ဆိုင်ကယ် စီးလာပြီးတဲ့နောက် နာရီဝက်လောက်နေတာ့ လမ်းကြားလိုနေရာလေးမှာ ရပ်တန့်လိုက်သည့်
ဆိုင်ကယ်ကြောင့်
" ဘာလုပ်ဖို့လဲ ရုတ်တရက်ကြီး "
" ရှမ်းခေါက်ဆွဲ ကျွေးဖို့ ပေါ့ ရှေ့ကဆိုင်က ဒီတစ်ကြောမှာ အတော်ကောင်းတဲ့ဆိုင်မို့ "
" မစားချင်ပါဘူး အိမ်ရောက်ချင်နေပြီ "
" စားရအောင်ပါ ကျွန်တော်စားချင်လို့ "
ညူတူတူ ချွဲသံလေးက ဘယ်လိုတောင် ချစ်ဖို့ကောင်းရတာပါလိမ့်။
" စားမယ် စားမယ် မြန်မြန်တော့ စားကြတာပေါ့ "
နောက်ဆုံးတော့ သဘောတူလိုက်ရတာပါပဲပင် ။
................................................................................
" ဒါရိုက်တာ အမျိုးသမီး ရုံးခန်းဘက်ကို ဝင်သွားပါတယ် "
အလုပ်စားပွဲဆီကနေ အသံလေး ထွက်လာတော့ ဆိုဖာပေါ် လှဲနေရင်းကနေ ခပ်မတ်မတ်နေလိုက်ပြီး ဝင်လာဖို့ကို စောင့်နေလိုက်လေပြီ။
" မေ ထိုင်လေ ဘာအကြောင်းရှိလို့လဲ "
" အိမ်ကိုပြန်လာဖို့ပါ မေးနေကြပြီလေ ရန်များဖြစ်သွားသလားလို့တဲ့ "
" မေ က သေချာ မပြောပြလို့လား ရွေးကောက်ပွဲ ဖို့ အကူတွေ လုပ်ဖို့ လိုနေတာကြောင့်ပါ "
" မေ ပြောတော့ရော အကျုံးဝင် လက်ခံပေးတဲ့ သူတွေမှ မဟုတ်တာ အာ့ဒါအပြင် မေပြောစရာရှိတယ် "
" ပြောပါ မေ ဘာအဆင်မပြေတာရှိလို့လဲ "
" မေ တို့ အိမ်ထောင်သက် တစ်နှစ်ကျော် ကြာနေပြီ မေ့ကို ပိုင် ဘယ်တော့ မြင်လာမှာလဲ "
ပြောလာတဲ့ မေ စကားကြောင့် ပိုင်တစ်ယောက် အားနာသလိုဟန် မျက်နှာနဲ့ ဖြစ်တာတော့ အမှန်ပင် ၊ ပြန်ပြောဖို့ စကားလုံး ရှာမရသေးသလို ဘယ်လို ဖြေရှင်းရမလဲ မသိပေ ။
" မေ ပြောနေတာ ကြားရဲ့လား မေ့ အပြင် နောက်ကွယ်မှာများ .. "
" အာ့လို မရှိတာမို့ မေက စိတ်ချနေပါ ၊ အိမ် ပြန်မလာဖြစ်ပေမယ့် မိန်းမ ရှုပ်နေတဲ့ သူတော့ မဟုတ်ပါဘူး "
" မေ့ ဘက်က ပြောစရာ ကျန်သေးတယ် "
ပြောပါလို့ ရည်ညွှန်းသလို ငြိမ်နေလိုက်တော့
" ဖေဖေ က ဒီနှစ်အတွင်း မြေးချီချင်ပြီတဲ့ တစ်ယောက်ယောက်ဘက်မှာ ပြသာနာ ရှိနေတယ်ဆိုလဲ ကုသမှု ခံယူဖို့နဲ့ အကယ်လို့ ဒီလိုသာဆို ထောက်ပံ့မှု တစ်ချို့ရပ်တန့် ရလိမ့်မယ်လို့ မေ့ကို မှာလိုက်တယ် ပိုင် "
" ပိုင် နားလည်ပါပြီ မေ ပြန်နားနှင့်ပါ "
ပြောချင်တာကို သာ ပြောဆိုခဲ့ပြီး လှည့်ပြန်သွားပြီ ဖြစ်တာ နှစ်နာရီမျှကြာသော်လည်း
ပိုင်စေရာယိမ်းကတော့ ထိုနေရာက မထနိုင်သေးပေ ။
