" ထဖို့ သင့်ပြီနော် ဟျောင့် "
" ပင်ပန်းလို့လေ အနားယူနေတာကို မကြာခင် အလုပ်တွေ ပုံလာတော့မှာ "
အလုပ်တွေ လာတော့မယ်ဆိုလို့ မင်းသူရိန် အတွေးထဲ ပေါ်လာသည်က
" မနေ့က ဦးယိမ်းမင်းကို မတွေ့ဘူး သူတို့ကတက်ရောက်စာရင်းထဲ မပါတာလား"
" ရွေးကောက်ခံတွေဆိုတော့ မပါဘူးလေ အခြေခံလေးတောင်မသိဘူးလား "
ဘုန်း
" အ အစ်ကို လက်ပါ တာ မျိုးရိုးလိုက်လို့နေမယ် တီလေးကလဲ တစ်ခုခုဆို ဖတ်ခနဲ ဖတ်ခနဲ နဲ့ကို လူဗျ အသွေးအသား နဲ့ နာသဗျ"
" အမလေး နာတတ်လိုက်တာ ငါနာဖို့လဲ အချိန်ပေးပါအုံးလား "
ခေါင်းအုံးကြားထဲကနေ သွားတက် လေးပေါ်သည်ထိ ပြုံးနေသည့် မျက်နာက ထွက်လာပြီးနောက်
" နာနေသေးတာလား ကျွန်တော် ဆေးလူးပေးမယ်လေ "
အာ့လို အကြည့် အာ့လို အမေးတွေကို မြင်လိုက်ရချိန် မျက်နှာတွေ ပူထူလာကာ ဘာပြန်ပြောရမလဲ မသိအောင်ပင် လုပ်မိလိုက်သည်ကတော့
ဘုန်း ဘုန်း
" တော် အာ့ တော်ပါတော့ အစ်ကို ရေ အာ့ "
" အ့ "
ဒီတစ်ခါတော့ အော်သံက မင်းသူရိန်ဆီမှ ဖြစ်ကာ လက်နှစ်ဖက်ကို ချုပ်ကိုင်ခံလိုက်ရတာဖြစ်ပြီး ထိုင်နေသူကြီးကို ဆွဲချလိုက်လို့ ခွန်လေးနဲ့ မျက်နှာချင်းဆိုင် အနေအထားသို့ပြောင်းသွားတော့သည်။
" နာတယ် မရိုက်ပါနဲ့ ရှက်သွားတာလား "
" မရှက်ပါဘူး "
" ဟ ဟ နားရွက်ဖျားလေးတွေ ရဲနေတာကို မရှက်ဘူးငြင်းနေသေးတာလား "
မင်းသူရိန် ခွန်လေးလက်တွေ ကြားက မိမိလက်ကိုရုန်းလိုက်တော့
" နာမယ်လေ မရုန်းနဲ့တော့ အစ်ကိုက ထိန်းရခက်လေးပဲ "
ပြောပြီး လက်ကနေ တဖြေးဖြေး မင်းသူရိန်က ရင်ခွင်ထဲထိ ဆွဲသိမ်းလိုက်ပြီဖြစ်၏ ။
" Boss တန့်ယန်းဘက်က လူတွေကို ဆက်သွယ်လို့မရဖြစ်နေပါတယ် "
" ဟို ဝယ်မယ့် ငနဲသားက ဘာတဲ့လဲ "
" ပေးထားတဲ့ နှစ်ရက်ထပ်ကြာရင် မလွယ်ဘူးလို့တော့ ပြောပါတယ် "
" အာ့ကောင်နဲ့ ပက်သက်တဲ့ အဆက်အသွယ် အကုန်ဖြတ်လိုက် ကြားလား "
" ဖြစ်ပါ့မလား Boss သူက အကောင်ကြီးတယ်နော် ကျွန်တော်တို့ စရံပြန်အမ်းလိုက်ရမလား "
ဖြောင်း ....
