" အစ်ကို အစ်ကို "
ဟင် ... အင်း
" ထတော့ ရောက်နေပြီ "
ကားတံခါးလေး ဖွင့်ပြီး ဘေးနားကနေ လာနိုးနေခြင်းဖြစ်၏ လူကလဲ အိပ်ချင်မူးတူးမို့ သိပ်ပြီး ဂရုမပြုမိ ပျင်းကြောလေး အားပါတရ ဆန့်ပြီးတော့ ကို ထဖို့ အရှိန်ယူရင်းက အသံ တစ်ချို့ ကြား၏
" အစ်ကို ဆင်းလာတော့ "
ကားပေါ်ကဆင်းလိုက်ပြီး ကားတံခါးပိတ်ခါ ကားနောက်ဘက်ကို လှည့်ကြည့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းလေးက နှလုံးသားထဲထိ အေးစိမ့်သွားတယ်လို့ တကယ် ခံစားလိုက်မိသည် ။ မြစ်လို့ ပြောမလား ရေတွေ တစ်သွင်သွင် စီးနေပြီး တစ်ဖက်ကမ်းက တောင်တန်းကြီးတွေကိုလည်း မြင်နေရသည် ၊ တောင်တွေ ကြားကနေ မီးခိုးတန်းလေး ထွက်နေတာကိုလည်း မြင်နေရပြီး အရှေ့ဘက်ကို လျှောက်ကြည့်လိုက်တော့ ကမ်းခြေပုံစံလေး ဖြစ်ကာ ကမ်းပါးတောက်လျှောက်က သဲတွေ မဟုတ် ကျောက်ခဲလေးတွေ ဖြစ်တာကြောင့် သိပ်ကို လှ၏ ။ နောက်က သားထူးကိုပင် မစောင့်နိုင်တော့ပဲ ကုန်းမြင့်လေးကနေ ကျောက်ခဲလေးတွေ ကြား ဆင်းလာခဲ့လိုက်ပြီး ကမ်းခြေ တစ်လျှောက်ကြည့်လိုက်တော့ ယာယီ တဲလေးတွေနဲ့ မုန့်သည်တစ်ချို့ တွေ့ရပြီး ရေဆော့နေတဲ့ လူလတ်ပိုင်းတစ်ချို့လဲ တွေ့ရသည် ။
" အစ်ကို ခဏစောင့် အတူသွားမယ် "
နောက်ဘက်ကနေ ရေခဲပုံးလေး တစ်ပုံးနဲ့ လိုက်လာသည်ကို စောင့်နေကာ အတူလမ်းလျှောက်နေတော့သည်
" တဲက "
" ငှားထားတယ် ဟိုအဆောင်လေး ရဲ့ လျှောက်လမ်းလေးတွေ့လား အာ့ဘေးက "
" ဒီနားက လှတာကို "
" အာ့နားက ပိုလှတယ် ဟိုရောက်ရင် သိလိမ့်မယ် "
သားထူး နောက်ကနေပဲ ဝင်ထိုင်လိုက်ပြီး ဘေးဘီဝဲယာကို အတော် သဘောကျကျ ကြည့်ရတာ ကြိုက်နေပြီ ဖြစ်သည် ။
" အစ်ကို မုန့်တွေ ခဏနေရောက်လိမ့်မယ် ရေဆော့ပြီး မှစားပိုစားကောင်းတယ် "
" ဒီနေရာက "
" ပြောဖို့မေ့နေတာ ဒါမဲခေါင်မြစ်လေ ၁၂ လ ရာသီ အေးတဲ့ ရေလေ ဟိုဘက်ခြမ်းက တောင်တန်းတွေက လာအို ဟိုး မြစ်လမ်းကြောင်းတစ်လျှောက်အကျော် တစ်ဖက်ခြမ်းက ထိုင်းလေ ဒီကို က နာမည်မရှိသေးဘူး အများစုက အသိအမှတ်ပြု ဇွဲသာယာ ကမ်းခြေ လို့ခေါ်တယ် ဖြတ်လာတဲ့ လမ်းတော့ အစ်ကို အိပ်နေတော့ သိလိုက်မှာ မဟုတ်ဘူး ကျောဘက်ကပ် က ရွာကို ဝမ်ပုံရွာလို့ခေါ်တယ် ဘယ်လိုလဲ အပန်းပြေရဲ့လား "
