" ဒါနဲ့ မင်းအလုပ်က ဘာလို့နားလိုက်တာလဲ "
" ဘဝကြီးအကြောင်းပြောရရင် ကျေးဇူးတရားဆိုတာကနေ စရမလားပဲ ရှေ့နေ့ဘွဲ့ယူပြီး လူမှုစောင့်ရှောက်ရေး လုပ်ရတာ ကိုအာကာ လွယ်တယ်ထင်လား "
" မထင်ပါဘူးကွာ ဒါပေမယ့် မင်းရှိလို့သာပေါ့ ငါ့ကောင်ကြီး နေသာတာ "
" မဟုတ်လဲ ခွန်လေးက ကျွန်တော်ကို နိုင်ငံခြားက ပြန်ခေါ်ထဲက မေးတယ်လေ တစ်သက်လုံး ဥပဒေအရကော လူမှုရေး အရပါ ကာကွယ်နိုင်တယ်ဆိုမှ ပြန်လာတဲ့လေ မဟုတ်လဲ တစ်သက်လုံးပြန်မလာနဲ့တဲ့လေ ဘယ်လိုတောင်ဂွကျလိုက်တဲ့ ရွေးချယ်မှုဖြစ်မလဲ စဉ်းစားသာကြည့် "
" မင်းကပြန်လာဖို့ရွေးတယ်ပေါ့ "
" ကိုအာကာရယ် ကျွန်တော် အခုလို သက်သောင့်သက်သာနေနိုင်တာ ခွန်လေးတို့ထောက်ပံ့ထားလို့ အလုပ်ကြမ်းတွေမခိုင်းဘဲ ပညာတွေသင်ပေးထားတာ ပြန်လာဖို့မေးထဲက လိုအပ်နေတာကို ကျွန်တော်က ငြင်းလို့ဖြစ်မလား "
" တစ်သက်လုံးကြီး မင်းက ဒီတိုင်းငါ့သူငယ်ချင်းဘေးမှာနေမို့လား "
" ခွန်လေးထားသရွေ့နေရမှာ ကိုအာကာ ကျွန်တော်က ခွန်လေးပြောတဲ့ အတိုင်းပဲ "
အာကာ နှင့် Edward နှစ်ယောက် အကင်ဖိုနားမှာ အကင်ကင်ရင်း လေကြောတည့်နေသည်ဖြစ်ကာ အာကာတစ်ယောက် သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး
" ကိုအာကာ ကိုအာကာ "
" ဟေ အေး "
" အောက်မှာ တူးနေပြီဗျ ဒုက္ခပါပဲ ဖယ်ဖယ်ကျွန်တော်လုပ်လိုက်မယ် "
တစ်ဖက်ခုံပေါ် Edward က လက်ထဲက ဗန်းကိုချကာ အာကာဖြစ်သူဆီက အကင်ချောင်းများ လက်လွှဲယူနေပြီး ပါးစပ်ကလဲ တစ်ပြစ်တောက်တောက်ပြောနေသေး၏ ။
" ဘာတွေ အာ့လောက်တွေးပြီး ငေးလို့ တူးမှန်းမသိရတာလဲ ဗျ "
" နည်းနည်းလေးပါကွာ မင်းကလဲ ငေါက်လိုက်တာ မင်းတို့ခွန်လေး အတိုင်းပဲ ဟေ့ ဟေ့ Nicholas "
သောက်ဖို့ပြင်နေသည့် ခေတ်ကို ကူဖြစ်နေသည့် Nicholas အား အသည်းသန်လှမ်းခေါ်နေသူကြောင့်
" ကိုအာကာ မခေါ်ပါနဲ့ "
လက်ကိုပုတ်ပြီးပြောနေသူ လက်အား ခါချလိုက်ပြီး
" နေ မင်းကငါ့ကိုအော်တယ် ငါခေတ်နားပဲ သွားကူမယ် "
" ခေါ်လား ကိုအာကာ "