" စောက်စကားရှည်မနေနဲ့ လုပ်ဆိုရင်လုပ်လိုက်"
အရိုက်ခံလိုက်ရတဲ့ ပါးတစ်ဖက်ကို ကိုင်ထားလိုက်ပြီး
" ဟုတ်ကဲ့ ဟုတ် Boss "
" ရှမ်းစော်ဘွား ရှမ်းစော်ဘွား မလောက်လေးမလောက်စား ကလေးလိုအကောင်က ငါ့အလုပ်ကို လာနင်းပြီဆိုမှတော့ ငါကလဲပြန်လုပ်ရသေးတာပေါ့ "
ဦးယိမ်းမင်းတို့ ပွဲဆိုင်ထားတာ ခွန်လေး၏ စေခိုင်းမှုကြောင့် ပျက်သွားပြီဖြစ်ကာ သူ့ပစ္စည်းတွေကို ထိန်းသိမ်းထားသည်က ဝမ်ပုံရွာပိုင် ဟိန်းပြည့်မင်းမာန် လို့ကြားသိထားပြီသား ဖြစ်တော့ လိုက်သွားဖို့ကို ပြင်ဆင်ထားလိုက်ပြီး ပစ္စည်းတစ်ချို့ပြန်ရမှ ဖြစ်မည့် ကိစ္စကိုသာ အာရုံစိုက်ထားမှ ဖြစ်မည် ။
" Boss အစ်ကိုလေး လာပါတယ် "
" ဝင်ခဲ့ခိုင်းလိုက် "
ပိုင်စေရာယိမ်း လာတုန်း ခိုင်းစရာတစ်ချို့ ခိုင်းထားရမည် ။
" အဖေ ပျောက်နေတာ နှစ်ရက်လောက် ရှိတော့ စိတ်တွေပူနေတာ အမေက နေမှကောင်းရဲ့လား "
" မင်းတို့သားအမိက ငါ့ကိုပစ်ထားပြီး ခုမှ နေကောင်းလား လာလုပ်နေတယ် "
" မဟုတ်ဘူး အဖေရဲ့ အခုအမေ့ အခြေအနေက ထမင်းဟင်းထချက်ပေးဖို့တောင် မပြေဘူး"
" အရင်ကလဲ လုပ်နေတာပဲ ထား လာရင်းကိစ္စက "
ရန်ဖြစ်ရမယ့် အကြောင်းကနေ မြန်မြန် ရှောင်ထွက်တာ ကောင်းလိမ့်မည် ။
" သတင်းတွေ ကြားတယ် စိတ်အဆင်ပြေရဲ့လားကို အမေကလဲ စိတ်ပူနေတယ် "
" ဪ မင်းသူရိန် ကိစ္စလား ပြေပါတယ် "
" လက်လွတ်စပယ်နဲ့ အဖေရယ် အာ့လို ခေါ်လို့မရတော့ဘူးလေ "
" အနားမှာ မင်းပဲ ရှိတာ ပြန်ပြောမလို့လား "
ပိုင်စေရာယိမ်း မျက်နှာလေး ငြိုးကျသွားရသည် ၊ ပြန်ပြောပြလိုက်ချင်တာပေါ့ အားရင် ထပ်များသွားတွေ့ဖို့တောင်တွေးထားတာ အခုတော့ ရုတ်တရက်ကြီး ဝန်ကြီး ရာထူး နှင့် ဖြစ်နေပြီ မဟုတ်လား ကိုထိုက်က သူနှင့် အမြဲတစေ အလှမ်းဝေးရသည်။
" ဟျောင့် ဘာတွေ တွေးနေတာလဲ "
" ဘာမှ မဟုတ်ပါဘူး ဟိုဟိုဒီဒီ ပါ "
" မင်းသူရိန် ပြန်ရောက်နေပြီ မင်းသွားမတွေ့ဘူးလား "
" အမေ့ကို သွားခေါ်တဲ့ မနက်ကတော့ တွေ့လိုက်ပေမယ့် စကားတော့ သေချာမပြောဖြစ်ခဲ့ပါဘူး "
" ရည်းစားတွေ ဆိုတော့လည်း တွေ့ချင်တယ်ပေါ့လေ "
" ကျွန်တော်တို့အာ့လို အခြေအနေမဟုတ်တော့ပါဘူး အဖေ အာ့လိုလက်လွတ်စပယ် ထပ်မပြောပါနဲ့ "
" ဖြစ်လို့ရတာပဲ ဘာခက်လို့လဲ ဟိုကမင်းကို သေသေရှင်ရှင် လိုချင်တာပဲ မဟုတ်ဘူးလား "
ပိုင်စေရာယိမ်း ထပ်ပြီး ငြိမ်ကျသွားရပြန်ပြီ ဖြစ်ကာ တွေးနေပြန်ပြီ အဖေအခုပြောနေတာ ဘယ်လို အခြေအနေကြီးလဲ ?