" အင်း အတော်သဘောကျတယ် ဒါဆို ရေက ဘယ်ချိန်မဆိုအေးနေတာလား ဟိုဘက်က လာအိုပေါ့ "
" အင်း အေးစိမ့်နေတာ ဆင်းကြည့် ခဏနေ လာပါ အတူဆင်းမယ် "
ပြောရင်းကနေ ရုတ်တရက် ထရပ်လိုက်ပြီး အပေါ်က ဝတ်လာတဲ့ အင်္ကျီကို ချွတ်လိုက်ကာ လက်ကမ်းပေးနေတော့သည် ၊ ကိုယ်ကလဲ ရေ ကြိုက်သည်နှင့် မူမနေတော့ဘဲ လိုက်ဆော့လိုက်တော့သည်။
ရေထဲတွင် နှစ်ယောက်သား အတော်ကို ခင်ကြ ချစ်ကြသူတွေလိုပင် ဆော့နေကြတော့သည်။ မင်းသူရိန်က ရေကြိုက်သည် ရေသေမှာ ရေကူးနိုင်ပေမယ့် ရန်ကုန်တွင်လဲ မလုပ်ဘူးသည့် ရေရှင် တွင်တော့ ဆော့သာဆော့နေလိုက်သည် ။
ရေစိုနေသည့် နှစ်ဦးသား ပြုံးပြုံးရွှင်ရွှင် နှင့်ကို ဖြစ်နေတော့သည် ။ မင်းသူရိန် သဘောတော့ကျမိ၏ ဒီချာတိတ် ခုလို ရယ်မောနေတာကို ငေးကြည့်နေရတာကို ဒီ့အပြင် ဘယ်ဘက် ခါးစပ်နားက ကာလာစုံ ဇာမဏီ ရုပ်ကလဲ ရေဆော့နေရင်း သူပါဝင်ဆော့နေသလား လှလွန်းလှသည် ၊ ရေစိုနေသည့် ရင်အုပ် ကျယ်ကျယ် နေရောင်အောက်က တစ်ဖြတ်ဖြတ် လပ်နေသည့် ရေပြင်ပေါ်မှာ ကော်ဖီရောင် ဆံသားတွေကို လှပ်တင်လိုက်တိုင်း ရင်တွေ တဒိန်းဒိန်း ခုန်ရပါသည် ။
" အစ်ကို့ ဘာငေးနေတာလဲ ဗိုက်ဆာပြီလား "
အမှန်အကန်ကို ငေးနေတာ အချိန်တော်ကြာနေပြီ လှမ်းပြောလိုက်တော့ အသိဝင်သွားကာ
" အင်း တခုခု စားရအောင်လေ ရေက အေးတော့ တက်ချင်နေပြီ "
ပြောလိုက်တာနဲ့ ပြေးလာလိုက်ပြီး ပုခုံးလေးကနေ ကိုင်ကာ
" သွားကြမယ် "
စောနက ထိုင်နေတဲ့ တဲလေးဆီ မုန့်တွေတောင်ရောက်နေတော့ မင်းသူရိန် ဘေးဘီဝဲယာ ကြည့်လိုက်မိတော့ တဲ နဲ့ အနီးတဝိုက်တွင် အိုက်ထွန်းတို့နှင့် လူတစ်ချို့ကို တဲ ငါးခု စာလောက် နေနေတာသိလိုက်၏ ။ စိတ်ထဲတော့ တွေးမိသည် ဒီချာတိတ် ဘဝ က လွတ်ကော လွတ်လပ်ရဲ့လားလို့လေ
" ခွန်လေး "
အသံလာရာဘက်ကို မင်းသူရိန်ပါ မော့ကြည့်လိုက်တော့ ရှမ်းဘောင်းဘီ လိုဟာဝတ်ထားပြီး မျက်နှာလေးက ကြည်လင်အေးချမ်းနေတာ သိသာသည်၊ ပြုံးရယ်နေတာ မဟုတ်ပဲ မျက်နှာကိုက ပြုံးရိပ်ပြနေတာမျိုးဖြစ်မယ် သားထူးနဲ့ တရင်းတနှီးကိုနှုတ်ဆက်နေကြပြီးတော့ ဘာသာစကားတစ်ခုခုနဲ့ တော့ပြောနေတာ ဖြစ်ပါလိမ့်မယ် သူမှ နားမလည်တော့ အရေးစိုက်မနေဘဲ စားပွဲအသေးလေးပေါ်က ငါးခဲပတ်ကင်ကိုသာ စားနေလိုက်၏ ။