" အေး Edward နဲ့ ကင်ကူပေးလိုက်ပါ ပေးလက်ထဲက အသီးတွေ "
"ဟုတ် ရပါတယ် "
လက်ထဲက အသီးတွေကို လက်လွှဲပြီးတဲ့နောက် ကိုအာကာဆီက Apron တို့ လက်လွှဲယူကာ
" ကိုယ်ဘာကူပေးရမလဲ "
မကျေချမ်းနေသည့် Edward မျက်နှာနားကို တမင်ကပ်ပြီးမေးနေသူကြောင့်
" ဟိုမှာ မမြင်ဘူးလား အများကြီး အကုန်ကင်ပေးရမှာ "
" ဪ အင်း "
ကပြာကယာကို ခုံပေါ်ကနေ ယူလိုက်ပြီး
" ကိုယ့်ကို နည်းနည်းပါးပါး တော့ ပြပါအုံး သိပ်မလုပ်တတ်ဘူး "
Edward တစ်ယောက် အားသည့် လက်တစ်ဖက်အား နဖူးသို့ပိတ်ရိုက်လိုက်မိသည် ။
" နာတော့မှာပဲ ဘာလို့ရိုက်လိုက်တာတုန်း "
" လွှတ်လွှတ် "
လက်တို့ကို ကြည့်လိုက် နဖူးကို ဟူးဟူး မှူတ်နေသူကြောင့် Edward ပထမ အကင်တူးသည့် လူကို အော်လိုက်မိတာနောင်တရသည်။
" အစ်ကိုထွန်း အစ်ကိုထွန်း ဗျို့လာပါအုံး "
အနား မြင်လိုက်ရသူဆီ လူမြန်မြန်ပြန်လဲဖို့လုပ်ရမည် ။
" ငဝက် ပြော "
" ဟာ ခေါ်ပြန်ပြီ အာ့လိုမခေါ်ပါနဲ့ဆို "
( ထိုင်းသံလို အဖျားစွပ်တော့ အက်ဒ်ဝွပ် အသံက အက်ဝက် ဖြစ်နေတာပါ အစ်ကိုထွန်းက အာ့ဒါကို င တပ်ခေါ်လိုက်တော့ ငဝက်ဖြစ်သွားတာပါ )
" ငဝက် က ငဝက်ပဲ ဟာ ဘာလာထူးနေတာလဲ "
" ကျွန်တော့ကို ကင်ကူပေးပါအုန်း ဒီကဆရာက မကင်တတ်လို့တဲ့ "
" ကိုယ့်ကိုသင်ပေးလိုက်ရင်ရပြီလေ အာ့ "
မီးစလေး လွှင့်စင်တာတောင် အော်နေသူကို အိုက်ထွန်းကော Edward ပါကြည့်နေလိုက်ပြီး Edward ရဲ့ မျက်စက အိုက်ထွန်းကို ဘယ်လိုလဲ ဟု အမေးဖြင့်
" ဒီကဆရာလေးက ခွန်လေးတို့ဆီ သွားလိုက်မလားကျွန်တော်ကပဲ ကင်ကူလိုက်ပါတော့မယ် "
ကိုအာကာတို့ ခေတ်နားကပ်ချင်သည့်အမှုက Edward ရဲ့ အော်လိုက်မိခြင်းကြောင့်ကို မူတည်ပြီး အကင်ဆရာ လူခဏခဏ လဲလိုက်ရခြင်းပင်ဖြစ်တော့သည် ။
တစ်ဖက်က အပြင်ဝိုင်းများတွင်တော့ ခွန်လေး နှင့် မင်းသူရိန်က အရွက်တို့ကို သေချာသန့်စင်နေတာဖြစ်ပြီး စားပွဲပေါ်ပါ တစ်ပါတည်း ပြင်ဆင်ပေးနေတာဖြစ်သည်။
" ဟင် "
" ဘာလို့လဲ အချစ် "
" ဟာ လာပြန်ပြီ မခေါ်နဲ့ ခေါင်းကိုခေါက်ထည့်လိုက်ရ "