" မဖြစ်နိုင်တာကို မတွေးတာကောင်းမယ် အဖေ ပြီးတော့ ကိုထိုက်က အခုဝန်ကြီးဖြစ်နေပြီ သားလဲပဲ အိမ်ထောင်သည် မို့ တစ်ချို့အကြောင်းအရာတွေက ပြန်မပြောတော့တာပိုကောင်းမှာပါ "
" ယောကျ်ား မိန်းမ တွေမို့ဖောက်ပြန်တယ်ပြောကြတာပါ ယောကျ်ား ယောကျ်ားဆို ပြောမယ် မထင်ဘူး ဘာလဲ တစ်ချိန်ကလို မတူဘူး မတန်ဘူး အငြင်းခံရမှာ ကြောက်နေသေးတာလား ပူမနေပါနဲ့ အခု အာ့ကောင်လေး အထပ်မှာ ဘယ်သူမှ မရှိဘူးလေ အဘိုးဖြစ်သူက အိပ်ရာထဲမှာ အဒေါ်ဖြစ်သူကလဲ အဘိုးကမှ မရှိ ဘာစီမံတတ်လို့လဲ ? "
ဘယ်လို စကားတွေပြောနေတာလဲ တစ်ကြိမ်တစ်ခါလဲ အိမ်ထိ ငွေထုပ်နှင့်အစော်ကားခံခဲ့ရပြီးပြီ အခုလို ထပ်ပြီးတော့အဖြစ်မခံချင်ပါ
" သားတို့ အာ့ကိစ္စ ထပ်မပြောပဲ နေရအောင် အဖေအလုပ်ကလဲ ရှိသေးတော့ ပြန်ခွင့်ပြုပါအုံး "
" အလုပ်အဆင်ပြေအောင်လုပ်နော် ခုတလော ငွေလိုနေလို့ တောင်းတဲ့ချိန်တစ်ချက်လှည့်ဖို့ပြင်ထားပေး ပြီးတော့ အဖေပြောတာလဲ တွေးကြည့်နော် မင်းမှမင်းဆိုတဲ့ လူက ဘယ်ချိန်မဆို မင်းမှ မင်းပဲ ဖြစ်နေတာ မင်းအမေကိုပဲ ကြည့်လေ "
" ပြန်နှင့်ပါပြီ "
ပြန်လာတဲ့ လမ်းတစ်လျှောက်အတွေးများ ချာလည်နေသည်၊ ကိုထိုက် နှင့် အရင်အခြေအနေတွေ ဘယ်ကစတင် ပြီး ပျက်စီးခဲ့လဲ ဆိုသည့် အတိတ်နေ့ရက်တွေဆီရောက်မိသည် ။
ထိုညနေက ပုံသေလိုအလုပ်က အပြန် ကိုထိုက်လာကြိုတယ် ပြီးတဲ့နောက် စားနေကြ ကိတ်မုန့်ကို စားနေကြ ဆိုင်လေးမှာပဲ အတူတူ စားဖြစ်ခဲ့တယ် နောက်တော့ အိမ်ပြန်လာတယ် ၊ မအိပ်ခင် စာလုပ်ပြီးနောက် ကိုထိုက်နဲ့ စကားပြောခဲ့တာတွေထိ အရာအားလုံးက သာမာန်ပါပဲ အာ့နေ့ မနက် ကိုထိုက်ဆီက ဖုန်းမလာခင်ထိပေါ့
ဒီနေ့က အလုပ်နားရက်မို့ အိမ်ကလာနိုးပေးမည့်သူ မရှိတဲ့ အလျှောက် အိပ်ရာကို အေးဆေးမှ ထလိုက်ပြီး ညထဲက ကိုထိုက်ပြောသလို ဖုန်းကိုလဲ အသံပိတ်ထားမိတာကြောင့် ယူကြည့်လိုက်တော့
" အို "
သူပဲ ပိတ်ထားလို့ပြောကာ ခေါ်ထားတာ ရဲတွတ်နေရောပင် အကောပေါင်း ရာချီနေပြီ ဘာများဖြစ်လို့ပါလိမ့် ချက်ချင်းဖုန်းပြန်ခေါ်လိုက်တော့ ကိုထိုက်ဖုန်းက ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေသည်တဲ့ ဘယ်လိုပင် ဖြစ်စေ ကိုထိုက် ပြန်ဆက်မည်ဆိုတာ သိတာကြောင့် ဖုန်းကို အသံဖွင့်ကာ မျက်နှာသစ်ဖို့နှင့် မနက်စာ စားဖို့ကို ဦးတည်လိုက်တော့သည်။
