" အစ်ကိုလေး ဆေးရုံက ဖုန်းလာတယ် "
" ဖုန်းလိုင်းလွှဲလိုက် "
" ဟယ်လို ဒေါက်တာ မင်းသူရိန်ထိုက်အောင် ပြောနေပါတယ် "
" ဒေါက်တာ ဆေးရုံမှာ သေနတ် ဒဏ်ရာ နဲ့ အရေးပေါ် လူနာ ရောက်နေပါတယ် အသည်းတည့်တည့်ကိုတစ်ချက်နဲ့ ကျောက်ကပ် ဘက်မှာလဲ ကျည်ဆံ တွေ့ပါတယ် ဒေါက်တာ ဘေးဘက် မဟုတ်ဘဲ...."
" ဆရာ အခု လာခဲ့မှာမို့ လူနာကို ခွဲခန်း သွင်းဖို့ ပြင်ထားလိုက်ပါ "
အိမ်အောက်ကို ခပ်မြန်မြန် ဆင်းလာပြီး မနေ့က ပြန်လာတဲ့ ဝတ်စုံ အတိုင်းပဲ မလဲမပြု ကားပေါ်တက် ချက်ချင်းမောင်းလာလိုက်သည် ။
ဆေးရုံသို့ရောက်သော် " ဒေါက်တာ လူနာက အသက် ( ၁၈ ) နှစ်ပါ ခုချိန်ထိ သတိမမေ့သေးဘူး တောင့်ခံထားတယ် ဆရာ မေ့ဆေးပေးဖို့ ပြောပေမယ် ထုံဆေးပဲ ပေးပြီး ခွဲပေးဖို့ကို အတင်းတောင်းဆိုနေပါတယ် ဆရာ လူနာဖိုင်ပါ ဆရာ "
" ဖိုင်ကို ဖွင့်ကြည့်လိုက်တော့ ဓာတ်မှန် တိုင်းကတော့ အခြေအနေ ဘယ်လိုမှမကောင်းနိုင် သူပြောတာလဲ မှန်တယ် မေ့ဆေး သာဆို ပြန်ထလာဖို့ မသေချာတာမို့ မျက်စိ မမှိတ်ချင်ဘူး တင်းခံ နေပုံ ပင် ..."
အခန်းတံခါးဖွင့်လိုက်ပြီး အရေးပေါ် လူနာ ကုတင်ပေါ်မှာ ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်နာကျင်မှုတွေ ကို ဖော်ပြမနေတဲ့ တည်တည် ငြိမ်ငြိမ် ကိုအံကြိတ် လှဲလျောင်းနေတော့
" ဆရာမ ဆေးထိုးအပ် ပြင်ထားလိုက်ပါ အဝတ်အစားတွေ ညှပ်ထုပ်ပြီး လက်ထောက်တွေကို အသင့်ပြင်ထားဖို့ ပြောလိုက်ပါ "
" လူနာ "
" ကျွန်တော် နာမည် ခွန်စဝ်ငွေအိမ်ထူး ပါ "
" ဟုတ်ကဲ့ ခင်ဗျာ အခု လူနာ အခြေအနေက အသက်ဆုံးရှုံးနိုင်ခြေ ( ၇၀ % ) ဖြစ်နေပါတယ် အကယ်လို့ မေ့ဆေးမပါပဲ ကလီစာ ကို ခွဲရမှာမို့ ထုံဆေးက ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ် ၊ သွေးဆုံးရှုံးနိုင်ခြေလဲ များတာကြောင့် ကျွန်တော်တို့ ခွဲစိတ်မှု ကို ပူးပေါင်းပေးဖို့ ပြောချင်ပါတယ် "