" ဒါရိုက်တာ အဖေ ဖုန်းပါ ဖုန်းချိန်းလိုက်ပါပြီ "
ဖုန်းလာနေသည် ဆိုတဲ့ အသံက တိတ်ဆိတ်နေသည့် လေထု ကို ဖြိုခွင်းလိုက်ပြီး
" ဟယ်လို "
" မင်းဘာစောက်ချိုးချိုးတာလဲ ဟကောင့် ယောကျ်ားဖြစ်ပြီး အဖြစ်မရှိဘူးလား ဟမ်
မင်းရဲ့ အာ့ဒီ အောက်တန်းစား လုပ်ရက်ကနေ မရုန်းထွက်နိုင်သေးဘူးလား ဟကောင့် "
" ဘာတွေဖြစ်နေပြန်တာတုန်း "
" မင်းယောက္ခမ တွေက အခုပဲ စာပို့တယ် တစ်လ အတွင်း ရှယ်ယာတစ်ချို့ ပြန်ရောင်းမယ့်အကြောင်း အာ့ဒါ မင်းကြောင့်ပေါ့ ဘာလဲ မင်းခေါင်းထဲ -င်ခံဖို့လောက်ပဲ တတ်တာလားဟျောင့် ယောကျ်ားလေး မွေးထားတဲ့ ငါ့မျက်နှာ မင်းအမေ မျက်နှာ မကြည့်ဘူးလား "
"ကျွန်တော် အိမ်ပြန်လိုက်ပါမယ် "
" အေး ပြန်ပဲ ခိုင်းတာ မဟုတ်ဘူး ငါဖြစ်စေချင်တာသိတယ်နော် ပိုင်စေရာယိမ်း "
" ဟုတ်ကဲ့ ပါ "
တစ်ဖက်က ဖုန်းချ သွားသည့်တိုင် ပိုင်စေရာကတော့ ကျစ်ကျစ်ပါအောင် ကိုင်ထားဆဲပင်
ပါးပြင်ပေါ်ကို ကျဆင်းလာသည့် မျက်ရည်များကြားက တစ်ခုခုကို ရေရွတ်နေသေးသည်။
" နောက် တစ်နှစ်ပဲ နောက် တစ်နှစ်ပဲ နောက် တစ်နှစ်ပဲ ............................"
.................................................................................................
" ဒေါက်တာ ကျွန်တော် ကျွေးတာ စားလို့ကောင်းလား "
အဟွတ် ဟွတ် ..
အရည်သီး သည်ထင်ပါ့ ကျောလေးကို ပွတ်ပေးတော့
" ရပြီ ရပြီ "
" ဖြေးဖြေးသောက်လေ အာ့လောက်ကြိုက်သွားတာလား "
မျက်ရည်လေးတွေပါ ခိုဝဲလောက်အောင် သီးသွားတော့ စိတ်မကောင်းဖြစ်မိပြီး
" ဒေါက်တာ ခဏ "
လမ်းတစ်ဖက်ခြမ်းက အအေးဆိုင်လေးဆီ ရုတ်ချည်းထသွားတော့ အတူပါလာတဲ့ သူတွေ ပင် လန့်သွားကာ စားလက်စလေး ချပြီး ခွန်စဝ်ငွေအိမ်ထူးနောက် အပြေးလေး လိုက်သွားလျက် မင်းသူရိန် အသားက ဖြူဖြူနဲ့ သီးထားတော့ နီရဲနေတော့သည် ။
" ခွန်လေး ကိုင်ပေး.. "
နောက်က စကားသံတွေတောင် ဆုံးခန်းမတိုင်လိုက်ပါ ခွန်စဝ်ငွေအိမ်ထူး က မင်းသူရိန်ဆီ အအေးထုတ်လေး နဲ့ပြန်ရောက်လာပြီ ဖြစ်တော့သည် ။
" ဒေါက်တာ ဒါလေးသောက်လိုက်နော် "
ပေးလာတဲ့ အအေးထုတ်လေးကို လှမ်းယူလိုက်ပြီး တန်းသာသောက်လိုက်သည်ထိ အတော်ဆိုးတယ် ထင်ပါရဲ့ ။
" အဆင်ပြေရဲ့လား အဆင်ပြေရဲ့လား "
" ပြေတယ် ပြေတယ် အာ့လောက်ထိ မဆိုးဘူး ရတယ် အအေးကြောင့် အတော် နေလို့ကောင်းနေပါပြီ "