ထမင်းစားခန်းထဲပင် ဆင်းတော့မည် ဖြစ်ကာ ကိုထိုက်ကတော့ ခုထိပြန်မခေါ်သေးပေ ။
" အမေ "
" သားငယ်နိုးပြီလား မနက်စာနဲ့ နေ့လည်စာပေါင်းစားလို့တောင်ရနေပြီ "
" နည်းနည်းပင်ပန်းနေတာနဲ့ အိပ်လိုက်တာ နေ့လည်မှ အမေတို့နဲ့ ပေါင်းစားလိုက်တော့မယ် ဒါနဲ့ အဖေရော "
" သားအဖေ ညက ပြန်မလာဘူး နေ့လည်တော့ ပြန်လာမယ်လို့ မှာခဲ့တယ် သားမှာအရေးကြီး ကိစ္စရှိလို့များလား "
" မဟုတ်ပါဘူး မတွေ့လို့မေးကြည့်တာပါ "
ထိုစဉ် အိမ်ရှေ့က ကားသံကြားလိုက်ရတော့ အဖေဟု အထင်နှင့် ပြေးကြိုဖို့ လုပ်လိုက်သည် ၊ ပိုင်စေရာတို့ အိမ်က လူကုံထံတွေလောက် တခမ်းတနား မဟုတ်ခဲ့ပါ ၊ ဒီနှစ်တွေအတွင်း အဖေ့ရဲ့ လုပ်ငန်းတွေပြေလည်လာကာမှ တိုက်ခံအိမ်လေးကို ခြံနှင့် ဝန်းနှင့် ဖြစ်သွာခြင်းပင် အမေကတော့ ပန်းစိုက်ခြင်းကို ဝါသနာ ပါသည်လည်း မဟုတ်သော်ငြား ခြံထဲမှာတော့ အလှပင်နှင့် အုန်းပင် သရက်ပင်ပေါက်များလည်း ရှိနေပြီးဖြစ်၏ ။
အဖေ မဟုတ်ပဲ ကိုထိုက်နှင့် တီလေး ဖြစ်ကာ မနက်ထဲက ဖုန်းပြန်မခေါ်တာက ကိုထိုက်ကလာဖို့ရှိလို့ ထင်သည် ဟုတွေးပြီး ကားပေါ်ကဆင်းလာသည့် ကိုထိုက်အားပြုံးပြကာ တီလေးကိုလည်း နှုတ်ဆက်လိုက်သေးသည် ၊ ကိုထိုက်က အမြဲတစေ မျက်နှာတည်သူ ဖြစ်သည့် အလျောက် တည်တည်ငြိမ်ငြိမ်လေးပင်
" အမေ ရေ တီလေးနဲ့ ကိုထိုက်တို့လာတယ် "
အိမ်ထဲ ကို အသံပြုလိုက်ပြီးတဲ့နောက် တီလေးကိုတွဲလိုက်သည်၊ ဒါက ထူးဆန်းမနေသည့် ပိုင်စေရာ ၏ အပြုမူပင် ဖြစ်ကာ တီလေးကလည်း အမြဲတစေ အားကိုးတကြီးနှင့် လက်ကို ဆုပ်ကိုင်ထားတတ်သည်။
" တီလေး မတွေ့တာကြာနေပြီနော် သားကအလုပ်ဝင်လိုက်ထဲက မလာဖြစ်တာ "
" ရပါတယ် သားတို့အဖေရှိလား "
" အဖေက အလုပ်ကိစ္စနဲ့ အပြင်သွားတယ် တီလေး အရေးကြီးတယ်ဆို သားဖုန်းဆက်လိုက်မယ်လေ "
" အားနာလိုက်တာကွယ် တီလေးကို ဖုန်းဆက်ပေးမလား "
" ရတယ် တီလေး လာ ဧည့်ခန်းမှာ သွားစောင့်ကြမယ်လေ "