အပြောထပ် လက်မြန်သူပီပီ ခွန်လေးကလဲ ရှောင်ပြီးသားပင်
" ရှိတာက ... "
လက်တို့ကို ချိုးချပြီး ရေတွက်နေသူကြောင့် ခွန်လေး သဘောတကျ ရယ်ကာ
" ဟ ဟ အာ့လောက်ထိ ရေနေဖို့လိုလို့လား "
" လူပိုပါသေးလို့လား ဪ မင်း ချယ်ရီ ဖို့လား "
ချယ်ရီရဲ့ တကပ်ကပ်ကို ခုတလော စိတ်ကညစ်သည့်ထဲမှ တစ်ခုခုဆို မင်းချယ်ရီ ဆိုတာကြီးကို ခွန်လေးအတော်ပင် နားကိုက်လို့နေပြီဖြစ်သည်။ ဘယ်လိုရှင်းမှ ရမလဲ မသိသည့်အဆုံး တိတ်နေလိုက်လျှင်ကလဲ
" ဟုတ်နေတာပဲ "
သည်အပြောတို့ ထပ်လာပြီဖြစ်သည်။ ခွန်လေး နေရာချထားရေးကို လက်ကချထားလိုက်ပြီး အစ်ကို့နားသို့ လျှောက်ကာ ခါးနောက်ကနေ သိုင်းဖက်လိုက်ပြီး
" မောင့်ကို ခဏခဏ မစနဲ့ မောင်မကြိုက်ဘူး အချစ်ရဲ့ "
" မင်းလွှတ် ဘယ်လိုဖြစ်နေတာလဲ ဟျောင့် လူတွေနဲ့ လွှတ်လို့ "
" အချစ်ထပ်ပြောရင် မောင်မလွှတ်ဘူးနော် "
" ဟျောင့် ဟ လွှတ် "
"ပြောလေ ထပ်မစဘူးဆိုတဲ့အကြောင်း "
ခေါင်းတို့ ငြိမ့်ကာ ပြန်ဖြေနေသူကို အသည်းယားစွာ
" ပါးစပ်ကပြော "
" ဒီခွေး .. "
ရွတ်စ်
ပါးတို့ဆီ ရောက်လာသည့်အနမ်းကြောင့် မင်းသူရိန် လူမြင်ကွင်းကြီးပေါ်မှာ ရှက်စိတ်တို့ကဲကာ အတင်းကာရော ရုန်းပါလေတော့သည်။ ကျော့ကွင်ကြီးလို ရုန်းလေ ကြပ်လေ ဖြစ်လာသည့် လက်တို့ကြောင့်
" မပြောတော့ဘူး လွှတ်ပါတော့ နာနေပြီ လွှတ် "
လွှတ်လိုက်ပြီး နှာခေါင်းထိပ်ကို တွန်းရင်းပြောသွားသေးသည်။
" နောက်တစ်ခါဆို မောင်မလွှတ်ဘူးနော် "
ညနေစောင်းလောက် နေကကျလာပြီမို့ ပြင်ဆင်လို့ပြီးသည်များလည်းပြီးကာ စားဖို့ လုပ်ရတော့မည်ပေ လူပိုများပြင်ထားခြင်းက ကိုဟိန်းဆိုသူရယ် ကိုသစ်ရယ် ချစ်စရာ ကလေးမလေးတစ်ယောက် ဖြစ်နေသည် ချယ်ရီကလည်းပါပါတယ်လေ ၊ ခေတ်ရဲ့ သောက်စရာမရောက်သေးသည်မို့ ကူပေးဖို့ သတိရသည်နှင့် ခေတ်တို့ Tent တို့ဆီ သွားဖို့ လုပ်လိုက်မိကာ
" ကိုထိုက် ... "
မျက်လုံး အစုံရှေ့မှာ မတ်တပ်ရပ်နေသူ ကြောင့် မင်းသူရိန်ကိုယ်တိုင်ကော ပိုင်စေရာယိမ်းပါ ကြောင်အ လို့နေပြီဖြစ်ကာ