ထိုင်းဘက်က ဟင်းခတ် အမွှေးအကြိုင်က ထူးကဲတာ မှန်နိုင်ပေမည်။
" ဒါ ကျွန်တော်ပြောပြောနေတဲ့ ဒေါက်တာ လေ "
ပလုတ်ပလောင်းလေး ဖြစ်နေချိန်မှ မိတ်ဆက်လာတော့ မင်းသူရိန် တစ်ယောက်ကတော့
" တွေ့ရတာ ဝမ်းသာ ပါတယ် နော် "
လက်လေး ရှေ့တိုးမပေးနိုင်တော့ ခေါင်းဖြင့်သာ နှုတ်ဆက်လိုက်မိ၏ ။ သေချာကို ပြန်ပြုံးပြနေသည်ကို သဘောတကျ ပြန်ကြည့်နေလိုက်တော့သည် ။
" ခွန်လေး တို့က တကယ့်အချောလေးကို ဥ ထားတာပဲ နော် ကဲ ရောက်နေတယ်ဆိုလို့ လာနှုတ်ဆက်တာပါ ဒေါက်တာရေ လွတ်လွတ်လပ်လပ်နေပါ လိုတာရှိရင် ပြောပါ ညက အနားယူဖို့ကိုလဲ ကျွန်တော် သေချာပြင်ပေးထားမှာမို့ စိတ်ချလက်ချ အနားယူပါ "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် ဒီက ဘယ်သူလဲ ဆိုတာ "
တံတောင်လေးနဲ့ ခွန်လေးကို တို့လိုက်တော့ ကြားထဲကနေ ဒေါက်တာကို မိန့်မိန့်ကြီးကြည့်နေရင်းကနေ
" ဪ ဪ ဟုတ်သား ဒီက ဟိန်းပြည့်လို့ ခေါ်တယ် ခုရောက်နေတဲ့ ဝမ်ပုံ ရွာပိုင်ပေါ့ အရင်လိုပြောရရင် မြို့စား အစ်ကိုသိအောင် ပြောရရင် ဒီရွာ ကိုယ်စားလှယ်ပေ့ါ "
သေချာလေး နားထောင်လိုက်ပြီး သူ့ကို ဒီလို လူက အရေးတယူ လာနှုတ်ဆက်တာကို အားနာသွားဟန်တူသည်။
" အားနာလိုက်တာ သေချာတောင် နှုတ်မဆက်လိုက်မိဘူး ကျွန်တော် ဒေါက်တာ မင်းသူရိန်ထိုက်အောင် လို့ခေါ်ပါတယ် ဗျာ "
" မဟုတ်တာ ရပါတယ် ခွန်လေး ရဲ့ အရေးကြီးပုဂ္ဂိုလ် လို့ကြားထားပါတယ် ကောင်းကောင်းအနားယူကြပါ "
နှုတ်ဆက်ပြီးထွက်ခွာသွားတဲ့ လူကျောဘက်ကို ကြည့်နေလိုက်ပြီး မင်းသူရိန် ဒီဘက်လှည့်လာလိုက်ပြီး
" ချာတိတ် "
" လာပြန်ပြီ အာ့ချာတိတ် ဘယ်နှစ်ခါ ပြောနေရမှာလဲ .. "
" အေး အေး သားထူး မင်းငါ့ကို လိုက်နေတာ လူတကာ လိုက်ပြောနေတာလား ဟမ် "
" မပြောနေပါဘူး နော် "
" ဒါဆို လူတိုင်းက သိနေရတာလဲ "
" ဘယ်သိမလဲ လို့ သူတို့ထင်လို့နေမှာပေါ့ အစ်ကို့ဆီကနေ မလုံမလဲကို ကြည့်ရင် သိနိုင်တာပဲလေ "
" ဘာ ခွန်စဝ်ငွေအိမ်ထူး ငါအကောင်းပြောနေတာကို နော် "