ကားပေါ်ကဆင်းထဲက တီလေးနှင့်တကြိတ်ကြိတ်ဖြစ်နေကာ ပြောနေရင်းအနောက်ဘက်ကို ကိုထိုက်ရောက်နေတာကိုပင် သတိမထားမိလိုက်သည်ပင် ခါးနားကို လှမ်းကိုင်လိုက်သည့် လက်တစ်စုံကြောင့်
" ပုတွတ် "
ကိုထိုက်လှမ်းကိုင်လိုက်တာကြောင့် လန့်သည်က တစ်မျိုး အရှေ့တွင်တီလေးလဲ ရှိသည် မဟုတ်ပါရောလား
" တီလေး သူရိန်စကားခဏပြောချင်တယ် "
" မရဘူး သားငယ် လာတီလေးကို ပို့ပေးပြီးရင် ဖုန်းဆက်ပေးအုံးနော် "
ခါးနားက လက်ကို ကိုယ်လုံးလေးနှင့် ခါချလိုက်ပြီး တီလေးကို အထဲခေါ်လာလိုက်ပြီးနောက် အဖေ့ဆီ ဖုန်းဆက်လိုက်တော့ တစ်အောင့်ဆို ရောက်မယ်ဟု သိလိုက်ရတော့ မရောက်ခင် ကိုထိုက်ဘာများပြောချင်သလဲ သိလိုသိငြား အနားကပ်သွားနေတော့လဲ တီလေးက လက်ကမလွှတ်ပါ ။
" ဦးယိမ်းမင်း ရောက်ပြီလား "
" အဖေ "
" ဟုတ်ကဲ့ ရောက်ပါပြီ ဘာကိစ္စများရှိလို့လဲ ဗျ "
ဘာအကြောင်းလဲ သေချာမသိခဲ့ရပါ အမေနှင့်အတူ အခန်းထဲကနေ စောင့်နေလိုက်ရပြီးနောက် နှစ်နာရီ ဝန်းကျင်လောက်နေတော့ အဖေဆီကနေ သိလိုက်ရသည်က
" မင်းဖို့လျော်ကြေး သိန်းနှစ်ထောင် လာပေးသွားတယ် သူ့တူနဲ့ မပက်သက်ဖို့ပြီးတော့ အခု သူ့တူ ပြန့်နေတဲ့ ပေါက်ကရ ဗီဒီယိုထဲက လူ ဆိုတာ မင်းဖြစ်ကြောင်း တစ်သက်လုံးမပြောဖို့ပဲ "
စိတ်ထဲတွင် အငွေ့ပျံ့သွားသလို ခေါင်းစပ်တွေကြားက ထူပူလာပြီး ရင်ဘတ်ထဲ ပူပြီး စူးနှင့်လာကာ အဖေပြောလိုက်သည့် စကားလုံးများကို တစ်လုံးခြင်းဆီ သေချာ အဓိပ္ပာယ် ပြန်ဖော်နေသည် ၊ မပက်သက်ဖို့ နဲ့ ပြန့်နေသည့် ဗီဒီယို ဘာပြန့်နေတာလဲ ဘာကိုလဲ ခေါင်းတွေထဲ အတွေးတွေဆီနေတုန်း အဖေ့ဆီက ထပ်ကြားလိုက်ရတာကာ
" မင်းသွန်သင်မှုမကောင်းလို့ အခုလို ပတ်ဝန်းကျင်မှာမျက်နှာမရတဲ့ သားဖြစ်နေတာ ပြီးတော့မင်း ဘာမှ ထပ်လုပ်ဖို့ မစဉ်းစားနဲ့ မင်းငါ့အကြောင်းသိတယ်နော် ဘယ်နဲ့ သံယောဇဉ်ရှိတယ်ဆိုတာက မင်းတို့အာ့လောက်တောင် ဖြစ်နေကြတာလား မကြာခင် မင်းလက်ထပ်ရမယ် ငါ့မိတ်ဆွေ သမီးမေ ဆိုတဲ့ သူနဲ့ ကြားထဲ ဘာမှ မကြားချင်ဘူးနော် ဖုန်းတွေ လပ်တော့တွေ ပေး အကုန်သိမ်းပစ် မင်းအလုပ်လဲ ထွက် "
" အလုပ်တော့မထွက်ပါရစေနဲ့ အဖေရယ်ကျန်တာသားလုပ်ပါ့မယ် "