"ပိုင် "
ပြေးဖက်လာသည့် ပိုင်ကြောင့် မင်းသူရိန် ဘေးဘက်ကို လိုက်ကြည့်လိုက်တော့ တစ်ယောက်စာ အကင်တွေ ထည့်ထားပြီးပန်းကန်များကိုင်ဆောင်ကာ လျှောက်လှမ်းလာသူ သားထူး ကိုတွေ့လိုက်ရပြီးနောက် ခေါင်းတစ်ခုလုံးပူထူလာကာ ခြေများပင် ယိုင်ချင်လာပြီ ။
" ကိုထိုက် လမ်းပြန်လျှောက်နိုင်သွားတာလား ဟမ် ကိုထိုက် ကျွန်တော့်ကို ဖြေပါအုံး "
ဖက်လိုက် ခွာလိုက်ဖြင့် ပြုလုပ်နေသူဆီ စိတ်မရှိ စောနကထိ ရပ်ကြည့်နေပြီးနောက် ခုတော့ ပုံမှန်လို လုပ်စရာရှိတာ လုပ်နေသူဆီ စိတ်ကရောက်နေကာ အာရုံများနောက်ကျိရသည်။
" ပိုင် လွှတ်အုံး နေရခက်တယ် "
" ဝမ်းသာလိုက်တာ ကိုထိုက်ရယ် ဝမ်းသာလိုက်တာ "
" ဘယ်လိုလိုက်လာတာလဲ "
" မင်းဘာလုပ်လိုက်တာလဲ သိလား သားထူး "
" မလုပ်သင့်ဘူးလား "
" ဟိုကိုလဲ ကြည့်အုံး ဖက်နေလိုက်တာ ဖြူဖျော့နေတာ မမြင်တဲ့ အတိုင်း "
ခေတ်ပြနေသည့် ဘက်ကို ကြည့်လိုက်တော့ အစ်ကို့ကို ဖက်လိုက် ကြည့်လိုက် လုပ်နေပြီး အစ်ကိုကတော့ သူ့ကို ကြည့်နေတာ ဖြစ်ပြီး ပြုံးပြလိုက်မိသေးသည်။ ဟော မျက်စောင်းထိုးသွားသေးသည် ။
" ကဲ အစ်မ စကားမများနဲ့ လုပ်ဗိုက်ဆာနေပြီ "
" နင်ဘာတွေလုပ်နေတာလဲ ဆိုတာ ငါ့လဲ နည်းနည်းပါးပါးပြောပြပါအုံးလား "
" အချိန်တန်လာလိမ့်မယ် လုပ်စမ်းပါ "
" ကိုကို ခေတ်ကို လာကူပါအုံး "
" ဟာ့ နားကြားပြင်းကပ်လိုက်တာကွာ ပေးပေး လက်ထဲက အိုးကို "
ကိုအာကာ့ဆီ လှမ်းအပူကပ်တော့မည့် အစ်မဖြစ်သူကြောင့် ပြင်ပေးထားသည် များကို ဆွဲယူလိုက်ပြီး စိတ်ထဲတော့ ကြိတ်ပြုံးနေသည်။ ပွဲကခဏနေမှ စမှာ....
အကုန်လုံး နေရာအသီးသီး ဝင်ထိုင်လိုက်ကြပြီးနောက် အစောက စီစဉ်ထားတာနဲ့ ကွဲပြားတာကတော့ သားထူးဘေးတွင် ချယ်ရီ ဖြစ်ကာ မျက်နှာချင်းဆိုင်တွင်တာ့ မင်းသူရိန်နှင့် ပိုင်စေရာယိမ်း ဖြစ်လေသည် ။ ထိုင်ခုံကြားက လေထုကိုကြောက်သည့်အလား စောနက
စကားများကြသည်လို မဟုတ် စားစရာများကိုသာ ငြိမ်စွာစားနေသည့် Edward နှင့် Nicholas က အသိသာဆုံးပင် ...
