Part 31 (Uni )

1.6K 65 3
                                    

" ဟိုတယ်မှာ လဲ ဖြစ်တာကို အားနာလိုက်တာ "

အိမ်ကြီးက ခေတ်ဟောင်း ပုံ အပြင်ပိုင်းကိုမှ အတွင်းပိုင်းကတော့ ခေတ်မဆန်လွန်း ရှေးမကျလွန်းသည့် ပုံစံဖြစ်တာကြောင့် အပြင်အဆင်တွေက သဘောကျချင်စရာကောင်းသည် ။ တောက်လျှောက်နားထောင်လာတာ ဒီလိုအိမ်ကို ဟော်နန်း လို့ခေါ်တယ်တဲ့လေ

လိုက်ပို့ပေးသည့် အခန်းရဲ့ အရှေ့ဘက် မြင်ကွင်းများကြောင့် မင်းသူရိန်ပို လို့ပင် အံဩရကာ အပြင်ဖက်ကကြည့်ခဲ့ရသလောက် ဒီအခန်းက အလှဆုံးမြင်ကွင်းတွေ့ရသည့် နေရာဖြစ်နိုင်သည်။ အားနာပေမဲ့လည်းသဘောကျမိသည် ။ တပည့်မလေးလည်းဖြစ် အာကာ က ငယ်သူငယ်ချင်းလဲ ဖြစ်တာကြောင့် လာရခြင်းသာ အပြင်တွေ သွားလေ့ သွားထ မရှိပဲ အိမ်အောင်းနေခဲ့ရတာ ကြာလှပြီ မဟုတ်ပါလား ။

သကောင့်သားနှင့်တွေ့လျှင်မေးရမည် ဘယ်ချိန်က ခေတ်နဲ့ တွေ့ခဲ့လဲကို ထူးဆန်းလှသည် ကြိုက်တတ်ကြပုံတို့က

" အစ်ကို "

ကျောဘက်ကို လှည့်ကြည့်လိုက်တော့ သားထူး ဆိုသူကို တွေ့လိုက်ရရုံတင် မင်းသူရိန် နှုတ်ခမ်းပါးတွေ ပြုံးတက်လာသည်။ မယ်မယ်ရရ အကြောင်းပြချက်တို့ မရှိသည့်တိုင်အောင် သဘောကျ နှစ်သက်သလိုရှိတာကြောင့် ကိုယ့်ကိုကိုယ် အံ့ဩ.။

" ညနေဘက်ကြ မယ်ဆိုင်ဘက် Camp ထွက်ကျမှာတဲ့ အာ့ဒါ အထုပ် ထုပ်ဖို့ လာကူပေးတာ "

" ဟင် ရုတ်တရက်ကြီးပါလား "

" ပြောရင်းဆိုရင်းက ဖြစ်သွားတာ "

စကားတွေပြောရင်းကနေ လက်ကလဲ မင်းသူရိန် Language ကို ဆွဲလှဲလိုက်ပြီးနောက် အထုတ်ပြင်ဖို့ လုပ်နေတော့သည်

" အစ်ကို့ ဖုန်းလိုင်းမမိတော့လို့ ဖုန်းဆက်ချင်တာ "

ဘောင်းဘီကန့်ထဲကဖုန်းကိုထုတ်ပြီး လက်ထဲကို လာထည့်ပေးသွားသည် ဒီ့အပြင်တော့ ဘာကိုမှ မဆိုချေ ၊ ရောက်ထဲက ဖုန်းဆက်ဖို့ပြောထားသည့် ပိုင့်ဆီ ခုထိ ဖုန်းမဆက်ရသေးတာပင် ဖြစ်ပြီး ဆက်ဖို့သတိရတော့ လိုင်းမမိတာနဲ့ ခုလို အကူညီတောင်းရခြင်းပင်

Lost & Found (Complete)Where stories live. Discover now