" အထွန့်တက်မလာနဲ့ ထွက်ဆိုထွက် မင်းနဲ့ ပေးစားမယ့် မေတို့က ချမ်းသာပြီး သိက္ခာရှိတဲ့သူတွေ မင်းကို ကုမ္ပဏ္ဏီထောင်ပေးဖို့လဲ ပြောထားတယ် အာ့အလုပ်ကို ထွက်လိုက်တော့ "
အဖေက လုံးဝကို အကွက်စေ့ပြောနေခြင်းပင်
" အမေ့ ပြောပေးပါအုံးအဖေ့ကို သားမယူချင်ဘူး ချစ်လဲမချစ်ဘူး သားကိုထိုက်ကိုပဲ ချစ်တာ "
" အာ့. ဒီ စောက်ပါးစပ်ကို ပိတ်လိုက်စမ်းပိုင်စေရာယိမ်း တော်တော်ဖြစ်နေတယ် ဟုတ်လား ဟမ် ဟိုက မင်းသိက္ခာတွေ မင်းမာနတွေကို ပိုက်ဆံနဲ့ပစ်ပေါက်တာတောင် နည်းနေသေးတာလား မင်းက အရှက်တရားကင်းမဲ့နေတာပဲ စမ်းကြည့်လိုက်နော် တစ်ခုခု လုပ်တာနဲ့ မင်းအမေ ဆေးဖိုးဆိုတာ ဝေးပြီပဲ "
ဟိန်းခနဲ အသံကြီးက ထိုးထွက်လာတော့ ပိုင်စေရာယိမ်းကော နှလုံးရောဂါ အမေဖြစ်သူပါ လန့်သွားတော့သည်.။ လောကကြီး တစ်ခုလုံးအမှောင်သွင်းခံလိုက်ရသလို ဘေးနားရှိ အရာအားလုံးဟာလဲ အရောင်သွေးမဲ့သွားသည် ခံစားမှုမရှိ အရောင်အသွေးပျောက်နေသည့် ကာလကို ကျော်လွန်ပြီးတဲ့နောက် အဖေ စီစဉ်သလို မေဆိုသည့်ကောင်မလေး တို့နှင့် ဘာဆိုဘာမှ မသိလိုက်ရချိန်မှ မင်္ဂလာပွဲ ဖြစ်လာခဲ့သည် ။ ကိုထိုက်သည်လည်း ဆက်သွယ်မှု တစ်ခုတောင် လုပ်မလာကာ တကယ်ပဲ သူ့ကို ငွေနဲ့ပစ်ပေါက်ခဲ့သလားကို ယုံကြည်လာမိသည်။ ဆက်သွယ်လို့ရနိုင်သမျှကိုလည်း အဖေက ဖြတ်တောက်လိုက်သလို ကိုထိုက်ဆိုသည်မှာလည်း ပေါ်ကို မလာခဲ့ပေ ။
မင်္ဂလာဆောင်နေ့သို့ရောက်လာတော့ ကိုထိုက်ကို တွေ့လိုက်ရသည်၊ အလွန်ကို အေးဆေးနေသည့်ပုံပင် ဖြစ်နေကာ တကယ်ကို ချစ်ခဲ့ကြတဲ့ အချိန်တွေဆိုတာ သူ့ကို ကစားဖို့သက်သက်တဲ့လား ဒါဆိုရင်တောင် ပျော်ပျော်ကြီး ကစားခံနိုင်ပါတယ် သူ့ကို လျော်ကြေးဆိုတာကြီးပြောခဲ့ဖို့ပင် မလိုပါလေ ၊ ဧည့်ခံသည့် အပိုင်းအရ ကိုထိုက်တို့နားရောက်တော့ ကိုယ့်မှာသာ ငိုကြွေးနေခဲ့ရကာ အခုလို မင်္ဂလာယူနေချိန်မှာတောင် မပြုံးနိုင်ခဲ့ပေ ၊ ကိုထိုက်ကတော့ ပြုံးနေကာ ဘေးနာက ကိုအာကာနှင့်လည်းရယ်ရယ်မောမောပင် သူ့တို့နား မရောက်လိုက်ခင်မှာပဲ ပွဲထဲက ထထွက်သွားတာတွေ့လိုက်ရသည်။ အာ့လောက်ထိ ဖြစ်သွားဖို့ ဘာတွေက လုပ်ခဲ့တာလဲ ကိုထိုက်ရယ် ဘာကြောင့်များလဲ ?