" ဟောဗျာ ကျွန်တော့်လို လူက လူတိုင်းကို အခုလို အချိန်တွေပေး ဂရုတွေစိုက် ရယ်မောနေဖို့ကို အားနေလိမ့်မယ် လို့ အစ်ကိုထင်နေတာလား ၊ အခုလိုတွေ လုပ်ပေးနေတာ ချစ်လို့လေ ဒီလောက်သိသာနေတာ အစ်ကိုကော မမြင်ဘူးလား ဒါမှမဟုတ် စတွေ့ထဲက ကျွန်တော်ကို မမြင်မိဘူးလား ဟင် ပြောပါအုံး "
မျက်နှာ နားလေးကို ကပ်ပြီး မျက်လုံးတည့်တည့်ကို ကြည့်ပြောနေတော့ နေရတောင်ခက်လာနေပြီ နောက်ဆုံးမနေနိုင်တဲ့ မင်းသူရိန် အကြည့်ရှောင်ရန် ခေါင်းလွှဲတော့မည် ဆိုကာမှ
" အာ့လိုကြီး လျစ်လျူမရှုသွားပါနဲ့ "
ပုခုံးကနေ သူ့ဘက်ကို ဆွဲလှည့်လာ၏ ။
" ပြီးတော့ စကားပြောချင်တယ်ဆိုတာ ကြားချင်လှပြီ ဖြစ်နိုင်ရင် ဒီနေ့ပြောပါလား "
" ဘာလို့ အစ်ကို့ကိုမှလဲ အသက်အရွယ် အရဆိုလဲ ( ၇ ) နှစ်ကွာတယ် ပြီးတော့ ငါ့မှာဘာမှ မပိုင်ဆိုင်ထားဘူး အိမ်လေး တစ်လုံးရယ် ကားစုတ်လေးရယ် ပဲရှိတာ နောက်ပြီး ငါယောကျ်ား တွေ ကိုကြိုက်ခဲ့တာ ကြိုက်နေသေးလား မသေချာတော့ဘူး ထပ်ပြီး... "
" အစ်ကိုက အာ့လိုလူလား "
" ဘာကိုပြောချင်တာလဲ "
" အစ်ကို ကိုယ်တိုင် က အာ့ဒါတွေ ကြည့်ပြီး ချစ်သူရှာမှာလား အသက်အရွယ် ပိုင်ဆိုင်မှုနဲ့ ယောကျာ်းဆို မိန်းမပဲ ယူရမယ်ဆိုတဲ့ ဒဿန တွေ ကြည့်တဲ့ လူမျိူးလား ဆိုတာ ပေါ့ ကျွန်တော် ပြောပြမယ် ကျွန်တော့် အဖို့ အသက် ကအရေးမကြီးဘူး ပိုင်ဆိုင်မှုတွေပါလာဖို့ မလိုပါဘူး ဟောဒီက ခွန်စဝ်ငွေအိမ်ထူး ကြီးကိုသာ ဘဝလောက် ချစ်ပေးရင် ကို ရနေပြီ လေ မျိုးဆက်လိုချင်တယ်ဆိုတဲ့ အချက်တစ်ခုကြောင့် မိန်းမ ယူရမှာလား ဒါဆို ကျွန်တော့် မိဘတွေက ကျွန်တော့်ကို မွေးလာတာက သူတို့မျိုးဆက်ကို ဖြန့်ဖို့လား ပျော်ရွှင်ကျန်းမာပြီး ဖြတ်သန်းသွားစေမယ့် ဘဝ ဖြစ်ဖို့ လား အိမ်ကတော့ ကျွန်တော်ပျော်ရင် ရပြီလို့ပဲပြောမှာ ကိုယ်တိုင်ကလဲ ချစ်ရသူနဲ့ ပဲ နေ့ရက်တိုင်းကို ရှင်သန်ချင်တယ် ဖြစ်နိုင်ရင် အစ်ကို နဲ့ အတူပေါ့ "
မင်းသူရိန် ငေးကြည့်နေလိုက်မိသည် ၊ ဒီစကားတွေပြောနေသည့် တစ်ယောက်က သူ့ကို ကြည့်နေခြင်းလဲ မဟုတ် မျှော်လင့်ချက်တွေ အပြည့်နဲ့ ကောင်းကင် ကို မော်ကြည့်နေပြီး
ခွင့်တောင်းနေတာ လဲ မဟုတ် ပြောပြနေတာမျိုး ဖြစ်သည်။ သူ့ကိုမှတဲ့လား ?