" ကိုအာကာ ကျွန်တော့်ကိုလည်း တစ်ခွက်လောက် လုပ်ပါအုံး "
ယောက်ဖဆီက အသံဖြစ်သည့်အလျောက် အာကာတစ်ယောက် ပိုင်စေရာယိမ်းကပ်နေသည့် သူရိန်ကိုပင် ခွက်ယူရင်း မျက်စောင်းထိုးပစ်လိုက်သေးသည်။ ခွက်ကမ်းနေသည့် သူရိန်အား မယူဘဲ လှည့်ထွက်လာလိုက်သည်။
" ကိုထိုက် နေလို့ကောင်းလား အဆင်မပြေတာရှိလား အမှန်ဆို ပြန်ကောင်းထဲကခုလိုနေရမှာမဟုတ်ဘူး ဆေးခန်းသွားသင့်တာ ကျွန်တော်ပြောတာကြားရဲ့လား "
"....... "
" ကိုထိုက် ကျွန်တော်ပြောတာ ကြားရဲ့လား "
မင်းသူရိန် မျက်စိရှေ့က သူတွေဆီ ကြည့်နေသည်မှာ ပြာကျလုနီးနီးပင်ဖြစ်ကာ ရှေ့မှ သားထူးကတော့ ဂရုမစိုက်စွာပင် ချယ်ရီ သောက်မည့်ခွက်ထဲမှ ပန်းသီးတွေအား သတိထား ဖယ်ပေးနေခြင်းဖြစ်ကာ
" ကိုထိုက်ကော သောက်မလား ပိုင်သွားယူပေးမယ်လေ "
" ........ "
" ကို.. "
အနားကနေ ထထွက်သွားသူ ကြောင့် ပိုင်စေရာယိမ်းတစ်ယောက် လိုက်ရတော့မလို မလိုက်ရတော့မလို ဖြစ်နေချိန် အနောက်ကနေ Edward လိုက်သွားတာကို တွေ့လိုက်ရပြီး အနားကို Nicholas ရောက်လာသည် ။
" နေကောင်းခါစဆိုတော့ ခဏလွှတ်ပေးထားလိုက်မလား "
ပခုံးကနေ ဖိချပြီး ဘေးနားဝင်ထိုင်လိုက်သည့် Nicholas ကြောင့် ပိုင်စေရာယိမ်း လှမ်းကြည့်ရင်း အရှေ့က သူဆီအကြည့်တို့ ပို့လိုက်ကာ
" ဟက် အကြိုက်ပြောင်းသွားတာလား "
"...."
ခေတ်ကတော့ ရန်ဖြစ်တော့မည်ကို သိသည်နှင့် အာကာကို ကျောမှပုတ်ကာ မောင်ဖြစ်သူနားသွားဖို့ အချက်ပြလိုက်သည်။ ခေတ်ကတော့ထထွက်သွားလိုက်ပြီးနောက် ချယ်ရီကိုပါ ခေါ်ကာ သူတို့ကြီးထားခဲ့လိုက်သည် ။
" ချယ်ရီ သွားနှင့်နော် ခဏလေးနေမှတွေ့ကြမယ် "
" အင်း ထူး "
ထထွက်ဖို့ပြင်နေသူ ခွန်လေး လက်အား ဖမ်းဆွဲလိုက်သူ ပိုင်စေရာယိမ်း လက်အပေါ်သို့ အာကာ့လက်ပြန်ရောက်လာကာ
" စကားအေးဆေးပြောကြရင်ကောင်းမယ် "
" သူရဲဘောကြောင်ပြီး ရှောင်တတ်တာမင်းယောက်ဖအကျင့်ဖြစ်မယ် "
" ပိုင်စေရာယိမ်း မင်းလွန်မလာရင်ကောင်းမယ် "
" မင်းတို့ပေါင်းကြံလိုက်ရုံနဲ့ ငါကရောက်မလာဘူးထင်နေတာလား "
" အနည်းဆုံးတော့ ခေါ်မှရောက်လာရတာပဲမလား "