ချစ်မိလျှင် ရှုံးရသည် အာ့ဒီ အရှုံးက ကိုယ့်ဖို့ဆိုရင်တောင် လက်ခံရဲသည် ဒါတွေ အားလုံးက ကိုထိုက်ဖို့ပင် ဖြစ်သည်။ အချိန်အားဖြင့် သုံးနှစ် အဖေဖြစ်သူနှင့်ကတိစကား ဆိုကာ ကိုထိုက်အား မင်္ဂလာဆောင်ပြီး မနက်သွားတွေ့ခွင့်ရခဲ့သည်။ သို့သော် နှင်ထုတ်ခြင်းတွေသာ ခံခဲ့ရသည်။ သူနားလည်ပေးရမည် အခုသူက အိမ်ထောင်သည် ကိုထိုက်က လူလွတ်ဖြစ်နေသရွေ့ နီးစပ်ဖို့ကြိုးစားလို့ရသည်၊ သုံးနှစ် ကိုထိုက် ကျွန်တော်ကို သုံးနှစ်ပဲ စောင့်ပေးမယ်ဆိုလျှင် အဖေတောင်းသည့် ပမာဏ ကိုလဲပေးနိုင်မည် မေ့ကိုလည်းကွာမည်၊ ကိုထိုက်နှင့် ထွက်သွားဖို့ ကြိုးစားမည် ဟု အတွေးတွေ အိမ်မက်တွေ ကြားကရပ်တည်ခဲ့တာ အခုဆို တစ်နှစ်ပင်ကျော်ခဲ့ပြီ ။
ကိုထိုက်ကတော့ သူ့ကို မုန်းနေဆဲဖြစ်ကာ အနားတွင်လည်း ကောင်လေးတစ်ယောက်ရှိနေပြီဖြစ်သည်၊ နီးစပ်ခဲ့သည်တွေက စိတ်ကူးယဉ်အိမ်မက်များလို မဟုတ်တော့ပဲ ပိုပြီး အလှမ်းဝေးလာပြီ ကိုထိုက်က တစ်ချိန်ကကျွန်တော်ပိုင်ဆိုင်ခဲ့ပြီး ငေးကြည့်ရပြီး ချစ်ကြသူတွေ မဟုတ်တော့ပါလား ?
တီ တီ တီ
ဖုန်းသံကြားမှ အသိတို့ ပြန်ဝင်လာကာ ဖုန်းကိုကြည့်လိုက်တော့ အမေပင်
" ဟယ်လို အမေ "
" အေးသားငယ် ဘယ်ချိန်ပြန်လာမလဲ မေတို့မိသားစုတောင်ရောက်နေပြီ "
" မကြာတော့ဘူး အမေသားကားမောင်းနေပြီ "
" ကားမောင်းနေတာလား အေးသားဂရုစိုက်မောင်းလာခဲ့ချည် "
" ဟုတ် အမေ အာ့ဆို ဒါပဲနော် "
အတွေးစတို့လည်း လတ်စသတ်ကာ လက်ရှိကာလကို အားတင်းကာ ဖြတ်သန်းရမည် ။
အိမ်ကို ပြန်ဖို့ လမ်းကြောင်းကို အရှိန်တင်တာ ပြန်လာခဲ့လိုက်တော့သည်။
Note/- ဇာတ်ကနည်းနည်းရှုပ်သလိုဖြစ်နေမှပါ Spoil တော့မပေးပါရစေနဲ့ Main Tempo ရောက်ဖို့ သိပ်မလိုတော့တာကြောင့် ခြည်နဲ့ ဆက်ပြီးလိုက်ခဲ့ပေးဖို့ ပြောပါရစေနော် ။ သဘောကျနှစ်သက်ရင် ခြည်ရဲ့ ဒေါက်တာမင်းသူရိန်ထိုက်အောင်နှင့် ရှမ်းသားလေး ခွန်စဝ်ငွေအိမ်ထူးတို့ကို Review လေးတွေ မစ ပါအုံးနော် ။
If you like this story please vote & comment for me .
Dec.2,2023