" အစ်ကို က တော့ မင်းလို မဟုတ်ဘူးထင်တယ် "
" ကျွန်တော့်ကို အပြီးငြင်းဖို့ ကြိုးစားနေတာလား "
ကြည့်လာတဲ့မျက်ဝန်းတစ်စုံကို ကြည့်နေလိုက်ပြီး မင်းသူရိန် အားမွေးလိုက်သည်။
" အစ်ကိုက အချင်းချင်းလေးစားမှုရှိတာကို သဘောကျတယ် နည်းနည်းလေး ဇီဇာကြောင်ပြီး အပြောဆိုးတယ် အားလဲနာတတ်တယ် စိတ်လဲ ကောက်တတ်တယ် ပြီးတော့ ..... "
" ပြီးတော့ ဘာဖြစ်လို့လဲ ဆက်ပြောလေ အစ်ကို "
" အစ်ကို့မှာ စွန့်စားရဲတဲ့ သတ္တိမရှိဘူး ပေးဆပ်ချစ်ဖို့လဲ ထပ်ပြီးမလုပ်နိုင်ဘူး မင်းသာဆန္ဒရှိရင် တူတူ ဖြတ်သန်းကြည့်ကြမလား "
ဟုတ်သည်။ မင်းသူရိန် အများကြီးကျော်ဖြတ်ခဲ့ရသည် အချစ်ဆိုတာကိုကြောက်နေတာလားလို့ မေးခွန်းတွေ အကြိမ်ကြိမ်မေးမိခဲ့တယ် သူကချစ်ပေးခဲ့ရပြီး အပစ်ခံခဲ့ရတဲ့ သူ ၊ ကိုယ်တိုင်ကော အချစ်ခံဖို့ အခွင့်ရေး ရှိမနေဘူးလား လို့ တွေးမိတယ် ရှိသည် သူ့မှာလဲ အချစ်ခံဖို့ကော ဂရုစိုက်ခံပေးဖို့ကော တန်ဖိုးတစ်ခုရှိသည် ။ ဒီအခွင့်ရေးကို လက်ဆုပ် ကိုင်ရမည်လို့ကို ဆုံးဖြတ်လိုက်သည် ။
" အစ်ကို ကျွန်တော် နဲ့ တကယ် တွဲမှာလား "
" ဘာလဲ မင်းကမပြေလို့လား အာ့ဒါဆိုလဲ "
" မဟုတ်ပါဘူး လန့်သွားတာ ပျော်ပြီးတော့ ဘယ်လိုကြီး ဖြစ်နေမှန်းမသိဘူး "
ပြောပြီး အဖြေပေးလိုက်ရသည့် ကိုယ်က ရှက်ချိန်ကော မူချိန်ပါမရလိုက် သူကပဲ မျက်နှာကြီး ပြုံးဖီးနေပြီးတော့ ကို ရေထဲ တစ်ကြော့ပြေးဆင်းသွားတော့သည် ။ ထိုင်နေရာကနေပဲ သဘောတကျ နဲ့ သာ ရယ်နေလိုက်မိတော့သည် ။
" အူ ဟူး အစ်ကို လာခဲ့ နောက်မှစား ရေတစ်ခေါက်လောက် ဆော့ရအောင် "
ခေါင်းခါပြီးသာ ငြင်းလိုက်ခါ မုန့်တွေသာ ဆက်စားနေလိုက်တော့သည် ။
ညနေ ( ၅ ) နာရီ လောက်ပင် ဖြစ်နေပြီ ဆင်းသွားသည့် ဒီကလေး ခုထိ ပြန်တက်မလာသေးပင် တဲတွေဆီ ဝေ့ဝဲကြည့်လိုက်ပြီးတော့ အိုက်ထွန်းဆိုသူ ကို ရှာတွေ့သည်နှင့် လာခဲ့ဖို့ မျက်လုံးနှင့်သာ ခေါ်လိုက်သည်။
" သားထူး ခုထိ အပေါ်တက်မလာသေးလို့ တစ်ချက်ကြည့်ပေးပါအုံး "
" ခွန်လေး ဟိုးရေလယ်ခေါင်နားမှာပါ တွေ့လားဗျ "
" ဘယ်လိုဖြစ်လို့ "
" စိတ်မပူပါနဲ့ အာ့နားက ရေတိမ်ပါတယ် အောက်မြေ လဲထိတယ် ကျွန်တော် လိုက်ခေါ်ပေးရမလား "
ဝတ်ဆုံ ပြည့်နဲ့ လူကို လိုက်ခေါ်ပေးဖို့ ပြောရင်လည်း လွန်ရာက ကျအုံးမည်။