ခီ့
ထိုင်နေသည့် Nicholas ဆီမှဖြစ်ကာ အသံကချက်ချင်းပျောက်သွားတော့သည်။
" ပြောပါအုံး အတိတ်တွေ ပြန်သတိရသွားလို့ကျန်ခဲ့မှာကို ရူးမလောက်ကြောက်နေတဲ့အကြောင်းလေး "
" မင်းအသက်ငယ်သလောက် လူကြီးကိုလေးစားရမှန်းမသိဘူးလား "
" အသက်နဲ့စကားမပြောနဲ့ ဒီကခွန်စဝ်ငွေအိမ်ထူးနဲ့စကားပြော "
သူ့ကိုယ်ကို ရည်ညွှန်းပြီး ပြောနေပုံကိုက အမြင်ကပ်ဖို့ကောင်းအောင်ကြည့်ကောင်းသည်။
" ငါတို့မနက်ဖြန်ပြန်မယ် အာကာ "
" သူရိန်ဆန္ဒမပါပဲ မင်းသူ့ကိုခေါ်သွားခွင့်မရှိဘူး ပိုင်စေရာယိမ်းလူပါးမဝနဲ့ "
" ကိုထိုက်ကို ငါပြောရင် ရတယ် ငါတို့မနက်ဖြန်ပြန်မယ် "
" ခေါ်လို့ရရင် ခေါ်သွားပါ ကိုပိုင်စေရာယိမ်း "
" ညီ .. "
" အေး ငါကတော့မင်းတို့နဲ့တတ်နိုင်သမျှ မပက်သက်အောင်ထားမှာ ငါခေါ်ရင်လာ ထားရင်နေ တဲ့သူကို မင်းတို့အရောင်မဆိုးနဲ့ "
" ပိုင်တယ်ဆိုလုပ်ပါ ကျွန်တော်မတားပါဘူး "
ထထွက်သွားတော့မည့်သူအား Nicholas မှ ထပ်ဆွဲထားလိုက်ပြီး
" ဒီက အစ်ကိုက ဘာကြောင့်ဆရာကိုပိုင်တယ်ပြောပြော ဆရာ့ကိုပိုင်တဲ့သူက ဆရာကိုယ်တိုင်ပဲဆိုတာမမေ့နဲ့ ဆရာရဲ့ ထုတ်ပြခဲ့တဲ့ တစ်စိတ်တစ်ဒေသတော့ အပိုင်းမှာ ဒီကအစ်ကိုမပါဘူး ဒီကခွန်လေးကို ထုတ်ပြခဲ့တာ ဘယ်လောက်တောင် ယုတ်ညံ့မှုတွေကပြည့်နှက်နေလို့ အဖေရော သားရောက တစ်မျိုး တစ်ဖုံထဲလာရတာပါလိမ့် "
" မင်းး မင်းး လိုကောင်ကများ "
ခွပ်!
ခွပ်!
" ဟျောင့် မင်းလက်မပါနဲ့ "
အာကာ ကြားကလူဝင်ခွဲလိုက်ပြီး နောက် Nicholas မျက်နှာကို ကြည့်နေတုန်း ဒေါသရိပ်တက်နေသည့် ပိုင်စေရာယိမ်းအား
" မင်းအဖေနဲ့တူတယ်ပြောတာ မခံချင်တာ မှန်နေတာကို မင်းသိလို့လေ မင်းလုပ်ရက်တွေအကုန်ကမင်းအဖေလိုပဲ ပိုင်စေရာယိမ်း မင်းကိုကြည့်ခဲ့တဲ့ ငါ့သူငယ်ချင်း မျက်နှာမှမထောက် မင်းကအိမ်ထောင်တွေပြု ဘဝကိုသာယာနေချိန် ငါ့သူငယ်ချင်းက အရက်သမား ဖြစ်ရတာကွ မင်းလိုလူကိုမေ့ပြီး ဘဝသစ်စနေတာကို နှောင့်ယှက်တာလဲ မင်းအဖေပဲ မင်းတို့သားအဖက တစ်ပုံထဲဟျောင့် မင်းနာနေတာ မှန်နေလို့ "
" မင်းကများ "
အင့် !
