" ဘာဖြစ်တာလဲ အစ်မ "
".... "
" ဟင် အစ်မ ဘာဖြစ်တာလဲလို့ "
" ..... "
အစ်ကို့ရှေ့က လက်တို့ကိုရွေ့လိုက် မီးကို ကြည့်လိုက်သာ အားစိုက်လုပ်နေပြီး စကားပြန်မလာသည့် အစ်မဖြစ်သူအား စိတ်မရှည်တော့သည့် သားထူးကို Nicholas က လက်ကကိုင်ထားကာ
" လုပ်ပါစေ "
" မီးအားလေး နည်းနည်းတိုးကြည့်မယ်နော် "
" ..... "
" အင့် ... "
မီးတိုးလိုက်တာနဲ့ ညည်းညူသံနှင့်အတူ မျက်လုံးအစုံက မှိန်ကျသွားတော့သည် ၊ ဤသည်ကို မျက်မှောင်ကြုတ်စွာ ကြည့်နေသည့် မောင်ဖြစ်သူကိုလည်း ဂရုမစိုက်အားပါ ။
" သားထူး အစ်မတို့ မယ်ဆိုင်ဖက် ပြန်ကူးရအောင်လား "
ခေတ်လက်ကို ဖမ်းဆွဲထားသည်က သည်အခါတော့ မင်းသူရိန်လက်ဖြစ်ကာ
" အလင်းနဲ့ ပက်သက်လား "
ခေါင်းငြိမ့်ပြလိုက်ပြီး ဖမ်းဆုပ်ထားသည့်လက်အား ဆုပ်ခဲလိုက်ကာ
" ဘယ်လိုသဘောရလဲ "
နှစ်ဦးသား မျက်လုံးများနင့် စကားပြောနေသလို အကြည့်များ စူးစိုက်နေသည်ကို ဘေးရှိ လူနှစ်ယောက်က ဘာကိုမှ မသိရစွာသော်ငြား Nicholas ကတော့ သဘောပေါက်သလို ငြိမ်သက်နေသည်။
" သားထူး ကားပြင် ဆရာကိုယ်တိုင်က ဆန္ဒရှိတယ် ခုသွားမယ် ပြင် "
သားထူး အကြည့်တို့က သည်အခါတော့ အစ်ကို့ဆီတွင်ဖြစ်ကာ အစ်ကို့ဆီမှာ ခေါင်းလှုပ်ခါမသွားရင်တောင် မျက်ခွံများ မှိတ်ချပြလိုက်သည်ကို ကျိန်းသေလူတိုင်းတွေ့လိုက်သည်။
" တတ်နိုင်သမျှ လူနည်းနည်းပဲ သွားချင်တယ် ပြီးတော့ ခေတ် "
" ဟုတ် ဆရာ "
" အရိပ်ကြီး တစ်ခု တွေ့လိုက်သေးတယ် အာ့ဒီအရိပ်ကြီးရဲ့အဆုံး အလင်းတန်းကြီးက ရင်ဘတ်ထဲက နစ်နစ်ခါခါ အောင့်လာတယ် "
သူ့ရင်ဘတ်ကို ဖိလိုက်ပြီး ပြောလာသည့် ဆရာ ဆီ ချက်ချင်းရောက်သွားကာ ပုခုံးတို့ဆီ လက်တင်လိုက်ပြီးနောက်