" ဟော ပြန်ကူးလာပါပြီ ဆရာ့နား ကျွန်တော်ရောက်လာလို့ ဖြစ်လိမ့်မယ် "
" ဒါနဲ့ ဘယ်ချိန်ပြန်ကြမှာလဲ "
"ခွန်လေးက ဒီည ဒီမှာအိပ်ဖို့ စီစဉ်ခိုင်းထားပါတယ် ဟိုကုန်းပေါ်က အလံလွှင့်ထားတဲ့ အဆောင်လေးပါ "
ကမ်းခြေ အိမ်လေးလို ဆောက်ထားတာဖြစ်သည်၊ ချစ်ဖို့လဲကောင်းတဲ့ နေရာလေးဖြစ်နေမှာကိုကြည့်ရုံနဲ့ သိနိုင်မယ့် ပုံလေးပင် ။
" ခွန်လေး လာပါပြီ "
ရေထဲက တက်လာတဲ့ ခွန်လေး ဆိုသူကို လမ်းလျှောက်ရင်းငေးသွားသူတွေ တစ်ပုံကြီးကို ကြည့်ပြီး ကျေတော့ ကျေနပ်သလို ၊ သဝန်တိုသလို ဖြစ်မိ၏ ။ ကြည့်နေတာကို သိလို့ပဲ ပဲများနေသလို တက်လာထဲ ကမျက်နှာကြောကြီး တည်တင်းနေပြီး တည့်တည့် လျှောက်လာနေသည် ။
" အိုက်ထွန်းက ဘာကိစ္စရှိလို့လဲ "
" ကျွန်တော် ... "
" အစ်ကို မင်းကို ရှာမတွေ့တော့လို့ ခေါ်မေးလိုက်တာပါ ဘာများဖြစ်လို့လဲ "
" မဖြစ်ပါဘူး တစ်ခုခု လားလို့ မေးကြည့်တာ ခုရပြီပဲ မင်းသွားတော့လေ "
ဝင်ထိုင်လိုက်တဲ့ ခွန်လေး ကို ကြည့်နေတဲ့ မင်းသူရိန်ဆီ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီးတော့
" ဘာလို့အာ့လောက်တောင် ကြည့်နေရတာလဲ အတော်ချစ်နေပြီလား ကျွန်တော့်ကို "
" အင်း သူများတွေ ကြည့်နေကြလို့ ကြည့်ကောင်းလား ဆိုပြီး ကြည့်နေတာလေ "
" အစ်ကို့ အမြင်မှာ ကြည့်ကောင်းနေလား ဘယ်လိုလဲ "
" မဆိုးပါဘူး ဒါပေမယ့် နှမြောဖို့တော့ ကောင်းတယ် မင်းက ဂေးနေတယ် "
" ဟား ဟား ပြောတတ်ပါ့ကွာ "
ရယ်သံ အကျယ်ကြီးနဲ့ မင်းသူရိန် ပါးလေးကို ပုတ်ပြီး ပြောလာတဲ့ ခွန်လေးကို မျက်မှောင်လေးကြုတ်ကာ ပြန်ကြည့်နေလိုက်တော့သည် ။
" နေအုံးမလား နားဖို့ တက်ကြတော့မလား "
" တက်ရအောင် မင်းလဲ အဝတ်စား လဲသင့်ပြီ အစ်ကိုလဲ နည်းနည်းတော့ အေးသလားလို့ "
ချက်ချင်းနေရာမှ ထကာ မင်းသူရိန်ဆီ လက်လေးကမ်းလာသည် ။
' အင်း ကိုင်လို့ရတယ် '
မင်းသူရိန် ပြုံးလိုက်ပြီး ကမ်းလာတဲ့ ခွန်လေးရဲ့ လက်တွေကြားထဲ သူ့လက်လေးကို ထည့်လိုက်တော့၏ ။
" မနက်ဖြန် နေ့လည်လောက်မှ ပြန်မယ်နော် ဒီညတော့ ဒီမှာပဲ အိပ်ရအောင် "
ကမ်းခြေလေးမှာ လက်တွဲကာ လမ်းလျှောက်နေသည့် မင်းသူရိန်တို့အား ကြည့်နေမည့်သူ ရှိမနေပါ ။ လက်ကို တင်းတင်းကိုင်ထားသူက ခွန်စဝ်ငွေအိမ်ထူး ဆိုတာ သိလို့ ပါလိမ့်မည် ။