အအေးကိုကြိုက်သွားပုံ ရသည် ။ စားနေလက်စ ကိုရပ်ပြီးကို အအေးကို သောက်နေတော့သည် ။
" ဒေါက်တာ ကျွန်တော်ကို စဉ်းစားပေးမယ်မို့လား "
အအေး ပိုက်လေး စုပ်ရင်းက ပြူးကြောင်ကြောင်လေး ငေးကြည့်နေသည်။
" အစ်ကို တို့ အာ့ကိစ္စကို နောက်မှ အသေးစိတ် ပြန်ပြောကြတာပေါ့ ဟုတ်ပြီလား လောလောဆယ် ပြန်ဖို့အရင်လုပ်ရအောင် "
ပြန်လာတဲ့ လမ်းတစ်လျှောက် လေတွေကပဲ တိုးဝှေ့နေသလား ? ကြားထဲကလေထုကပဲ တိတ်ဆိတ်နေသယောင် ပင်ဖြစ်သည် ။ မင်းသူရိန် အတွေးထဲတော့ နှောက်ကျိကျိ ဖြစ်နေတာတော့ အမှန်ပင် ။
ဆိုင်ကယ်ပေါ်က ဆင်းလိုက်တာနဲ့ အာကာက အနားကို အပြေးလေး ရောက်လာပြီး မျက်နှာချို သွေးနေမှန်းသိသာနေသည်။ ဒေါက်တာကိုတော့ မဟုတ် ခွန်စဝ်ငွေအိမ်ထူး ၏ ဆိုင်ကယ် ကို တက်ခွ ရဖို့ အရေးဖြစ်နေသည်။ ဦးထုပ်တောင် ပြန်မချွတ်ပေးတော့ပဲ
သူ့ဆိုင်ကယ် ငှားရမည် ဆိုတော့ ဘာတွေ သေချာပြောနေကြမှန်း မသိတော့ပေ။
" ဆရာ အယ်လေ အစ်ကို ဆိုင်ကယ် ဦးထုပ်ချွတ်အုံးလေ "
အိမ်အဝ ဝင်တဲ့ထိ ချွတ်မလာတော့အမေးခံ ရပြီ ဖြစ်သည် ။
" ဒေါက်တာ ရယ် ခဏတောင် မစောင့်ဘူး ပေးကျွန်တော် လုပ်ပေးမယ် "
ဘယ်အချိန်ထဲကအမှီ လိုက်လာလဲ မသိ အနောက်ကနေ ရောက်လာပြီးပြောချင်တာကိုပြောပြီး ဦးထုပ် ချွတ်ပေးနေပြီ ဖြစ်သည် ။
ကိုယ်တိုင်ကလဲ အဖြစ်ရှိမနေတော့ လုပ်ပေးတာလေးသာ ငြိမ်ခံနေလိုက်တော့သည်။
" ခေတ် ဘာကိစ္စရှိလို့များလဲ စောင့်နေပုံပေါ်လို့လေ "
" ဟုတ် အစ်ကို မနက်ဖြန် ခေတ်တို့ မြို့ထဲဘက် အိမ်ပြောင်းမယ်လေ အာ့ဒါ ဆေးခန်းဖို့နေရာလေးပါ တစ်ပါတည်း ကြည့်လိုက်ပြီး ဆေးအမှာတွေ ခေတ်ကို ကူပေးလို့ရမလား လို့ပါ "
" ကူဖို့လာတာပဲ ခေတ်ရယ် မလုပ်ပေးစရာ ရှိမလား မနက်ဖြန်ဖို့ အထုပ်တွေ ပြန်ထုပ်ထားလိုက်အုံးမယ် အာ့ဒါဆို "
" ကျွန်တော် မနက်ဖြန် လိုက်ပို့မယ် ဖီ့ " ( အစ်မ)
" မေကြီး ပြောတာ နင်အလုပ်ရှိတယ်ဆို "
" ရှိတယ်လေ "
" ငါတို့က အစောကြီးထဲက သွားမှာ နင်မမှီလောက်ဘူး "
" နုန်လဲ လိုက်ပြောင်းနေမယ်လေ အစ်ကိုအာကာကို လိုက်ပို့ပေးမယ်ပြောထားတာတွေ ရှိလို့ ပါ "
" ကော့ဒိုင်း " ( ရတယ် အိုကေ )
မင်းသူရိန်ကတော့ လှေကားတစ်လျှောက်ကနေ အပေါ်ကို ခပ်မြန်မြန် တက်လာလိုက်ပြီး အခန်းရှိရာ ဆီ အမြန်ဝင်နေလိုက်ပြီး တံခါးကို ကျောလေးကပ်ထားလိုက်ခါ
ပြုံးရိပ်လေးပေါ်လာတော့သည် ။
Nov 13,2023