ။

" အနီးနားမှာ ရှိတာတွေက တစ်ခါတစ်လေ ဝေးနေတတ်တယ် "

" ခွန်ဖီး "

လက်လေး မြှောက်ပြီး မဩ မရှ သံလေးက ဘေးနားက အမျိုးသမီး တစ်ချို့ရဲ့ ငေးမောမှုတွေက ခွန်စဝ်ငွေအိမ်ထူး ဆီ ရောက်လာတာ အမှန်ပင် .......

လှလိုက်တဲ့ မျက်လုံးလေးတွေပါလား ဒေါက်တာရာ
ရှာနေတုန်းက ပြေးလွှားနေပြီး ခုတော့ ကျွန်တော့် ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလား ....... ။

Oct 25,2023 

Lost & Found (Complete)Where stories live. Discover now