" တစ်လလောက် ဘယ်ကို သွားနေတာလဲ "
" အရှေ့ပိုင်းက ယာခင်း မှာ ပြသာနာသွားရှင်းတာပါ "
" အတော်ဝေးလို့ တစ်လတောင် ကြာတာလား နောက်ဆို အစ်ကိုကော လိုက်လို့ရလား "
" လိုက်ချင်လိုက်ခဲ့လေ ဒါပေမယ့် ပျင်းနေရမှာ ကျွန်တော် အာ့ရောက်ရင် သိပ်အချိန်မပေးနိုင်လို့လေ ခုတောင် လွမ်းလွန်းလို့ကို မရမက ပြန်လာခဲ့ရတာ ကျွန်တော့်ကို ကော လွမ်းမနေဘူးလား "
" အာ့ဒါကြောင့် လိုက်ခဲ့လို့ရမလား မေးနေတာလေ "
ကုန်းလေးပေါ်ပြန်တက်ဖို့ ခွန်လေးက တက်နှင့်ပြီး မင်းသူရိန်၏ လက်နှစ်ဖက်လုံးကို ကိုင်ကာ အပေါ်တက်ဖို့ ကမ်းလိုက်ခါ
" နောက်လ ဆို အစ်ကို့ အဘိုးက အနားယူမှာမို့လား သူ့နေရာဘယ်သူတက်လာမလဲ အစ်ကိုသိလား "
" အဘိုး နားမယ်ဆိုတာက ကြားပါတယ် အသက်လဲ ကြီးပြီကို ရွေးကောက်ပွဲလုပ်မယ်လို့တော့ ကြားတာပဲ ဘာလို့လဲ "
" အစ်ကို့ ကောင်လေးက ဝန်ကြီးနဲ့ လိုက်လား "
" ပေါက်ကရ ကစပြီ မင်းအသက်နဲ့ ဘယ်လိုလုပ်မလဲ ပြုတ်ကျန်ခဲ့မှာ ကျိန်းသေးပဲ "
" အထင်သေးလိုက်တာဗျာ ကျွန်တော်လည်း အာဏာညောင်းပါတယ် ဗျ "
" မင်းရဲ့ စိတ်ကူးအိမ်မက် ကို အစ်ကို မကန့်ကွက်လိုဘူး ဒါပေမယ့် ရှုပ်ထွေးလွန်းထဲ ဝင်ရောက်ဖြစ်သွားရင် ပြန်ထွက်လာဖို့ ခဲယဉ်းတယ် တန်ဖိုးရှိတာတွေ ဆုံးရှုံးရဖို့လဲ များတယ် မင်းဘာသာ ရွေးချယ်ပါ မင်းရဲ့ ဆန္ဒကို အစ်ကိုက လေးစားပြီး လက်ခံပေးမယ် "
" ကျွန်တော် ဘက်ကနေ အစ်ကို့အပေါ်ကော ဆုံးဖြတ်ချက်တွေချဖို့ အထောက်အပံ့ဖြစ်လာနိုင်လား "
" ဘာကိုလဲ "
" နောက်မှပေါ့ လာ ဒီလှေကားကနေ တက်ရမှာ "
If you like this story please vote & comment for me. 💙
Nov 20.2023Noted - ဝမ်ပုံရွာ မှာ တည်ရှိတဲ့ ဇွဲသာယာကမ်းခြေကို သဘောကျ နှစ်သက်လို့ ထည့်သွင်းရေးသားခြင်းဖြစ်ပါသည်။ မြစ်ရေသည် မဲခေါင်မြစ် တစ်ကယ် ဖြစ်ကာ တစ်ဖက်ကမ်းသည်လည်း အမှန်ကို လာအို ဖြစ်သည် ။ အလွန်သာယာပြီး အနားယူလို့ကောင်းတဲ့နေရာလေးဖြစ်ကာ အလွန်လဲ နာမည်ကြီး လူသိများပါသည်။ ကမ်းခြေတစ်ခုလုံး ကျောက်စရစ်ခဲများတကယ်ကို ရှိပါသည်။
တိုက်ဆိုင်မှု များ ရှိသော် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်မို့ နားလည်လက်ခံပေးဖို့ မျှော်လင့်ပါသည် ။