အနောက်ကနေ ပိုင်စေရာယိမ်း လည်ဂုတ်ကနေ ဆောင့်ဆွဲလိုက်မှုကြောင့် လည်ပင်းတစ်ဝိုက်ကို ကိုင်ထားပြီး အသက်ရှုဖို့ ရုန်းကန်နေသူ နားအား
" မင်းလက်ကို သိမ်းထား "
အ !
ပစ်ချလိုက်သည့် အရှိန်ကြောင့် အသက်ရှုဖို့ကို လူးလဲနေသည်ကို ကျောဘက်ကနေ ထပ်မံပြီး
အ!
လှည့်ကြည့်လိုက်ချိန် ရောက်ရှိလာတဲ့ ဖိနပ်အောက်ခြေက ရင်ဘတ် လည်မျိုနားကိုကပ်ကာ
" မင်းငါ့ကို သတ်မလို့လား သတ်လိုက်လေ "
ပြုံးလိုက်တယ် ဒီကောင် ငါပြောတာကို ပြုံးနေတယ် ။
" တစ်ခါထဲနဲ့ သေသွားရင် ပျင်းဖို့မကောင်းဘူးလား ဘဝကြီးကို အာ့လောက်လွယ်လွယ်အရှုံးပေးဖို့လား ဟမ် "
အစ် !
" ညီလေး မင်းတော်တော့ "
" မင်းကော မင်းအဖေကော ပေးဆပ်ဖို့ကျန်နေသေးတာကို မမေ့နဲ့ ငါဆိုတဲ့ လူကရစရာရှိရင် အကုန်ရအောင်ယူတတ်တယ် "
ခြေဖဝါးတို့ကို အားနှင့်ဖိချေနေစဉ် အသံတစ်ခုလာရာဆီ ခွန်လေး အာရုံတို့က
" ခွန်လေး...ရေ လာပါအုံး ပြဿနာတက်ပြီ "
ခြေထောက်တို့ကို ရုတ်သိမ်းလိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသူကြောင့် အသက်လုနေသူ ပိုင်စေရာယိမ်း မျက်ဝန်းနီများဖြင့် ကြည့်နေလိုက်သည် ။
" ကိုထိုက် ဘယ်မှာလဲ "
" မင်းဇာတ်သိမ်းရောက်တော့မှာ ပိုင်စေရာယိမ်း မကြာခင် သူရိန်ကပြန်ကောင်းတော့မှာ သူမင်းဆီပြန်လာမယ်ထင်နေတာလား "
ကမန်းကတန်း သွေးရူးစွာ ထလာသည့် သူလည်ပင်းအား။ထပ်ကိုင်ဆုပ်လိုက်ပြီး
" မင်းကို ငါကော ဘယ်သူကမှအပြစ်မပေးဘူး သူရိန်ရဲ့ အမုန်းကြောင့်နဲ့ တစ်ဘဝလုံး ခံစားရဖို့ပြင်ထား လူ့တိရစ္ဆာန်လိုကောင် "
" ကိုထိုက်ရော ကိုထိုက် ... "
ခွပ် !
ကုန်းရုန်းလူးလဲထလာသူကို အားပါးပါး တစ်ချက် ထိုးလိုက်ပြီးတဲ့နောက် ခွန်လေးကတော့ မပြေးရုံတမယ် လှည့်ထွက်သွားသည်။ ပိုင်စေရာယိမ်းကတော့ နှုတ်ခမ်းထောင့်က သွေးစတို့ကို ကိုင်ကာ အလူးလဲ ပြန်ထဖို့လုပ်ကာ လိုက်လာတော့သည်။
" အစ်မ ဘာဖြစ်လို့လဲ အစ်ကိုကော "
ခေတ်က စိတ်ဓာတ်ခိုင်မာသူပီပီ မျက်နှာထားတည်တည်ကို စိတ်မအေးနေပေမယ့် ငြိမ်သက်စွာရှိနေပြီး
" ဆရာ ပျောက်သွားလို့ ပြီးတော့ စာတစ်စောင်ကျန်ခဲ့တယ် "
လက်ထဲကို ဖြဲထားတဲ့ စက္ကူပိုင်းလေး ရောက်လာသည်ကို အချိန်မဆွဲနေတော့ပါ
' Eye For Eye '
" ဟာ့... "
ဝုန်း!
" မောင်လေး မောင်လေး ခွန်လေး စိတ်ထိန်းလေ စိတ်ထိန်းပါ "
အရပ်ကရှည် လူကောင်ကထွားသူမို့ ခေတ်ပါးစပ်ကသာပြောနိုင်ပြီး ဝင်ဆွဲနေသည့် ယောကျ်ားသားတွေပင် ချွေးသံ ထွက်လို့လုံးပန်းနေရပြီဖြစ်ကာ
" ဟိုကောင် Edward ... မင်းဘယ်မှာလဲ "
" Edward လဲထိထားတယ် ခါးမှာတစ်ချက် စိတ်ထိန်းပါကွာ ငါအကုန်ပြေအောင်လုပ်ပေးမယ် စိတ်ထိန်းပါ သားထူး ရာ ကျန်တဲ့သူတွေကိုကြည့်ပါအုံး "
ကြားက ဖြန်ဖြေနေသူ ကိုဟိန်းကြောင့် ဘေးဘီဝဲယာတစ်ဝိုက်ကို ကြည့်လိုက်တော့ ကြောက်နေသည့် သူ့အစ်မ တုန်လှုပ်နေပြီး တစ်ရှိုက်ရှိုက် ငိုကြွေးနေသည် ။ မျက်ရည်စများနဲ့ ကျန်တဲ့သူများကိုလည်း တွေ့ပြီးနောက် သားထူး ခေါင်းတို့ မသိမသာ ယိမ်းလာပြီးနောက် နားနှစ်ဖက်ကို ဆုပ်ကိုင်ကာ ထိုင်ချလိုက်ပြီးနောက်
" မဟုတ်ဘူး မဟုတ်ဘူး အစ်ကိုဘာမှမဖြစ်ရဘူး ဘာမှဖြစ်လို့မရဘူး "
ထိုစဉ် ပြေးလွှားလာသူ ပိုင်စေရာယိမ်းမှ အခြေအနေကို တစ်မျိုးတစ်ဖုံတွေးကာ သားထူး ဆီပြေးဝင်လာပြီး လက်တို့ဖြင့်ရွယ်ကာ
" ကိုထိုက်ကော ကိုထိုက်ကို ဘာလုပ်လိုက်ကြတာလဲ "
..
" ဟျောင့်.. ဟာ လီး အာ့စောက်ရူးကို ဆွဲကြပါအုံးဟ "
လုံးထွေးနေသည့် နှစ်ယောက်အား Nicholas ၊ အာကာနှင့် ကိုဟိန်းတို့ ဝင်ဆွဲကာ လူစုခွဲလိုက်သည်ထိ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင် ။
တစ်ဖက်တွင်တော့ နားမလည်သည့် ဘာသာစကားသံတွေကြား ငြီးစီးသည့် အနံ့တစ်မျိုးကြောင့် နှာခေါင်းရှုံ့လိုက်လို့ခေါင်းလေး တွန့်လိုက်လို့ နာကျင်ရသည့် ခေါင်းကိုက်မှုက
ခဏမျှ သေဆုံးလိုက်ရသလိုပင် ၊ အားတင်းပြီး မျက်စိအစုံဖွင့်လိုက်လို့ မှောင်မဲနေသည့် မြင်ကွင်းနှင့် အသံထွက်မရသည့် အာခံတွင်းမှ အဝတ်စို့တို့ကြောင့် ကိုယ်လုံးကို အားပြုကာ ရုန်းကန်ရင်း မျက်ရည်စတို့ တိုးထွက်လာသည်။ ကြောက်သည်။ မွန်းကြပ်ပိတ်မှောင်နေပြီးနောက် အော်ဟစ်မရသည့် နေရာကို ကြောက်သည်။ စူးအောင့်လာသည့် ခေါင်းကြောင့်လဲ မူးပြာလာကာ ရုန်းကန်ရင်း သတိတို့ပင် မကပ်နိုင်တော့ပေ ။
If you like this story please vote & comment for me .
Dec.19,2023